Part 6

6.4K 697 2
                                    

အပိုင်း (၆)
အစ်ကို ၂ရဲ့ လက်ရေးကလှလိုက်တာ

မိန်းကလေး လျို က သခင်မကြီးအတွက် ပတ္တမြားဖြင့် အလှဆင်ထားသော ခေါင်းပေါင်းနှင့် နန်းပေါင်ရီ အတွက် နွေဦးဝတ်စုံပိုးထည်လေးကို ပို့ပေးလိုက်သည်။ လက်ရာမှာ အချိန်အတော်ကြာအောင် သေချာအာရုံစိုက်ပြီး အနုစိတ်လုပ်ပေးထားပုံရသည်။

သို့သော်လည်း သခင်မကြီးက အလိုမကျဟန်ကြည့်ပြီး အစေခံကို စိတ်မဝင်စားစွာ လက်ယမ်းပြလိုက်သည်။

"သိုလှောင်ခန်းထဲကိုယူသွားလိုက် ... ကျောင်းကျောင်းအာ .. ဒီဝတ်စုံကိုလုံးဝမဝတ်နဲ့နော် ... ဘယ်လောက်ပဲလှပအောင် အလှဆင်ထားပါစေ အိမ်တော်က အလှဆင်ချုပ်ပေးထားတဲ့အထည်တွေက ဘယ်အရာမှပိုမကောင်းနိုင်ဘူး .. တကယ်လို့အဝတ်ထဲ အပ်တွေကျန်ခဲ့ရင် သမီးကိုစူးမိလိမ့်မယ်"

မိန်းကလေး လျို ၏ အစေခံသည် ဘေးတွင်ရပ်လျက်ရှိနေသည်။ သခင်မကြီးက သူမ၏သခင်မအတွက် ချီးကျူးစကားပြောလေမလားဟု မျှော်လင့်မိသော်လည်း ထိုသို့အကြင်နာမဲ့သည့်စကားများပြောလိမ့်မည်ဟုမထင်မှတ်ထားသောကြောင့် သူမစိတ်မပါစွာ ပြုံးလိုက်သည်။

"သခင်မကြီး .. ဒါတွေကို ကျွန်မတို့ရဲ့သခင်မကိုယ်တိုင်လုပ်ထားတာပါ ... တချို့ညတွေဆို မနားရတဲ့အထိ သေချာလုပ်ထားတာပါ .. အတော်ဆုံးအလှထွင်းသမားတွေလောက်တော့ မကျွမ်းကျင်ပေမယ့် ကျွန်မတို့သခင်မရဲ့ စေတနာအရင်းခံတွေပါ"

သခင်မကြီးက လှောင်ရယ်လိုက်ပြီး ...

"တခြားသူရဲ့ဇနီးမယားဖြစ်ပြီး အခြားအိမ်ထောင်က လင်မယားနှစ်ယောက်ကြား အရှက်မရှိ ဝင်နှောင့်ယှက်တာ .. သူက မောင်းမအဆင့်နဲ့တောင်မတန်ဘူး ဒါတောင် ငါ့ကိုသခင်မလို့ခေါ်ချင်သေးတယ် ... ပြန်သွားပြီး မင်းတို့သခင်မကိုသွားပြောလိုက် .. နောက်ကို ဒီလိုအပေါစားပစ္စည်းတွေနဲ့ ငါ့အိမ်ကိုမပို့နဲ့ ငါ့နေရာကိုလည်း မညစ်ပတ်စေနဲ့လို့"

အစေခံကလည်း အလွန်ရှက်သွားပြီး သူမ၏လက်ကိုင်ပဝါကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်သည်။ သူမမျက်နှာလည်းရဲလာပြီး ခြေလှမ်းဆုတ်ကာ ဆုန်းဟယ့် ခြံမှ အမြန်ပြေးသွားတော့သည်။

အာဃာတပြန်တမ်းحيث تعيش القصص. اكتشف الآن