part34

5.1K 562 3
                                    

unicode
အပိုင်း (၃၄)

ရင်ကွဲနာ

နန်းကွမ် မျက်တောင်များကို တွန့်ချိုးလိုက်သည်။ ရှောင်းယီ မှာ မည်သည့်အရပ်မှလာမှန်းမသိသော အဆင့်နိမ့် မွေးစားသားတစ်ယောက်သာဖြစ်သော်လည်း ကြောက်လန့်ဖွယ်အငွေ့အသက်များနှင့် ထိုင်နေပုံမှာ တရားဝင်မိသားစုထက် ပို၍အာဏာရှိနေသည့်ပုံစံကြောင့် နန်းကွမ် လည်း အနည်းငယ်ကြောက်လန့်သွားသည်။

ထမ်းစင်ပေါ်ရှိ နန်းယန် ကလည်း သူ့ကိုအေးတိအေးစက်နှင့် ကြည့်နေသည်။

လွန်ခဲ့သည့်နှစ်ရက်က နန်းပေါင်ရီ သည် နန်းရှောင်ချန့် ကို တစ်ခုခုပြောခဲ့မည်ဖြစ်ပြီး ဆင်းရဲသောဆွေမျိုးများကိုလည်း သွေးထိုးကာ သူမအိမ်ကို ဖျက်ဆီးစေခဲ့ခြင်း ဖြစ်လိမ့်မည်။ သူမအိမ်မှာလည်း ရှုပ်ပွနေပြီး တန်ဖိုးရှိသည့်အရာမှန်သမျှ အကုန်ခိုးယူခံရသည်။

နောက်ဆုံးအကြိမ်က သူမကို မျက်နှာလိုမျက်နှာရလုပ်နေခဲ့သည့် နန်းရှောင်ချန့် သည်လည်း လူအများကိုခေါ်ကာ သူမကိုရိုက်နှက်စေသည်အထိ ရဲတင်းလာသည်။

ယနေ့ ထိုအဖြစ်အတွက် လက်စားမချေရလျှင် သူမသည် လူသားတစ်ယောက်ဖြစ်လာမည်မဟုတ်။

သူမကိုယ့်ကိုယ်ကိုအားထူလိုက်ပြီး အားနည်းနေဟန်နှင့် ...

"ဖေဖေ တကယ်လို့ ဖေဖေကြောက်နေရင် ပြန်ကြမယ်လေ .. သမီးတို့အိမ်လည်း ရှုပ်ပွနေပြီး အမေကလည်း တစ်နေ့လုံးငိုနေရတာ သမီးလည်း ဒီလိုအရိုက်ခံထားရတယ်"

သူမငိုကြွေးနေပုံက နန်းကွမ် စိတ်ထဲ ချစ်ခင်သနားစိတ်တို့ ဖြစ်သွားစေသည်။ ရင်ကိုကော့ပြီး ရှောင်းယီ ကို သစ်ကိုင်းနှင့်ချိန်ရွယ်ကာ ...

"ဒါငါတို့ နန်း အိမ်တော်ရဲ့ ကိစ္စပဲ မင်းလိုအပြင်လူက ဘာဆိုင်လို့ဝင်ရှုပ်နေတာလဲ ... နန်းပေါင်ရီ ကို မထုတ်ပေးရင် လူတွေကို အထဲဝင်ခိုင်းလိုက်မယ် !"

ရှောင်းယီ လှောင်ရယ်လိုက်ပြီး ....

"ဦးလေး ၃ လုပ်နိုင်ရင် ကြိုးစားကြည့်လေ"

နန်းကွမ် စိတ်တိုသွားသဖြင့် အသက်ရှူနှုန်းတို့မြန်လာလေသည်။ စာဖတ်ခန်းကို လက်ညိုးငေါက်ငေါက်ထိုးရင်း အော်ပြောပြန်သည်။

အာဃာတပြန်တမ်းWhere stories live. Discover now