part 145

3.2K 328 1
                                    

Unicode
အပိုင်း (၁၄၅)
အမတ်မင်းရဲ့ စောင့်ရှောက်မှုကြောင့် သူမအဖျားပျောက်သွားတယ်
လရဲ့အလင်းရောင်က ဖြာကျနေသည်။
ရှောင်းယီက နှင်းတောထဲမှာ အကြာကြီး မတ်တပ်ရပ်နေသည်။ သူက ပြတင်းမှတဆင့် အခန်းထဲကို ဖြည်းညှင်းစွာ ကြည့်လိုက်သည်။ ဖန်မီးအိမ်နှစ်လုံးထွန်းထားတဲ့ အိပ်ခန်းလေးက တိတ်ဆိတ်ပြီး ငြိမ်းချမ်းနေသည်။ နန်းကျောင်းကျောင်းက အိပ်ပျော်နေလေပြီ။
သူကတံခါးကိုဖွင့်ပြီး ဝင်လာခဲ့သည်။ လိုက်ကာကို လှပ်လိုက်ပြီးကြည့်လိုက်တဲ့အခါ မိန်းမငယ်လေးက နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။
“ပူတယ်…..”
သူမက ယောင်နေပြီး ခြေထောက်တွေနဲ့ အိပ်ရာခင်းတွေကို ကန်ထုတ်နေသည်။ ရှောင်းယီက သူမကို စောင်ပြန်မခြုံပေးခင် ခဏမျှ မျက်မှောင်ကြုပ်ပြီး ကြည့်နေလိုက်သည်။
ကောင်မလေးရဲ့မျက်နှာကို လက်ချောင်းထိပ်တွေနဲ့ ထိတွေ့လိုက်တဲ့အခါ သူမရဲ့အသားက ပူနေသည်။ သူမ ဖျားနေလေပြီ။
ရှောင်းယီက စောင့်ကြည့်နေရင်း သူ့ရဲ့အေးစက်နေတဲ့မျက်နှာထားက ရုပ်ချည်းပျော့ပြောင်းသွားသည်။ ချစ်ဖို့ကောင်းပြီး ဇီဇာကြောင်တတ်တဲ့ဒီကောင်မလေးကို သူမနာကျည်းနိုင်ပါချေ။
သူကမွေ့ရာပေါ်မှာထိုင်လိုက်ပြီး လက်ကိုဆန့်၍ သူမရဲ့နဖူးပေါ်က ရှုပ်ထွေးနေတဲ့ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။ သူမက ငယ်ရွယ်နေသေးပြီး အခုထိ ယောကျာ်းလေးနဲ့ မိန်းကလေးကြားက ကိစ္စတွေကို နားမလည်သေးပါချေ။
သူကရှီးခူကိုကျောက်ဝမ်ခြံကိုပြန်ပြီး ကျန်းဆွေ့ဟန်ကိုဆေးကျိုပေးဖို့ ပြောခိုင်းလိုက်သည်။ အမွှေးတိုင် နှစ်တိုင်ထွန်းစာခန့်အချိန်ကြာပြီးနောက် ရှီးခူက ခါးပြီးပူနေတဲ့ဆေးရည်တစ်ပန်းကန်ကို လာပို့ခဲ့သည်။ ရှီးခူရဲ့စိတ်ထဲမှာ သူတို့သခင်လေးက ပန်းပွင့်သူခိုးလို အမြဲတမ်း အရာအားလုံးကို လျှို့လျှို့ဝှက်ဝှက်လုပ် တတ်သည်ဟု ခံစားနေရသည်။ 
ရှောင်းယီက ဆေးကိုမွှေလိုက်ပြီး တိုးဖွဖွပြောသည်။
“နန်းကျောင်းကျောင်း ထပြီးဆေးသောက်လိုက်”
“ဆေးမသောက်ချင်ဘူး….”
နန်းပေါင်ရီက အိပ်တဝက် နိုးတဝက်နဲ့ ယောင်နေသည်။
“ဆေးသောက်ပြီးရင် အအေးမိတာပျောက်သွားလိမ့်မယ်”
ရှောင်းယီက အိပ်ရာထဲက သူမကို ဆွဲထူလိုက်သည်။
ရုတ်တရက် သူ့မျက်လုံးတွေက ထုံထိုင်းသွားသည်။ ကောင်မလေးက ညအိပ်ဝတ်စုံကိုသာဝတ်ထားပြီး အင်္ကျီလည်ပင်းက လျှောကျနေသည်။ နူးညံ့ပါးလွှာတဲ့ ကျောက်စိမ်းလို အဆင်းရှိတဲ့ ညှပ်ရိုးကိုပါ မြင်နေရသည်။
နမ်းရှိုက်လိုက်ရင် အလွယ်တကူ အရာထင်စေနိုင်တယ်……
စူးစိုက်ကြည့်နေရင်း သူချွေးစေးတွေထွက်လာပြီး မူမှန်စွာနဲ့ အမြန်ထွက်သွားတော့သည်။
နန်းပေါင်ရီ နိုးလာသည်။
သူမရဲ့ အိပ်ချင်နေတဲ့မျက်လုံးတွေကို ပွတ်သပ်ရင်း သူမရှေ့က ရှောင်းယီကိုမြင်လိုက်ရသည်။ သူမ ကြောက်လန့်စိတ်ကို ထိန်းမထားနိုင်ခဲ့။ သူမက ဘေးပတ်ဝန်းကျင်ကို စိုးရိမ်တကြီး လှည့်ပတ်ကြည့် လိုက်တဲ့အခါ သူမရဲ့အိပ်ခန်းထဲမှာသာဖြစ်ကြောင်း သိသွားသည်။
ဒါပေမယ့်လည်း အစ်ကို ၂ က ဘာလို့ ညဉ့်နက်ချိန်ကြီးမှာ ဆေးတစ်ပန်းကန်ကိုကိုင်ပြီး ပြေးနေတာလဲ?
သူမကခေါင်းနောက်နေပြီး မွေ့ရာကိုဖက်ထားရင်း အနည်းငယ်ခန့်မှန်းမိသွားသည်။
“အစ်ကို ၂၊ အစ်ကိုက ညခင်းဘက်ကြီး၊ လရောင်နဲ့ မှောင်မဲပြီး လေတိုက်နေတဲ့ ညဉ့်နက်ချိန်ကို အခွင့်ကောင်းယူပြီး ညီမလေးကို အဆိပ်ခတ်မလို့လား? ညီမလေးအရမ်းအံ့ဩတာပဲ၊ လတ်တလောမှာ အစ်ကို့ကို ညီမလေးအပြစ်လုပ်မိတာမရှိပါဘူး…..”
“အရူးမလေး”
ရှောင်းယီက ဆေးတစ်ဇွန်းကို ခပ်လိုက်ပြီး အေးစက်စက်မျက်နှာထားနဲ့ သူမရဲ့နူတ်ခမ်းတွေနားကို တေ့ပေးလိုက်သည်။
“အဖျားပျောက်သွားအောင် ဆေးသောက်လိုက်ဦး”
အဖျား?
နန်းပေါင်ရီက သူမရဲ့နဖူးကိုစမ်းလိုက်ပြီး ရှောင်းယီရဲ့နဖူးကို စမ်းပြန်သည်။ သူမရဲ့ ကိုယ်အပူချိန်က ပိုပြီး မြင့်နေဟန်ရှိသည်…. သူမက နာခံစွာနဲ့ ဆေးတစ်ဇွန်းကိုသောက်လိုက်သည်။
“အရမ်းခါးတယ်..”
သူမက အန်ထွက်ခါနီး ပါးစပ်ကိုကာထားလိုက်သည်။ နောက်ဆုံး သူမရဲ့အစာအိမ်ထဲကို‌ ဆေးတွေရောက်သွားတဲ့ အချိန်ကျမှ သူမရဲ့လက်လေးတွေကို ဖယ်ဖို့ ကြိုးစားလိုက်ရသည်။
“ညီမလေး ထပ်မသောက်နိုင်တော့ဘူး၊ အစ်ကို ၂ ဘာသာပဲသောက်တော့”
သူမက ပြောပြီး အိပ်ရာထဲပြန်ကွေးလိုက်သည်။ ရှောင်းယီက ဂရုဏာတရားမရှိစွာနဲ့ သူမရဲ့ လည်ပင်းကိုကိုင်ပြီး ပြန်ဆွဲထူသည်။
သူက ပြုံးရင်း “နန်းကျောင်းကျောင်း၊ မင်းက ကလေးလေးလား? အခုထိဆေးကြောက်တုန်းလား? ဟင်?”
နန်းပေါင်ရီက အကြောင်းပြချက်ပေးပြီး ငြင်းသည်။
“အဘွားကပြောတယ်၊ မိန်းကလေးတွေအားလုံးက ကလေးတွေပဲတဲ့”
ရှောင်းယီက သူမနဲ့ငြင်းခုန်ဖို့ အလွန်ပျင်းရိနေသည်။ သူက အင်္ကျီလက်အိတ်ထဲက ငွေစုလက်မှတ်တွေကို ထုတ်ယူလိုက်ပြီး သူမကို ချော့ဖို့ကြိုးစားသည်။
“သောက်ပြီးရင် ဒါတွေအားလုံးပေးမယ်”
နန်းပေါင်ရီရဲ့မျက်လုံးတွေက ရုတ်တရက်ပြူးကျယ်ဝိုင်းစက်သွားသည်။ သူမက ဆေးပန်းကန်ကိုယူပြီး နှာခေါင်းကိုပိတ်၍ အားလုံးကို ပါးစပ်ထဲသို့ လောင်းချလိုက်သည်။
ရှောင်းယီက မျက်ခုံးပင့်ပြီး အံ့အားသင့်သွားရသည်။ နန်းကျောင်းကျောင်းက ငွေစုလက်မှတ်ကိုမြင်မှ မျက်လုံးဖွင့်ကြည့်တော့တာပင်။ သူမရဲ့အိမ်နာမည်ကို ‘ကျောင်းကျောင်း’ကနေ ‘ချန်ချန်’ လို့ပြောင်းလိုက် သင့်သည်။
“သောက်ပြီးသွားပြီ…”
နန်းပေါင်ရီက သူ့ရဲ့ငွေစုလက်မှတ် တထပ်ကြီးကို စိုက်ကြည့်နေပြီး “အစ်ကို ၂ ၊ ညီမလေးကို အဲ့ဒီ ငွေစုလက်မှတ်တွေပေး…”
ရှောင်းယီက သူမကို ငွေစုလက်မှတ်တွေပေးလိုက်သည်။ သူထွက်သွားချင်ပေမယ့် ပျက်စီးသွားတဲ့ စာရွက်အပိုင်းအစတွေအကြောင်းစဉ်းစားမိတဲ့အခါ နောက်ဆုံးတော့ မျှော်လင့်ချက် တစွန်းတစနဲ့ မေးဖို့ကြိုးစားလိုက်သည်။
“အဲ့ဒီစာ…..”
နန်းပေါင်ရီက အပြုံးတစ်ပွင့်နဲ့ ငွေလက်မှတ်တွေကို ရေတွက်နေရင်း ဖြေလိုက်သည်။
“အစ်ကို ၂ အံ့ဩသွားတာလား? အခုတလော ညီမလေး စာအုပ်တွေအများကြီး ဖတ်ဖြစ်တယ်၊ အရမ်းအေးတော့ အပြင်လည်းမထွက်ချင်တာနဲ့လေ၊ စာအုပ်ဖတ်စရာကလွဲလို့ ဘာမှလည်း လုပ်စရာမရှိဘူး၊ အဲ့ဒီပန်းချီပုံကလည်း ညီမလေးကိုယ်တိုင်ဆွဲထားတာ၊ အစ်ကို့ ခံ့ညားမှုရဲ့တစ်ထောင်ပုံ တစ်ပုံကိုတောင်မမီပေမယ့် နည်းနည်းတော့ ဆင်သလိုလို…..”
သူမက ရှောင်းယီရဲ့ စကားပြန်ကိုမစောင့်ဘဲ ကျယ်လောင်စွာပြောနေသည်။
ရှောင်းယီက ပြတင်းကို စူးစိုက်ကြည့်လိုက်သည်။ နန်းကျောင်းကျောင်းက သူ့ရဲ့ပြန်စာကို မဖတ်ရသေးဘူးလား? သဘောပေါက်သွားပြီးနောက် သူပြုံးလိုက်မိသည်။ ညဉ့်နက်သန်းခေါင်မှာ သူ့မျှော်လင့်ချက်တွေကို ရိုက်ချိုးဖျက်စီးခံလိုက်ရတာက ရုတ်တရက် လေလွင့်ပျောက်ကွယ်သွား သလိုပင်။
ပေါ့ပါးပြီးပျော်ရွှင်သွားတဲ့ခံစားချက်က တကိုယ်လုံးကို စိမ့်ဝင်ပျံ့နှံ့သွားပြီး အသက်ရှင်နိုင်ပြီလို့ ခံစားလိုက်ရသည်။ သူက မွေ့ရာထဲကိုသေသပ်စွာ လှိမ့်ဝင်လိုက်သည်။
နန်းပေါင်ရီက ပျော်ပျော်ရွှင်ရွှင်နဲ့ ငွေလက်မှတ်တွေကို ရေတွက်နေရာက ရုတ်တရက် သူက အိပ်ရာထဲ ဝင်လာတာကို တွေ့တဲ့အခါ ကြောက်လန့်ပြီးမျက်နှာက ဖြူဖျော့သွားသည်။
“အစ်ကို ၂…….”
“ရှူး….”
ရှောင်းယီက သူမရဲ့လက်ညှိုးကို ဆွဲယူလိုက်ပြီး သူမရဲ့နူတ်ခမ်းတွေပေါ်ဖြတ်တင်လိုက်ပြီး ပြုံးလိုက်သည်။
“ကြမ်းပြင်ပေါ်မှာကအေးတယ်၊ မင်းရဲ့အိပ်ရာက နွေးလို့”
နန်းပေါင်ရီ နူတ်ခမ်းကိုက်မိသွားသည်။ အစ်ကို နဲ့ ညီမလေးရဲ့ဆက်ဆံရေးက အဲ့ဒီလောက် မနီးကပ်သင့် ဘူးလေ။
အဲ့ဒါက……
အမတ်မင်းက အဝတ်အစားတွေကိုလည်း မလဲရသေးပေ၊ ဒီနေ့ရေမချိုးရသေးဘူးဆိုတဲ့ အဓိပ္ပါယ်ပင်။ ပြီးတော့သူမရဲ့အိပ်ရာပေါ်ကို တက်လာသေးသည်။ ဘယ်လောက်ညစ်ပတ်လိုက်လဲ…..
ရှောင်းယီက မျက်ခုံးတွေိကိုပင့်လိုက်ပြီး “အဲ့ဒါကဘယ်လိုအမူအရာလဲ?”
နန်းပေါင်ရီက ရှုပ်ထွေးနေဟန်ဖြင့် “အစ်ကို ၂၊ ကျောက်ဝမ်ခြံကို မပြန်သေးဘူးလား”
“အပြင်မှာ နှင်းတွေသည်းသည်းထန်ထန်ကျနေပြီး လမ်းတွေကချော်နေတော့ ချော်လဲမှာကြောက်လို့”
နန်းပေါင်ရီက မွေ့ရာကို တင်းတင်းဆုပ်ကိုင်ရင်း “ဒါပေမယ့် ညီမလေးမှာ စောင်တစ်ထည်ပဲရှိတာ… အစ်ကိုက တကယ်ပဲညီမလေးနဲ့အိပ်မလို့လား”
“အဆင်မပြေစရာမရှိပါဘူး”
“ဒါပေမယ့်…… ဒါပေမယ့်…. ညီမလေးမှာအဆင်မပြေတာရှိတယ်၊ အစ်ကို ၂ ၊ ဒီနေ့ရေမချိုး ရသေးဘူးမှလား”
ရှောင်းယီ တိတ်ဆိတ်သွားသည်။
နန်းပေါင်ရီက သူ့ရဲ့ခြေထောက်တွေကို တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ကြည့်ပြီး “ခြေထောက်တောင် မဆေးရသေးမှာကို ညီမလေးစိုးရိမ်တယ်”
လေထုရဲ့အခြေအနေက ထူးဆန်းသွားသည်။
အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှ ရှောင်းယီက ထရပ်လိုက်ပြီး နောက်ကိုပြန်လှည့်မကြည့်စတမ်း ထွက်သွားတော့သည်။
နန်းပေါင်ရီက စောင်လေးကို ကိုင်ရင်း ရီချင်နေပေမယ့် ရီလည်းမရီရဲပေ။ အခန်းတစ်ခုလုံး ဆေးနံ့ရနေသလို သူမခံစားရသည်။ ပါးစပ်မှာက ဆေးရဲ့ခါးသက်တဲ့အရသာ ရှိနေသေးပေမယ့် သူမရဲ့နှလုံးသားကတော့ ချိုမြိန်မှုတွေနဲ့ပြည့်နေသည်။
သူမအရမ်းပျော်နေသည်။ နှင်းတွေထဲကိုပြေးပြီး နှစ်ပတ်လောက်လှိမ့်ပစ်လိုက်ချင်သည်။ ထိုပျော်ရွှင်မှုက အရမ်းထူးခြားသည်။
ကိုကိုကြီး သူမကိုလက်ဆောင်ပေးစဉ်က ပျော်ရွှင်မှုနဲ့လည်းမတူသလို မမကြီးနဲ့ ဝမ်းကွဲအစ်ကိုရဲ့ မင်္ဂလာပွဲကိုတက်ရတုန်းကနဲ့ မတူပါချေ။ ထိုပျော်ရွှင်မှုက ကမ္ဘာပေါ်က အချိုမြိန်ဆုံးနဲ့ အလှပဆုံး ပျော်ရွှင်မှုလေး ဖြစ်သည်။
ရှောင်းယီ ဝတ်ရုံလက်အိတ်ထဲကထုတ်ပေးလိုက်တဲ့ ငွေစုလက်မှတ်တွေကိုကိုင်ရင်း သူမ အိပ်ရာဝင်ခဲ့သည်။
အစ်ကို ၂ က ငါ့အပေါ် အရမ်းကြင်နာတာပဲ…..
သူမက ငြိမ်းချမ်းနေတဲ့စိတ်နဲ့ မျက်လုံးတွေကိုမှိတ်လိုက်သည်။ အမတ်မင်းရဲ့ဂရုစိုက်မှုကြောင့် သူမရဲ့အဖျားပျောက်သွားပြီး အိပ်မက်တွေလည်း လှနေတော့မည်။
နှင်းစက်တွေက ကျဆင်းနေဆဲပင်….
တချို့သူတွေက အိပ်ပျော်နေကြပြီ။ တချို့ကတော့ မအိပ်နိုင်ကြပေ။
အရှေ့ခြံမှာ နန်းယန်က တံစက်မြိတ်အောက်မှာရပ်ရင်း နှင်းစက်တွေကို တို့ထိနေသည်။ သူမရဲ့မျက်လုံးတွေက နက်မှောင်နေသည်။
‘……….မမမှာ ချမ်းသာတဲ့အသွင်းပစ္စည်းတွေမပါရင်တောင် ချန်းမိသားစုက ချစ်ပေးကြဖို့ ညီမလေး မျှော်လင့်ပါတယ်၊ နန်းမိသားစုက ညီမလေးကိုချစ်သလိုမျိုး မမကိုမချစ်ကြတော့ ညီမလေးလိုမျိုး အသွင်းပစ္စည်းကောင်းကောင်းတွေ ပြင်ဆင်ပေးမှာမဟုတ်ဘူးနော်’
ထိုနေ့ကပြောလိုက်တဲ့ နန်းပေါင်ရီရဲ့စကားသံတွေက သူမနားထဲမှာ အကြိမ်ကြိမ် ပဲ့တင်ထပ်နေပြီး သူမကို အကူအညီမဲ့တဲ့ ခံစားချက်မျိုး ခံစားရစေသည်။
အစေခံက မီးဖိုလေးကိုယူလာပြီး “မမလေး၊ အရမ်းနောက်ကျနေပြီ၊ ဘာလို့မအိပ်သေးတာလဲ၊ အအေးမိရင် သခင်ကြီးနဲ့ သခင်မကြီးက စိတ်ပူကြလိမ့်မယ်”
“ကြားလိုက်လား?”
နန်းယန်က လေသံသဲ့သဲ့နဲ့မေးလိုက်သည်။
“အရာအားလုံးက ကြီးထွားနေကြတာကိုလေ”
အစေခံကပြုံးရင်း “မမလေး၊ အခုက အရမ်းအေးတဲ့ဆောင်းရာသီလေ၊ ဘယ်မှာကြီးထွားနိုင်ပါ့မလဲ”
“အဲ့ဒီအပင်တွေက မြေကြီးနက်နက်ထဲမှာပုန်းပြီး အဟာရတွေကို စားသုံးနေတယ်၊ သူတို့က ကြီးထွားဖို့ အဆင်သင့်ဖြစ်နေကြပြီး မြေပြင်ပေါ်က လေပြည်နဲ့ပွင့်လန်းဖို့ စောင့်နေကြတာ…”
နန်းယန်က ပြုံးရင်း “ကမ္ဘာပေါ်က လူအများစုက အင်အားကြီးတဲ့သူဖြစ်ဖို့ ထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ အခွင့်ကောင်းကို စောင့်နေကြတာ၊ အဲ့ဒါက ဆောင်းရာသီမှာကြီးထွားမဲ့ အပင်တစ်ပင်နဲ့တူတယ်၊ လေပြည်တိုက်ခတ်မဲ့အချိန်မှာ ပွင့်လန်းဖို့စောင့်နေတာ၊ ဒါပေမယ့် အခုတော့ အဲ့ဒီအချိန်ကို ရောက်လာခဲ့ပြီထင်တယ်”
……………………

အာဃာတပြန်တမ်းWhere stories live. Discover now