part 51

4.7K 573 8
                                    

unicode
အပိုင်း (၅၁)

ရှောင်းယီ ကို ဒေါသဖြစ်စေသည့် နန်းပေါင်ရီ

မီးအိမ်အလင်းရောင်မှာ မှိန်ပျပျသာလင်းထိန်နေသည်။

နန်းပေါင်ရီ ကသူမ၏ပါးနှစ်ဖက်ကို အုပ်ကိုင်ထားသဖြင့် သူမမျက်နှာလေးက ခပ်မှန်မှိန်အလင်းရောင်အောက်တွင် ပျောက်ကွယ်နေသဖြင့် သူမ၏မျက်နှာအမူအရာကို သဲကွဲစွာမမြင်ရပေ။

ကျန်းယွမ့်ဝမ် က ခက်ထန်သောလေသံနှင့် ...

"ငါတို့စကားပြောနေတာ မင်းနဲ့ ဘာဆိုင်လို့လဲ ! နည်းနည်းပါးပါးမသိတတ်ဘူး မင်းမိသားစုက မင်းကို မသင်ပေးနိုင်ရင် ခဲအိုတစ်ယောက်ဖြစ်တဲ့ငါက သင်ပေးရမှာပေါ့"

နန်းပေါင်ရုံ ကို ကျန်းယွမ့်ဝမ် လှည့်ကြည့်လိုက်သည့်အခါ နူးညံ့သည့်အသွင်သို့ပြောင်းလဲသွားသည်။

"ပေါင်ရုံ ဒီနေရာမှာစကားပြောဖို့ မသင့်တော်ဘူး .. လေသာဆောင်ကို သွားကြမလား"

နန်းပေါင်ရုံ မျက်နှာက ပို၍ပင်ဖျော့တော့လာသည်။ ကျန်းယွမ့်ဝမ် ကို သူမအချိန်ကြာစွာ စိုက်ကြည့်ပြီးနောက် လှောင်ပြုံးပြုံးလိုက်လေသည်။

သူမက ထိုသူနှင့် လွန်ခဲ့သောနှစ်နှစ်က စေ့စပ်ထားခဲ့သည်။ ထိုသူကို ကြင်နာတတ်ပြီး မြင့်မြတ်ကာ အရည်အချင်းရှိသည့် သင့်တော်သူတစ်ယောက် သူမထင်ခဲ့ဖူးသည်။

သို့သော် အစေခံတစ်ယောက်နှင့် တောထဲတွင် ကိုယ်လက်နှီးနှောကြလိမ့်မည်ဟု သူမမထင်ထားခဲ့ပေ။ သူ၏အစေခံကို ကိုယ်ဝန်ရစေခဲ့သည်အပြင် သူမ၏ ညီမလေးကိုလည်း ပါးရိုက်လိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။

သူမ၏မိသားစုတွင် ကျောင်းကျောင်းမှာ မိသားစုဝင်များ၏ အချစ်တော်လေးဖြစ်သည်။ ကျန်းယွမ့်ဝမ် က ဘယ်သူမလို့ သူမရဲ့အချစ်ဆုံးညီမလေးကို ရိုက်ရဲရတာလဲ။

သူမက အေးတိအေးစက်နှင့် ကြည့်လိုက်ပြီး ...

"သခင်လေး ကျန်း မှားနေပါပြီ .. ကျောင်းကျောင်း က ခဲအိုရကောင်းရပါလိမ့်မယ် ဒါပေမယ့် အဲဒီလူက ဘယ်တော့မှ ရှင်ဖြစ်လာမှာမဟုတ်ဘူး .. ကျွန်မတို့ကြားမှာ နားလည်မှုလွဲတာရှိနိုက်ပေမယ့် ဒီညကစပြီး သခင်လေးနဲ့ ကျွန်မတို့အကြား ဘာမှပတ်သက်မှုမရှိတော့ပါဘူး"

အာဃာတပြန်တမ်းWhere stories live. Discover now