unicode
အပိုင်း (၈၀)တန်ဖိုးထားခြင်းနှင့်ထိုက်တန်သူ
ဥယျာဉ်ထဲတွင် ထိုင်ခုံများ စားပွဲများ အများအပြားရှနေပြီး ထိုင်ခုံတစ်လုံးပေါ်တွင် ရှောင်းယီ ပျင်းရိဟန်နှင့် ထိုင်လိုက်သည်။
"ရှီးခူ"
ရှောင်းယီ ခေါ်သည်ကို ရှီးခူ ချက်ချင်းနားလည်လိုက်ပြီး ၁၅မိနစ်အတွင်း ခေါင်ရန်းပန်းအိုးတစ်လုံးကို ယူလာခဲ့သည်။
အပင်မှာ လူအရပ်တစ်ဝက်မျှမြင့်မားပြီး ရွှေရောင်ဝင်းဝါနေသည့် ခေါင်ရန်းပန်းများ ပွင့်လန်းနေသည်။ ပွင့်ဖတ်များမှာလည်း ကျက်သရေအပြည့်နှင့် အလွန်လှပနေသည်။
ရှောင်းယီ လက်တစ်ဖက်နှင့် မေးထောက်လိုက်ပြီး ...
"ဒါက ရွှေခေါင်ရန်းလို့ခေါ်တယ် .. ယဲ့လန် တိုင်းပြည်က တော်ဝင်မျိုးရိုးရဲ့ ရှားပါးတဲ့ပန်းပင်ပဲ .. ဘယ်လိုထင်ပါသလဲ သခင်မလေး ရှ"
လူအများ အံ့အားသင့်ကုန်ကြလေသည်။
ယဲ့လန် တိုင်းပြည်၏ တော်ဝင်မိသားစုပိုင်ဆိုင်သည့် အလွန်ရှားပါးတန်ဖိုးကြီးလှသော ခေါင်ရန်းပန်းမှာ ရှောင်းယီ လက်ထဲ ရောက်နေလေသည်။
ထိုအဖြစ်ကိုမြင်ပြီးနောက် တစ်ခုခုကိုသတိရသွားကာ မျက်နှာအမူအရာများ ပြောင်းလဲသွားလေသည်။
ယဲ့လန် တိုင်းပြည်ကိုနှိမ်နင်းရန် စစ်ထို့လင်း အား အမိန့်ပေးစေလွှတ်သည်ကို အများကြားသိထားကြသည်။
ရှောင်းယီ က ယဲ့လန် နန်းတွင်းမှ ရွှေခေါင်ရန်းပင်ကို ရခဲ့သည်ဆိုလျှင် အခုတိုက်ပွဲတွင် ကြီးမားသောအောင်မြင်မှုကို အရယူနိုင်ခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော်လည်း ရှောင်းယီ မှာ အသက် ၁၈နှစ်သာရှိသေးသော လူငယ်တစ်ယောက်ပင်။
ယခုအခြေအနေ၏ဆိုလိုရင်းကို လူတချို့ နားလည်သဘောပေါက်နေနှင့်ကြပြီးဖြစ်သည်။
နန်း မိသားစုက ကြီးမားသော လျို့ဝှက်ဖဲကို ထုတ်ဖော်ပြသလိုက်လေပြီ။
ရှချင်ချင် မျက်နှာမှာ နက်မှောင်နေသည်။
သူမသည် အပြင်လောကအကြောင်း သေချာနားမည်သေးသဖြင့် ရှောင်းယီ မည်မျှကြောက်စရာကောင်းသည်ကို သူမမသိပေ။
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...