Part 196

3.5K 345 5
                                    

Unicode

အပိုင်း (၁၉၆)
သူက ခေါင်းကိုငုံ့ပြီး အနမ်းတစ်ပွင့် ခြွေလိုက်တယ်

သန်းခေါင်ယံတိုင်ခဲ့ပြီ….

ပြတင်းရဲ့ အပြင်ဘက်မှာတော့ နှင့်ပွင့်တွေ ဝေနေသည်။ ကျကွဲနေတဲ့ မီးအိမ်လေးရဲ့ အလင်းနဲ့ အရိပ်တွေ ကြားမှာ ပန်းပွင့်ချပ်တွေကလည်း သွေးစွန်းနေပြီး နှင်းပွင့်လေးတွေတောင် သွေးစက်တွေ စွန်းပေနေသည်။

တိုက်ခိုက်နေသံတွေက တဖြည်းဖြည်း လွင့်ပြယ်လာပြီး မြောက်ပြန်လေရဲ့ သားရဲကြီး တစ်ကောင်လို အော်မြည်သံကသာ ကြီးစိုးနေတော့သည်။

“ပြီးသွားပြီလား….”

ဟယ်ယဲ့က လေသံဖွဖွဖြင့် ရေရွတ်သည်။

မျက်ရည်စက်တွေ စိုလူးနေပြီး မျှော်လင့်ချက် တစ်စွန်းတစ်စနဲ့ လင်းလက်လာတဲ့ အစေခံတွေရဲ့ မျက်နှာပေါ်ကို အခိုးထွက်နေတဲ့ မီးအိုးလေးရဲ့ အလင်းရောင်က ဖြန့်ကြက် သွားသောအခါ အားလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

နန်းပေါင်ရီက ရွှေဆံထိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားဆဲဖြစ်ပြီး မျက်လုံးရွှဲကြီးများမှာ ဗျာပါများ နေဟန်။

ရုတ်တရက် အပြင်ဘက်ဆီက ခြေသံကို ကြားလိုက်ရသည်။

နန်းပေါင်ရီက မသိစိတ်ရဲ့ လှုံ့ဆော်မှုနဲ့ ရွှေဆံထိုးကို ခပ်တင်းတင်း ဆုပ်ထားပြီး ခန္ဓာကိုယ် တစ်ခုလုံးက လေးကြိုး တစ်ချောင်းလို ဆန့်သွားသည်။

သူမ ခေါင်းကို ပင့်မော့ပြီး ကြည့်လိုက်သောအခါ ယွီဝေ့က ချပ်ကပ်နေတဲ့ ဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသေသပ်စွာနဲ့ အိပ်ခန်းထဲကို ပြေးဝင်လာသည်။

သူမရဲ့ရှေ့မှာ ဒူးတစ်ဖက် ထောက်ထိုင်လိုက်ပြီး လက်တွေကို ကွေးညွှတ်ရင်း “စုစုပေါင်း ဓါးပြ ကိုးရာ သုံးဆယ့်ကိုးယောက်ကို သုတ်သင် လိုက်ပါတယ်၊ သခင်မကြီး၊ သခင်ကြီး ၂၊ သခင်ကြီး ၃နဲ့ တခြားသူတွေ အားလုံး တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရပါဘူး၊  သခင်လေးက မမလေးစိုးရိမ်ဖို့ မလိုတော့ဘူးလို့ အမှာ ပါးလိုက်ပါတယ်”

အာဃာတပြန်တမ်းWhere stories live. Discover now