unicode
အပိုင်း (၆၀)နန်းပေါင်ရီ ကို ထောက်ပံ့နိုင်သူ
"ငါက မွေးစားသားဆိုတော့ သူများအထင်သေးတာခံရပြီး တစ်ခုခုဆိုတာနဲ့ သူတို့မလုပ်ချင်တဲ့အလုပ်ကို ငါ့ကိုပဲ လုပ်ခိုင်းကြတယ် .. ဒီတော့ စာကူးရေးပြီး စကားပြေပြန်ရတဲ့အလုပ်က နောက်ဆုံးငါ့ဆီပဲရောက်လာတာပေါ့"
နန်းပေါင်ရီ အနည်းငယ်ရှက်မိသွားသည်။
အရင်က ရှောင်းယီ ကိုအနိုင်ကျင့်ခဲ့ကြသူများထဲတွင် သူမလည်းပါခဲ့သည်မဟုတ်လား။
ရှောင်းယီ က ရေနွေးကြမ်းယူသောက်ရင်း ဆက်ပြောသည်။
"အဲဒီလိုရှည်လျားလှတဲ့ ဆောင်းတွင်းဘက်ကြီးမှာ စာလုံးပေါင်း ၅သိန်း၅သောင်းလောက်ကို ငါစကားပြေပြန်ခဲ့ရတယ် .. အဲဒါတွေနဲ့ဆိုင်တဲ့ မူရင်းစာအုပ်တွေတောင် ဖတ်ခဲ့သေးတယ် .. နှင်းကိုက်တဲ့ဒဏ်ခံခဲ့ရပေမယ့် ငါ့ရဲ့ စာအရေးအသားကလည်း သိသိသာသာတိုးတက်ခဲ့တယ်.. နောက်ပိုင်း ကျမ်းစာနဲ့သမိုင်းကြောင်းကိုလဲ တော်တော်စေ့စေ့စပ်စပ် သိလိုက်ရတယ် ... ငါ့အိမ်စာက တစ်ကျောင်းလုံးမှာ အကောင်းဆုံးအိမ်စာပဲ"
သူက နန်းကျောင်းကျောင်း ၏ နဖူးပြင်ကိုထိရန် လက်ဆန့်လိုက်ပြီး
"ဒီတော့ နန်းကျောင်းကျောင်း .. ဘယ်နေရာမှာပဲဖြစ်ဖြစ် သင်ယူစရာတော့အမြဲရှိတယ်"
နန်းပေါင်ရီ နားလည်သွားသည်။
ဒီအမတ်လောင်းက ကိုယ်ရည်သွေးရန်အတွက်သာ ငွေစာရင်းများကိုလုပ်နေခြင်းဖြစ်သည်။
"ညီမလေးကို လာမထိနဲ့"
ရှောင်းယီ လက်ကိုရှောင်လိုက်ပြီး တိုးလျသည့်အသံဖြင့်
"ဒါပေမယ့် ခုလိုငွေစာရင်းတွေအများကြီးမြင်ရတော့ ဘာအကျိုးရှိမှာလဲ ... အစ်ကိုက နောက်ကျရင် စာရင်းကိုင်ဖြစ်လာမှာမှမဟုတ်တာ"
"အိမ်အသုံးစရိတ်ဆိုလည်း စာရင်းစစ်ဖို့လိုတယ်.. တိုက်ပွဲထွက်မယ့်စစ်တပ်ကလည်း စာရင်းစစ်ဖို့လိုတယ် .. နိုင်ငံရေး တရားစီရင်ရေး အကုန်လုံးမှာ စာရင်းစစ်ဖို့လိုတယ် .. အဲဒီတော့ ဒီလိုကျွမ်းကျင်မှုရှိထားဖို့ အရေးကြီးလား မကြီးဘူးလား"
ŞİMDİ OKUDUĞUN
အာဃာတပြန်တမ်း
Tarihi Kurguဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...