Part 8

5.9K 611 3
                                    

အပိုင်း (၈)
စွပ်စွဲချက်အမှား

"ဒါပေါ့ .. အစ်ကို ၂ ကူညီပေးလိုက်လို့ သူ့အတွက် လက်ဆောင်လေး လာဝယ်ပေးတာ"

နန်းပေါင်ရီ စကားပြောလျက် နန်းယန် ကို အသာခိုးကြည့်လိုက်သည်။

အတိတ်ဘဝတွင် နန်းယန် သည် ထူးချွန်ထက်မြက်ပြီး အထင်ကြီးစရာကောင်းလှသည်။ အခုမှာ ၁၃နှစ်အရွယ် ငယ်ရွယ်သောမိန်းကလေးတစ်ယောက်ဖြစ်နေပြီး အခြေအနေတစ်ခုခုကို တည်တည်ငြိမ်ငြိမ်နှင့် ဣန္ဒြေရှိစွာ မရင်ဆိုင်နိုင်သေးပေ။ သူမမျက်နှာရဲနေသည်ကိုတွေ့ရသဖြင့် ရှက်ကိုးရှက်ကန်းဖြစ်နေမည်ဟု နန်းပေါင်ရီ တွေးလိုက်သည်။

နန်းပေါင်ရီ မင်ဖျော်ကျောက်ကိုကြည့်ကာ ကောင်းသည်ဆိုးသည်ကို သူမမခွဲခြားတတ်သော်လည်း တန်ဖိုးကြီးသည်ကိုသာသိရပြီး တန်ဖိုးကြီးသောအရာများသည် အရည်အသွေးမညံ့နိုင်ပေ။

သူမအိတ်ငယ်ထဲမှ ရွှေစ ၁၀၀၀နှင့်ညီမျှသော ငွေစက္ကူတို့ကိုထုတ်လိုက်ပြီး ...

"ဒါကို ငါ့အတွက်ထုပ်လိုက်"

နန်းယန် ကြာရှည်စွာ မျက်စိကျနှစ်သက်ခဲ့ရသော မင်ဖျော်ကျောက်လေးကို နန်းပေါင်ရီ ဝယ်ယူသွားသည်ကိုကြည့်နေရင်း သူမနှလုံးသားနာကျင်လာသော်လည်း ဘာမှမပြောဘဲတိတ်တိတ်နေလေသည်။

ဆိုင်ရှင်ကလည်း ပြုံးလိုက်ပြီး ...

"ပထမတရားဝင်အိမ်သူဇနီးရဲ့သမီးနဲ့ မောင်းမရဲ့သမီးတို့က တော်တော်ကွာခြားတာပဲ ... စိတ်သဘောထားကိုလည်းကြည့်ပါဦး ဒီဆိုင်က လျော့ဈေးမပေးတတ်တာကို ကျင်ကွမ်း တစ်မြို့လုံးကလူတွေအကုန် သိတယ် .. မတတ်နိုင်ဘဲ ဈေးဆစ်ကြတဲ့သူတွေက ဈေးပျက်က တစ်ကိုယ်ကောင်းဆန်တဲ့မိန်းမနဲ့ ဘာမှမခြားနားဘူး .. ဆိုရိုးရှိသလိုပဲပေါ့ နဂါးက နဂါးအမွေဆက်ခံသလို မီးငှက်ကလည်း မီးငှက်အမွေဆက်ခံပေမယ့် ကြွက်ရဲ့မျိုးဆက်ကတော့ တွင်းတူးဖို့ပဲသိတယ်တဲ့ ဒါမှမှန်နေတာပဲမလား"

ဆိုင်ရှင်က နန်းယန် ကို နှိမ်ချလိုက်သည်။ နန်းယန် ၏ အမေ မိန်းကလေး လျို လည်း ကျင်ကွမ်းမြို့တွင် နာမည်ကျော်ခဲ့ဖူးသည်။ ထိုနှစ်တွင် သခင်မကြီးက မိသားစုတွင်း မဝင်ရောက်နှင့် ငွေကြေးအမြောက်အမြားပေးကာ ထွက်သွားရန် အမိန့်ပေးခဲ့သည်။ ထိုငွေတို့ကို သူမလက်ခံခဲ့ပြီး အမိန့်စကားအတိုင်း ထွက်သွားခဲ့သည်။ နောက်တွင် သူမပြန်ရောက်လာခဲ့ပြီး နန်း အိမ်တော် တတိယသခင်၏ ဇနီးဖြစ်လိုစိတ်ကြီးမားနေသည်ကို နန်း အိမ်တော်မှ သိလိုက်ရသည်။ မိန်းကလေး လျို သည် တတိယသခင်၏ထိမ်းမြားပွဲကျင်းပချိန်တွင်လည်း နန်း အိမ်တော်ရှေ့တွင် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ရန် ကြိုးစားခဲ့ဖူးသည်။

အကောင်းဘက်မှကြည့်လျှင် သူမ၏အချစ်သည် ကြီးမားခိုင်မာပြီး အဆိုးဘက်မှကြည့်လျှင် သူမသည် အလွန်ခေါင်းမာပြီး အရှက်ကင်းမဲ့လှသည်။

နန်းယန် မျက်နှာလည်း နီရဲသွားပြီး မျက်ရည်တို့လည်း ကျဆင်းလာသည်။ နန်းပေါင်ရီ ကို သူမဘက်မှပြောပေးကာ ကာကွယ်လိုကာကွယ်ငြား သနားစဖွယ်နှင့်ကြည့်သောအခါ နန်းပေါင်ရီ ရယ်လိုက်မိသည်။ နန်းယန် က သူမကို အတိတ်ဘဝကဲ့သို့ ကောင်းမွန်သည့်ညီအစ်မဟု ထင်နေသေးသည်။

ထုပ်ထားသောမင်ကျောက်ကိုယူသွားရန် ဟယ်ယဲ့ ကို နန်းပေါင်ရီ ပြောလိုက်ပြီး ယဉ်ကျေးစွာနှင့် ....

"အေးဆေးအချိန်ယူလိုက်ဦးနော် မမ .. ညီမလေးလုပ်စရာတွေရှိသေးလို့ အရင်သွားနှင့်ပြီ"

နန်းယန် သတိလွတ်စွာဖြင့် နန်းပေါင်ရီ နောက်မှလိုက်ပြီး ဆိုင်အပြင်ဘက်ရောက်သွားသောအခါ နန်းပေါင်ရီ ကို အစေခံက ထိန်းကိုင်ပေးရင်း လှည်းပေါ်တက်သွားသည်ကိုမြင်လိုက်ရသည်။

ထိုလှည်းသည် ကျယ်ဝန်းကာတန်ဖိုးကြီးလှပြီး ထောင့်လေးခုတွင်လည်း မီးပုံးငယ်လေးများကို ရွှေပိုးကြိုးနှင့် ချိတ်ဆွဲထားသည့်အပြင် ပြတင်းပေါက်ကန့်လန့်ကာများကိုလည်း လှပစွာတပ်ဆင်ထားပြီး လှည်ယအတွင်းတွင် သက်တောင့်သက်သာရှိမည့်ပုံပင်။ နန်းယန် စိတ်တိုကာ လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။

သူမ၏အစေခံကလည်း စိတ်တိုစွာနှင့် ...

"သခင်မလေးတို့နှစ်ယောက်လုံး သခင်ကြီးရဲ့ သမီးတွေဖြစ်နေရက်နဲ့ သခင်မလေးက ချွေတာသုံးနေရတဲ့အချိန်မှာ သူကဘာကြောင့်နဲ့များ ဒီလိုလှည်းအကောင်းစားနဲ့သွားလာနေပြီး တန်ဖိုးကြီးတဲ့မင်ကျောက်ကိုလည်း နှစ်ခါတောင်မတွေးဘဲ ဝယ်နိုင်ရတာလဲ .. ဒါလုံးဝမတရားဘူး"

"သူက ပထမဇနီးရဲ့သမီးဖြစ်နေတာကို"

"သူ့ဘာသာသူ ဇနီးဦးရဲ့သမီးဖြစ်တော့ရော ဘာဖြစ်လို့လဲ"

အစေခံက နန်းယန် အတွက် စိတ်မကောင်းဖြစ်သွားပြီး ...

"နန်း မိသားစုက ပညာပါရမီမရှိကြဘူးလို့ ပြောသံကြားနေတာ .. သခင်မလေးနဲ့ သခင်လေးကတော့ သူတို့နဲ့မတူဘူး သခင်မလေးဆိုရင် အနုပညာလေးရပ်ကိုတတ်ကျွမ်းပြီး သခင်လေးကလည်း စာသင်ကျောင်းမှာ အဆင့်တွေကောင်းနေတာ ... သခင်မလေးတို့နှစ်ယောက်လုံးက နန်း အိမ်တော်ရဲ့ မြေးတွေထဲမှာ အထက်မြက်ဆုံးဆိုပေမယ့် အိမ်တော်ထဲကို ဝင်ခွင့်မရကြဘူး .. တကယ်လို့ သခင်မလေးသာ နန်း အိမ်တော်ထဲတွင်ဝင်ပြီး သခင်မကြီးနားနေတာများရင် သခင်မကြီးလည်း သဘောကျလာမှာပဲလေ"

နန်းယန် ၏အမူအရာ ပြောင်းလဲသွားသည်။

အကယ်၍ သူမသာ နန်း အိမ်တော်သို့ ဝင်ခွင့်ရခဲ့လျှင် ...

သူမ၏မျက်လုံးတို့ အရောင်လက်သွားသည်။ နောက်လတွင် သူမ၏မိဘတို့ လက်ထပ်ထိမ်းမြားကြတော့မည်ဖြစ်သောကြောင့် သူမအနေနှင့် အိမ်တော်ထဲသို့ စောစောဝင်ရောက်သည်က မမှားဘူးမဟုတ်လား။

သူမလည်း စိတ်တက်ကြွသွားပြီး ပျော်ရွှင်စွာနှင့် ...

"အဖေ့ကိုသွားတွေ့ရအောင်"

ချင်းချောင် တောင်ကြားရှိ သူမ၏အိမ်ငယ်လေးဆီကို ပြန်လာခဲ့ချိန်တွင် သူမ၏အမေမှာ ဖဲသားအထည်များ ထွက်ဝယ်နေပြီး ဖခင်မှာ ခြံထဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။

"ဖေဖေ"

နန်းယန် ဒူးထောက်ချကာ ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ နန်းကွမ် က တောက်ပစွာပြုံးလိုက်ပြီး ....

"ယန်အာ ပြန်လာပြီလား .. သမီးအစ်ကိုအတွက်ရော လက်ဆောင်ဝယ်လို့ရခဲ့ရဲ့လား"

နန်းယန် စိတ်ထဲမှနေ၍ အဖေက ရွှေစ ၅၀တည်းပေးတာ ဘာလက်ဆောင်ဝယ်လို့ရမှာလဲဟု တွေးလိုက်သည်။

သူမရိုကျိုးစွာ အရှေ့တိုးလာပြီး ....

"အစ်ကိုအတွက် ဖျံနီညိုအမွေးနဲ့ လုပ်ထားတဲ့စုတ်တံနဲ့ အနံ့မွှေးတဲ့မင်ဘူး ဝယ်လာခဲ့တယ် .. ပိုတဲ့ငွေနဲ့ ဖူဝေ့ အိမ်က ဖေဖေကြိုက်တဲ့ သစ်ကြားသီးအစာသွပ်ဝယ်လာတယ်"

"ယန်အာ က အစ်ကိုအတွက် လက်ဆောင်ဝယ်ပေးတာ အဖေ့အတွက်ပါ စဉ်းစားပေးတယ် .. လာ အတူတူစားရအောင်"

နန်းယန် ဘေးတွင်ထိုင်လိုက်ပြီး နွေးထွေးစွာနှင့် ...

"ဖေဖေ သမီးဒီနေ့ ပေါင်ရီ နဲ့တွေ့လာခဲ့တယ် စကားတွေအများကြီးပြောကြရင်း သူသမီးကို တော်တော်သဘောကျသွားတယ်"

"သမီးတို့အဆင်ပြေနေကြတယ်ဆိုတော့ အဖေလည်း ဝမ်းသာလိုက်တာ"

"ဒါပေမယ့် ..."

နန်းယန် က တစ်ခုခုဆက်ပြောချင်သော်လည်း တုံ့ဆိုင်းနေသဖြင့် နန်းကွမ် က စိုးရိမ်သွားပြီး ....

"ဒါပေမယ့် ဘာဖြစ်လို့လဲ"

"ဖေဖေ .. ပေါင်ရီ က နှစ်ခါတောင် မစဉ်းစားဘဲ ရွှေစ ၁၀၀၀ကိုသုံးပစ်လိုက်တယ် .. ဘွားဘွားက သူ့ကိုအရမ်းချစ်ပြီး မုန့်ဖိုးလည်းအများကြီးပေးတာကိုတော့ နားလည်ပါတယ် ဒါပေမယ့် ဒါက အများကြီးဖြုန်းတီးရာရောက်နေပြီ သမီးရဲ့အဆင့်နဲ့ သူ့ကိုဘာမှလည်းပြန်မပြောနိုင်ဘူး ... တကယ်လို့ သမီးက သူ့ရဲ့တရားဝင်အစ်မဖြစ်သွားပြီဆိုရင် စဉ်းစားပြီး ချွေတာသုံးဖို့ ဖေဖေ့ကိုယ်စား အကြံပေးလို့ရတယ်လေ"

ရွှေစ ၁၀၀၀ !။ နန်းကွမ် သက်ပြင်းချလိုက်မိသည်။

မိုးနတ်မင်းကြီး သူ့ကိုငဲ့ညှာပေးတော်မူပါ။ သူ့ထံတွင် အမြှောင်ဇနီးတစ်ယောက်ရှိနေကြောင်း သူ၏အမေ သိလိုက်သည့်အချိန်မှစ၍ မိသားစုပိုင်ဥစ္စာပစ္စည်းများကို သုံးခွင့်မရှိတော့ပေ။ နန်းကွမ် သည် တစ်လတစ်ခါ နန်းတွင်းအစိုးရမှ ရွှေစ ၂၀၀ သာရပြီး သူငယ်ချင်းများနှင့်အတူ ပျော်ပါးစားသောက်ပြီးနောက် အနည်းငယ်သာကျန်ခဲ့သဖြင့် ရှောင်မုံ့၊ နန်းယန် တို့နှင့်အတူ ချွေတာစွာသုံး၍ နေ့ရက်များစွာ ကုန်ဆုံးခဲ့ရသည်။

ဖခင်တစ်ယောက်ဖြစ်သူပင် ရွှေစ ၁၀၀၀မရပေ။ နန်းပေါင်ရီ အလွန်လက်ဖွာလှသည်။

"အဓိပ္ပါယ်မရှိတာတွေ !"

နန်းကွမ် ရင်နာစွာဖြင့် စားပွဲကိုရိုက်လိုက်သည်။

"မိန်းကလေးတစ်ယောက်က အဲဒီလောက်ငွေအများကြီး မရှိသင့်ဘူးလို့ သမီးရဲ့အဘွားကိုအမြဲပြောတာ သမီးအဘွားက နားမထောင်ဘူး သမီးရဲ့အဒေါ်ကလည်း အမြဲတမ်းပိုက်ဆံတွေပေးနေတာ ... အဲဒါရွှေစ ၁၀၀၀တောင်လေ !"

ရွှေစ ၁၀၀၀သည် ဆောင်ကြာမြိုင်တွင် လွတ်လပ်စွာ အချိန်ကြာကြာနေနိုင်သည်အထိ သူ့အတွက်ပင် လုံလောက်သည်။

နန်းယန် လက်ဖက်ရည်ထပ်ငှဲ့ပေးလိုက်ပြီး ...

"တကယ်လို့ ယန်အာ မှာသာ ဒီလောက်ငွေရှိခဲ့ရင် ဖေဖေနဲ့ ဘွားဘွားကိုပြုစုပေးဖို့အတွက်ပဲသုံးပြီး ဖြုန်းတီးပစ်မှာမဟုတ်ဘူး"

"လိမ္မာလိုက်တဲ့သမီးလေး"

နန်းကွမ် သူမခေါင်းကိုပုတ်လိုက်ပြီး စိတ်ထဲမှလည်း ကြည်နူးနေမိသည်။

"ကျောင်းကျောင်း က အဘွားရဲ့အလိုလိုက်ခံထားရတော့ ပျက်စီးနေပြီ ဘေးကနေ သင်ပြဆုံးမပေးမယ့်သူလည်းမရှိဘူး ... သမီးရဲ့အမေက နောက်လဆို အိမ်တော်ထဲဝင်ရမှာပဲဆိုတော့ သမီးလည်း ပိုင်တာတွေသိမ်းပြီး အိမ်တော်ထဲအရင်သွားလိုက် ပြီးရင် ကျောင်းကျောင်း ကိုလည်း အဖေတို့မရောက်လာခင် သင်ပေးထားလိုက်ဦး"

"အဲဒါ သင့်တော်ပါ့မလား .. ဘွားဘွားက သမီးကို သဘောမကျဘူးဆိုတော့ သမီးအတွက် နေရာမပေးလောက်ဘူးထင်တယ်"

နန်းယန် မော့ကြည့်ကာ မေးလိုက်သည့်အခါ နန်းကွမ် က အလေးအနက်ထားကာ ...

"သမီး ကျင်းရီ ဆောင်မှာပဲ ကျောင်းကျောင်း နဲ့ အတူနေလိုက် ဒါဆို ဆုံးမရတာပိုလွယ်သွားမယ် ... အဲဒီကလေးမက အလိုလိုက်ခံရလို့ဆိုးနေတာ သူ့ကိုအလိုလိုက်နေရင် သမီးကို အစ်မတစ်ယောက်အနေနဲ့ အဖေဆူမှာနော်"

"စိတ်ချပါ ဖေဖေ .. သမီး သူ့ကို သေချာသွန်သင်ပေးပါ့မယ်"

နန်းယန် ယဉ်ကျေးစွာဒူးကိုညွှတ်ကာ ခေါင်းငုံ့ထားရင်း သူမအကြံအောင်မြင်သွားသောကြောင့် ပျော်နေလေသည်။

သူမသည် နန်း အိမ်တော်တွင် တရားဝင်နေထိုင်ခွင့်ရလျှင် သခင်မကြီး၏ ထောက်ပံ့မှုများနှင့် ချစ်ခင်မှုတို့ကို သူမရရှိလာနိုင်သည်။ အနာဂတ်တွင် နန်းပေါင်ရီ ပိုင်ဆိုင်ရမျှကို သူမလည်းပိုင်ဆိုင်နိုင်လိမ့်မည်။ အိမ်ရှိအကြီးအကဲများထံမှ ဆုငွေများလည်းရလာနိုင်သဖြင့် အပြင်တွင်နေထိုင်ရခြင်းထက် ပိုသာလွန်သည်မဟုတ်လား"

တစ်ဖက်တွင်လည်း နန်းပေါင်ရီ မင်ဖျော်ကျောက်ကို ဂရုတစိုက်ကိုင်ယူပြီး ကျင်းရီ ဆောင်သို့ပြန်ရောက်လာသည်။ ဟယ်ယဲ့ မှာ စိုးရိမ်တကြီးနှင့် ....

"သခင်မလေး .. ဒါက အတွင်းချိုင့်ဝင်နေတဲ့ ကျောက်မီးသွေးခဲနဲ့မတူဘူးလား .. ရွှေစ ၁၀၀၀တောင်ဆိုတော့ ဆိုင်ရှင်ကများ လိမ်ရောင်းလိုက်တာလား"

"စာပေပစ္စည်းတွေက အမြဲတန်ဖိုးကြီးတယ်လေ"

နန်းပေါင်ရီ ဂရုစိုက်စွာ မင်ဖျော်ကျောက်ကို စားပွဲပေါ်တင်လိုက်ပြီး ဟယ်ယဲ့ကို အမိန့်ပေးလိုက်သည်။

"ငါ့ရဲ့တန်ဖိုးအကြီးဆုံးရတနာတွေကိုပါယူလာခဲ့ .. ငွေဘယ်လောက်ရမလဲတွက်ချင်တယ်"

ရွှေစ ၁သောင်းမှာ ပမာဏမနည်းလှသဖြင့် သူမအနေနှင့် သတိကြီးကြီးထားကာ တိုးမြှင့်ရန်လိုအပ်သည်။
Zawgyi
အပိုင္း (၈)
စြပ္စြဲခ်က္အမွား

"ဒါေပါ့ .. အစ္ကို ၂ ကူညီေပးလိုက္လို႔ သူ႕အတြက္ လက္ေဆာင္ေလး လာဝယ္ေပးတာ"

နန္းေပါင္ရီ စကားေျပာလ်က္ နန္းယန္ ကို အသာခိုးၾကည့္လိုက္သည္။

အတိတ္ဘဝတြင္ နန္းယန္ သည္ ထူးခြၽန္ထက္ျမက္ၿပီး အထင္ႀကီးစရာေကာင္းလွသည္။ အခုမွာ ၁၃ႏွစ္အ႐ြယ္ ငယ္႐ြယ္ေသာမိန္းကေလးတစ္ေယာက္ျဖစ္ေနၿပီး အေျခအေနတစ္ခုခုကို တည္တည္ၿငိမ္ၿငိမ္ႏွင့္ ဣေႁႏၵ႐ွိစြာ မရင္ဆိုင္ႏိုင္ေသးေပ။ သူမမ်က္ႏွာရဲေနသည္ကိုေတြ႕ရသျဖင့္ ႐ွက္ကိုး႐ွက္ကန္းျဖစ္ေနမည္ဟု နန္းေပါင္ရီ ေတြးလိုက္သည္။

နန္းေပါင္ရီ မင္ေဖ်ာ္ေက်ာက္ကိုၾကည့္ကာ ေကာင္းသည္ဆိုးသည္ကို သူမမခြဲျခားတတ္ေသာ္လည္း တန္ဖိုးႀကီးသည္ကိုသာသိရၿပီး တန္ဖိုးႀကီးေသာအရာမ်ားသည္ အရည္အေသြးမညံ့ႏိုင္ေပ။

သူမအိတ္ငယ္ထဲမွ ေ႐ႊစ ၁၀၀၀ႏွင့္ညီမွ်ေသာ ေငြစကၠဴတို႔ကိုထုတ္လိုက္ၿပီး ...

"ဒါကို ငါ့အတြက္ထုပ္လိုက္"

နန္းယန္ ၾကာ႐ွည္စြာ မ်က္စိက်ႏွစ္သက္ခဲ့ရေသာ မင္ေဖ်ာ္ေက်ာက္ေလးကို နန္းေပါင္ရီ ဝယ္ယူသြားသည္ကိုၾကည့္ေနရင္း သူမႏွလုံးသားနာက်င္လာေသာ္လည္း ဘာမွမေျပာဘဲတိတ္တိတ္ေနေလသည္။

ဆိုင္႐ွင္ကလည္း ျပဳံးလိုက္ၿပီး ...

"ပထမတရားဝင္အိမ္သူဇနီးရဲ႕သမီးနဲ႔ ေမာင္းမရဲ႕သမီးတို႔က ေတာ္ေတာ္ကြာျခားတာပဲ ... စိတ္သေဘာထားကိုလည္းၾကည့္ပါဦး ဒီဆိုင္က ေလ်ာ့ေဈးမေပးတတ္တာကို က်င္ကြမ္း တစ္ၿမိဳ႕လုံးကလူေတြအကုန္ သိတယ္ .. မတတ္ႏိုင္ဘဲ ေဈးဆစ္ၾကတဲ့သူေတြက ေဈးပ်က္က တစ္ကိုယ္ေကာင္းဆန္တဲ့မိန္းမနဲ႔ ဘာမွမျခားနားဘူး .. ဆို႐ိုး႐ွိသလိုပဲေပါ့ နဂါးက နဂါးအေမြဆက္ခံသလို မီးငွက္ကလည္း မီးငွက္အေမြဆက္ခံေပမယ့္ ႂကြက္ရဲ႕မ်ိဳးဆက္ကေတာ့ တြင္းတူးဖို႔ပဲသိတယ္တဲ့ ဒါမွမွန္ေနတာပဲမလား"

ဆိုင္႐ွင္က နန္းယန္ ကို ႏွိမ္ခ်လိုက္သည္။ နန္းယန္ ၏ အေမ မိန္းကေလး လ်ိဳ လည္း က်င္ကြမ္းၿမိဳ႕တြင္ နာမည္ေက်ာ္ခဲ့ဖူးသည္။ ထိုႏွစ္တြင္ သခင္မႀကီးက မိသားစုတြင္း မဝင္ေရာက္ႏွင့္ ေငြေၾကးအေျမာက္အျမားေပးကာ ထြက္သြားရန္ အမိန္႔ေပးခဲ့သည္။ ထိုေငြတို႔ကို သူမလက္ခံခဲ့ၿပီး အမိန္႔စကားအတိုင္း ထြက္သြားခဲ့သည္။ ေနာက္တြင္ သူမျပန္ေရာက္လာခဲ့ၿပီး နန္း အိမ္ေတာ္ တတိယသခင္၏ ဇနီးျဖစ္လိုစိတ္ႀကီးမားေနသည္ကို နန္း အိမ္ေတာ္မွ သိလိုက္ရသည္။ မိန္းကေလး လ်ိဳ သည္ တတိယသခင္၏ထိမ္းျမားပြဲက်င္းပခ်ိန္တြင္လည္း နန္း အိမ္ေတာ္ေ႐ွ႕တြင္ ကိုယ့္ကိုယ္ကို ေသေၾကာင္းၾကံစည္ရန္ ႀကိဳးစားခဲ့ဖူးသည္။

အေကာင္းဘက္မွၾကည့္လွ်င္ သူမ၏အခ်စ္သည္ ႀကီးမားခိုင္မာၿပီး အဆိုးဘက္မွၾကည့္လွ်င္ သူမသည္ အလြန္ေခါင္းမာၿပီး အ႐ွက္ကင္းမဲ့လွသည္။

နန္းယန္ မ်က္ႏွာလည္း နီရဲသြားၿပီး မ်က္ရည္တို႔လည္း က်ဆင္းလာသည္။ နန္းေပါင္ရီ ကို သူမဘက္မွေျပာေပးကာ ကာကြယ္လိုကာကြယ္ျငား သနားစဖြယ္ႏွင့္ၾကည့္ေသာအခါ နန္းေပါင္ရီ ရယ္လိုက္မိသည္။ နန္းယန္ က သူမကို အတိတ္ဘဝကဲ့သို႔ ေကာင္းမြန္သည့္ညီအစ္မဟု ထင္ေနေသးသည္။

ထုပ္ထားေသာမင္ေက်ာက္ကိုယူသြားရန္ ဟယ္ယဲ့ ကို နန္းေပါင္ရီ ေျပာလိုက္ၿပီး ယဥ္ေက်းစြာႏွင့္ ....

"ေအးေဆးအခ်ိန္ယူလိုက္ဦးေနာ္ မမ .. ညီမေလးလုပ္စရာေတြ႐ွိေသးလို႔ အရင္သြားႏွင့္ၿပီ"

နန္းယန္ သတိလြတ္စြာျဖင့္ နန္းေပါင္ရီ ေနာက္မွလိုက္ၿပီး ဆိုင္အျပင္ဘက္ေရာက္သြားေသာအခါ နန္းေပါင္ရီ ကို အေစခံက ထိန္းကိုင္ေပးရင္း လွည္းေပၚတက္သြားသည္ကိုျမင္လိုက္ရသည္။

ထိုလွည္းသည္ က်ယ္ဝန္းကာတန္ဖိုးႀကီးလွၿပီး ေထာင့္ေလးခုတြင္လည္း မီးပုံးငယ္ေလးမ်ားကို ေ႐ႊပိုးႀကိဳးႏွင့္ ခ်ိတ္ဆြဲထားသည့္အျပင္ ျပတင္းေပါက္ကန္႔လန္႔ကာမ်ားကိုလည္း လွပစြာတပ္ဆင္ထားၿပီး လွည္ယအတြင္းတြင္ သက္ေတာင့္သက္သာ႐ွိမည့္ပုံပင္။ နန္းယန္ စိတ္တိုကာ လက္ကိုင္ပုဝါကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားလိုက္သည္။

သူမ၏အေစခံကလည္း စိတ္တိုစြာႏွင့္ ...

"သခင္မေလးတို႔ႏွစ္ေယာက္လုံး သခင္ႀကီးရဲ႕ သမီးေတြျဖစ္ေနရက္နဲ႔ သခင္မေလးက ေခြၽတာသုံးေနရတဲ့အခ်ိန္မွာ သူကဘာေၾကာင့္နဲ႔မ်ား ဒီလိုလွည္းအေကာင္းစားနဲ႔သြားလာေနၿပီး တန္ဖိုးႀကီးတဲ့မင္ေက်ာက္ကိုလည္း ႏွစ္ခါေတာင္မေတြးဘဲ ဝယ္ႏိုင္ရတာလဲ .. ဒါလုံးဝမတရားဘူး"

"သူက ပထမဇနီးရဲ႕သမီးျဖစ္ေနတာကို"

"သူ႕ဘာသာသူ ဇနီးဦးရဲ႕သမီးျဖစ္ေတာ့ေရာ ဘာျဖစ္လို႔လဲ"

အေစခံက နန္းယန္ အတြက္ စိတ္မေကာင္းျဖစ္သြားၿပီး ...

"နန္း မိသားစုက ပညာပါရမီမ႐ွိၾကဘူးလို႔ ေျပာသံၾကားေနတာ .. သခင္မေလးနဲ႔ သခင္ေလးကေတာ့ သူတို႔နဲ႔မတူဘူး သခင္မေလးဆိုရင္ အႏုပညာေလးရပ္ကိုတတ္ကြၽမ္းၿပီး သခင္ေလးကလည္း စာသင္ေက်ာင္းမွာ အဆင့္ေတြေကာင္းေနတာ ... သခင္မေလးတို႔ႏွစ္ေယာက္လုံးက နန္း အိမ္ေတာ္ရဲ႕ ေျမးေတြထဲမွာ အထက္ျမက္ဆုံးဆိုေပမယ့္ အိမ္ေတာ္ထဲကို ဝင္ခြင့္မရၾကဘူး .. တကယ္လို႔ သခင္မေလးသာ နန္း အိမ္ေတာ္ထဲတြင္ဝင္ၿပီး သခင္မႀကီးနားေနတာမ်ားရင္ သခင္မႀကီးလည္း သေဘာက်လာမွာပဲေလ"

နန္းယန္ ၏အမူအရာ ေျပာင္းလဲသြားသည္။

အကယ္၍ သူမသာ နန္း အိမ္ေတာ္သို႔ ဝင္ခြင့္ရခဲ့လွ်င္ ...

သူမ၏မ်က္လုံးတို႔ အေရာင္လက္သြားသည္။ ေနာက္လတြင္ သူမ၏မိဘတို႔ လက္ထပ္ထိမ္းျမားၾကေတာ့မည္ျဖစ္ေသာေၾကာင့္ သူမအေနႏွင့္ အိမ္ေတာ္ထဲသို႔ ေစာေစာဝင္ေရာက္သည္က မမွားဘူးမဟုတ္လား။

သူမလည္း စိတ္တက္ႂကြသြားၿပီး ေပ်ာ္႐ႊင္စြာႏွင့္ ...

"အေဖ့ကိုသြားေတြ႕ရေအာင္"

ခ်င္းေခ်ာင္ ေတာင္ၾကား႐ွိ သူမ၏အိမ္ငယ္ေလးဆီကို ျပန္လာခဲ့ခ်ိန္တြင္ သူမ၏အေမမွာ ဖဲသားအထည္မ်ား ထြက္ဝယ္ေနၿပီး ဖခင္မွာ ျခံထဲတြင္ထိုင္ကာ လက္ဖက္ရည္ေသာက္ေနသည္။

"ေဖေဖ"

နန္းယန္ ဒူးေထာက္ခ်ကာ ယဥ္ေက်းစြာ ႏႈတ္ဆက္လိုက္သည္။ နန္းကြမ္ က ေတာက္ပစြာျပဳံးလိုက္ၿပီး ....

"ယန္အာ ျပန္လာၿပီလား .. သမီးအစ္ကိုအတြက္ေရာ လက္ေဆာင္ဝယ္လို႔ရခဲ့ရဲ႕လား"

နန္းယန္ စိတ္ထဲမွေန၍ အေဖက ေ႐ႊစ ၅၀တည္းေပးတာ ဘာလက္ေဆာင္ဝယ္လို႔ရမွာလဲဟု ေတြးလိုက္သည္။

သူမ႐ိုက်ိဳးစြာ အေ႐ွ႕တိုးလာၿပီး ....

"အစ္ကိုအတြက္ ဖ်ံနီညိဳအေမြးနဲ႔ လုပ္ထားတဲ့စုတ္တံနဲ႔ အနံ႔ေမႊးတဲ့မင္ဘူး ဝယ္လာခဲ့တယ္ .. ပိုတဲ့ေငြနဲ႔ ဖူေဝ့ အိမ္က ေဖေဖႀကိဳက္တဲ့ သစ္ၾကားသီးအစာသြပ္ဝယ္လာတယ္"

"ယန္အာ က အစ္ကိုအတြက္ လက္ေဆာင္ဝယ္ေပးတာ အေဖ့အတြက္ပါ စဥ္းစားေပးတယ္ .. လာ အတူတူစားရေအာင္"

နန္းယန္ ေဘးတြင္ထိုင္လိုက္ၿပီး ေႏြးေထြးစြာႏွင့္ ...

"ေဖေဖ သမီးဒီေန႔ ေပါင္ရီ နဲ႔ေတြ႕လာခဲ့တယ္ စကားေတြအမ်ားႀကီးေျပာၾကရင္း သူသမီးကို ေတာ္ေတာ္သေဘာက်သြားတယ္"

"သမီးတို႔အဆင္ေျပေနၾကတယ္ဆိုေတာ့ အေဖလည္း ဝမ္းသာလိုက္တာ"

"ဒါေပမယ့္ ..."

နန္းယန္ က တစ္ခုခုဆက္ေျပာခ်င္ေသာ္လည္း တုံ႔ဆိုင္းေနသျဖင့္ နန္းကြမ္ က စိုးရိမ္သြားၿပီး ....

"ဒါေပမယ့္ ဘာျဖစ္လို႔လဲ"

"ေဖေဖ .. ေပါင္ရီ က ႏွစ္ခါေတာင္ မစဥ္းစားဘဲ ေ႐ႊစ ၁၀၀၀ကိုသုံးပစ္လိုက္တယ္ .. ဘြားဘြားက သူ႕ကိုအရမ္းခ်စ္ၿပီး မုန္႔ဖိုးလည္းအမ်ားႀကီးေပးတာကိုေတာ့ နားလည္ပါတယ္ ဒါေပမယ့္ ဒါက အမ်ားႀကီးျဖဳန္းတီးရာေရာက္ေနၿပီ သမီးရဲ႕အဆင့္နဲ႔ သူ႕ကိုဘာမွလည္းျပန္မေျပာႏိုင္ဘူး ... တကယ္လို႔ သမီးက သူ႕ရဲ႕တရားဝင္အစ္မျဖစ္သြားၿပီဆိုရင္ စဥ္းစားၿပီး ေခြၽတာသုံးဖို႔ ေဖေဖ့ကိုယ္စား အၾကံေပးလို႔ရတယ္ေလ"

ေ႐ႊစ ၁၀၀၀ !။ နန္းကြမ္ သက္ျပင္းခ်လိုက္မိသည္။

မိုးနတ္မင္းႀကီး သူ႕ကိုငဲ့ညႇာေပးေတာ္မူပါ။ သူ႕ထံတြင္ အေျမႇာင္ဇနီးတစ္ေယာက္႐ွိေနေၾကာင္း သူ၏အေမ သိလိုက္သည့္အခ်ိန္မွစ၍ မိသားစုပိုင္ဥစၥာပစၥည္းမ်ားကို သုံးခြင့္မ႐ွိေတာ့ေပ။ နန္းကြမ္ သည္ တစ္လတစ္ခါ နန္းတြင္းအစိုးရမွ ေ႐ႊစ ၂၀၀ သာရၿပီး သူငယ္ခ်င္းမ်ားႏွင့္အတူ ေပ်ာ္ပါးစားေသာက္ၿပီးေနာက္ အနည္းငယ္သာက်န္ခဲ့သျဖင့္ ေ႐ွာင္မုံ႔၊ နန္းယန္ တို႔ႏွင့္အတူ ေခြၽတာစြာသုံး၍ ေန႔ရက္မ်ားစြာ ကုန္ဆုံးခဲ့ရသည္။

ဖခင္တစ္ေယာက္ျဖစ္သူပင္ ေ႐ႊစ ၁၀၀၀မရေပ။ နန္းေပါင္ရီ အလြန္လက္ဖြာလွသည္။

"အဓိပၸါယ္မ႐ွိတာေတြ !"

နန္းကြမ္ ရင္နာစြာျဖင့္ စားပြဲကို႐ိုက္လိုက္သည္။

"မိန္းကေလးတစ္ေယာက္က အဲဒီေလာက္ေငြအမ်ားႀကီး မ႐ွိသင့္ဘူးလို႔ သမီးရဲ႕အဘြားကိုအၿမဲေျပာတာ သမီးအဘြားက နားမေထာင္ဘူး သမီးရဲ႕အေဒၚကလည္း အၿမဲတမ္းပိုက္ဆံေတြေပးေနတာ ... အဲဒါေ႐ႊစ ၁၀၀၀ေတာင္ေလ !"

ေ႐ႊစ ၁၀၀၀သည္ ေဆာင္ၾကာၿမိဳင္တြင္ လြတ္လပ္စြာ အခ်ိန္ၾကာၾကာေနႏိုင္သည္အထိ သူ႕အတြက္ပင္ လုံေလာက္သည္။

နန္းယန္ လက္ဖက္ရည္ထပ္ငွဲ႔ေပးလိုက္ၿပီး ...

"တကယ္လို႔ ယန္အာ မွာသာ ဒီေလာက္ေငြ႐ွိခဲ့ရင္ ေဖေဖနဲ႔ ဘြားဘြားကိုျပဳစုေပးဖို႔အတြက္ပဲသုံးၿပီး ျဖဳန္းတီးပစ္မွာမဟုတ္ဘူး"

"လိမၼာလိုက္တဲ့သမီးေလး"

နန္းကြမ္ သူမေခါင္းကိုပုတ္လိုက္ၿပီး စိတ္ထဲမွလည္း ၾကည္ႏူးေနမိသည္။

"ေက်ာင္းေက်ာင္း က အဘြားရဲ႕အလိုလိုက္ခံထားရေတာ့ ပ်က္စီးေနၿပီ ေဘးကေန သင္ျပဆုံးမေပးမယ့္သူလည္းမ႐ွိဘူး ... သမီးရဲ႕အေမက ေနာက္လဆို အိမ္ေတာ္ထဲဝင္ရမွာပဲဆိုေတာ့ သမီးလည္း ပိုင္တာေတြသိမ္းၿပီး အိမ္ေတာ္ထဲအရင္သြားလိုက္ ၿပီးရင္ ေက်ာင္းေက်ာင္း ကိုလည္း အေဖတို႔မေရာက္လာခင္ သင္ေပးထားလိုက္ဦး"

"အဲဒါ သင့္ေတာ္ပါ့မလား .. ဘြားဘြားက သမီးကို သေဘာမက်ဘူးဆိုေတာ့ သမီးအတြက္ ေနရာမေပးေလာက္ဘူးထင္တယ္"

နန္းယန္ ေမာ့ၾကည့္ကာ ေမးလိုက္သည့္အခါ နန္းကြမ္ က အေလးအနက္ထားကာ ...

"သမီး က်င္းရီ ေဆာင္မွာပဲ ေက်ာင္းေက်ာင္း နဲ႔ အတူေနလိုက္ ဒါဆို ဆုံးမရတာပိုလြယ္သြားမယ္ ... အဲဒီကေလးမက အလိုလိုက္ခံရလို႔ဆိုးေနတာ သူ႕ကိုအလိုလိုက္ေနရင္ သမီးကို အစ္မတစ္ေယာက္အေနနဲ႔ အေဖဆူမွာေနာ္"

"စိတ္ခ်ပါ ေဖေဖ .. သမီး သူ႕ကို ေသခ်ာသြန္သင္ေပးပါ့မယ္"

နန္းယန္ ယဥ္ေက်းစြာဒူးကိုၫႊတ္ကာ ေခါင္းငုံ႔ထားရင္း သူမအၾကံေအာင္ျမင္သြားေသာေၾကာင့္ ေပ်ာ္ေနေလသည္။

သူမသည္ နန္း အိမ္ေတာ္တြင္ တရားဝင္ေနထိုင္ခြင့္ရလွ်င္ သခင္မႀကီး၏ ေထာက္ပံ့မႈမ်ားႏွင့္ ခ်စ္ခင္မႈတို႔ကို သူမရ႐ွိလာႏိုင္သည္။ အနာဂတ္တြင္ နန္းေပါင္ရီ ပိုင္ဆိုင္ရမွ်ကို သူမလည္းပိုင္ဆိုင္ႏိုင္လိမ့္မည္။ အိမ္႐ွိအႀကီးအကဲမ်ားထံမွ ဆုေငြမ်ားလည္းရလာႏိုင္သျဖင့္ အျပင္တြင္ေနထိုင္ရျခင္းထက္ ပိုသာလြန္သည္မဟုတ္လား"

တစ္ဖက္တြင္လည္း နန္းေပါင္ရီ မင္ေဖ်ာ္ေက်ာက္ကို ဂ႐ုတစိုက္ကိုင္ယူၿပီး က်င္းရီ ေဆာင္သို႔ျပန္ေရာက္လာသည္။ ဟယ္ယဲ့ မွာ စိုးရိမ္တႀကီးႏွင့္ ....

"သခင္မေလး .. ဒါက အတြင္းခ်ိဳင့္ဝင္ေနတဲ့ ေက်ာက္မီးေသြးခဲနဲ႔မတူဘူးလား .. ေ႐ႊစ ၁၀၀၀ေတာင္ဆိုေတာ့ ဆိုင္႐ွင္ကမ်ား လိမ္ေရာင္းလိုက္တာလား"

"စာေပပစၥည္းေတြက အၿမဲတန္ဖိုးႀကီးတယ္ေလ"

နန္းေပါင္ရီ ဂ႐ုစိုက္စြာ မင္ေဖ်ာ္ေက်ာက္ကို စားပြဲေပၚတင္လိုက္ၿပီး ဟယ္ယဲ့ကို အမိန္႔ေပးလိုက္သည္။

"ငါ့ရဲ႕တန္ဖိုးအႀကီးဆုံးရတနာေတြကိုပါယူလာခဲ့ .. ေငြဘယ္ေလာက္ရမလဲတြက္ခ်င္တယ္"

ေ႐ႊစ ၁ေသာင္းမွာ ပမာဏမနည္းလွသျဖင့္ သူမအေနႏွင့္ သတိႀကီးႀကီးထားကာ တိုးျမႇင့္ရန္လိုအပ္သည္။

အာဃာတပြန်တမ်းWhere stories live. Discover now