အပိုင်း (၂၄)
စာသင်မှာလား အလှပြိုင်မှာလား
သမီးဖြစ်သူမှ အပြစ်ပြောခံရသောကြောင့် နန်းကွမ် ခေါင်းညိတ်ကာ တိတ်ဆိတ်နေလေသည်။ ခဏအကြာတွင် ရှက်စိတ်တို့နှင့် မျက်ရည်များကျလာလေတော့သည်။
"ရှောင်မုံ့ သူ့စာချုပ်ကိုမဝှက်ထားသင့်ဘူး ကျောင်းကျောင်း ... သမီးပြောတာမှန်တယ် သမီးက းဉ်းစားတတ်တဲ့ကလေးပဲ"
နန်းပေါင်ရီ ကျောက်ဝမ် ခြံကြီးကို ပြန်ရောက်လာပြီး တိတ်ဆိတ်အေးချမ်းစွာ အိပ်ပျော်သွားတာ့သည်။
သို့သော် မနက်ရောက်သောအခါ ဟယ်ယဲ့ က ဝမ်းနည်းသောမျက်နှာနှင့် သူမကို လာနှိုးသည်။.
"သခင်မလေး .. တစ်ခုခုဖြစ်သွားတယ်"
နန်းပေါင်ရီ မူးနောက်စွာ ထထိုင်လိုက်ပြီး အဖေပြဿနာရှာခြင်းမဖြစ်စေရန် ဆုတောင်းနေမိသည်။
"ကျွန်မကြားတာ နျိုစန်း ကို နန်းယန် မနေ့ကသွားတွေ့ပြီး သူ့အမေကိုပြန်ထုတ်ပေးဖို့ပြောတာ နျိုစန်း က ရွှေစ ၃သောင်းနဲ့မှထုတ်ပေးမယ်တဲ့ ... နန်းယန် မှာ ဒီလောက်ငွေအများကြီးမရှိတော့ ချင်းချောင် တောင်ကြားကိုပြန်သွားပြီး အိမ်မှာရှိတဲ့ရတနာတွေ အဝတ်တွေအကုန် ရောင်းလိုက်တယ် ... သခင်မ လျို ကို ပြန်ထုတ်နိုင်တဲ့အထိ ရွှေစ ၃သောင်းတော့ရလိုက်တယ်
နန်းပေါင်ရီ လည်း အစေခံများကူနေသဖြင့် မျက်နှာသစ် ပလုတ်ကျင်းပြီးသွားသည်။
"ထင်ထားပြီးသားပါ"
ဟယ်ယဲ့ က ဆက်၍ ...
"မနေ့ညကလည်း အရှေ့ဘက်ဆောင်ကို နန်းယန် ရောက်လာပြီး သူ့အမေကိုယ်စားလာတောင်းပန်တယ်တဲ့ သခင်ကြီးကလည်း သူ့ကိုအရမ်းချစ်တာကို ... နန်းယန် က သူ့မျိုးရိုးနဲ့ သူ့အမေအပြစ်ကင်းတာကို သက်သေပြတဲ့အနေနဲ့ သွေးကိုဖောက်ပြီးရောစပ်ခဲ့တော့ သခင် ၃ပိုပြီး ရင်ကွဲရရော .. စစ်ပြီးတာနဲ့ နန်းယန် မေ့လဲသွားတော့ သခင် ၃လည်း ဒေါသဖြစ်ပြီး ကျင်ကွမ်း တစ်မြို့လုံးမှာရှိတဲ့ သမားတော်တွေကို အိမ်တော်ကိုပင့်လိုက်တာ တစ်ညလုံး အုံးအုံးကြွဆူနေတာပဲ"
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...