unicode
အပိုင်း (၆၃)နန်းပေါင်ရီ ကို သဘောကျသူ
ထိုကလေးမလေး လူကိုစိတ်မပူစေရန် နေသည်ဟု တစ်ခါမှမရှိခဲ့ပေ။
ရှောင်းယီ က ရှီးယန် ကို ခေါ်လိုက်ပြီး သူ့ကိုယ်စား ငွေစာရင်းကို စစ်ဆေးတွက်ချက်ရန်ပြောပြီး ထီးကိုယူကာ မိုးရေထဲထွက်သွားလေသည်။
တောင်ပေါ်တွင် အလွန်ရှင်းလင်းနေပြီး တောင်ဘေးတွင်လည်း အစိမ်းရောင်အုတ်ချပ်များဖြင့် လမ်းဖောက်ထားသည်။
အစတွင် နန်းပေါင်ရီ လျင်မြန်စွာလမ်းလျှောက်နေပြီး တဖြည်းဖြည်းကြာလာသောအခါ မောပန်းလာပြီး ခဏနားလိုက်သည်။
နေ့လယ်ခင်းအချိန်ရောက်သည့်အခါ သူမအနည်းငယ်ဆာလောင်လာသဖြင့် လမ်းဘေးရှိ ကျောက်တုံးပေါ်တွင်ထိုင်ကာ ဖက်ရွက်နှင့်ထုပ်ထားသောအစားအစာထုပ်ကိုဖြည်ကာ မြိန်ရှက်စွာ စားသောက်လေသည်။
နူးညံ့သောဆန်မှု့န်နှင့် အသီးအရွက်အနည်းငယ်ကိုရောနှယ်ပြီး ဝက်သားထဲတွင်အစာသွတ်ကာ အပြင်မှ ငှက်ပျောရွက်ဖြင့်တစ်ထပ်အုပ်ပြီး ပေါင်းထားသောကြောင့် အလွန်ပင်အရသာရှိလှသည်။
အနည်းငယ်လှမ်းသောနေရာတွင် ရှောင်းယီ က ထီးတစ်ချောင်းကိုင်ထားပြီး အပင်ပေါ်တွင်ရပ်လျက် နန်းပေါင်ရီ ကို ကြည့်နေသည်။
တောင်ပေါ်ရှိ တောထဲတွင်ရောက်နေသော ကလေးမလေးမှာ ဝါးခမောက်ကိုဆောင်းထားသဖြင့် သူယောင်မယ်လေးကဲ့သို့ အလွန်လှပနေသည်။
သာမန်အစာသွတ်စားစရာတစ်ခုဖြစ်သော်လည်း ကမ္ဘာပေါ်တွင် အကောင်းမွန်ဆုံးတစ်ခုအဖြစ် မှတ်ယူပြီး ပျော်ရွှင်စွာစားသောက်နေသည်မှာ အလွန်ချစ်စရာကောင်းလှသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး သူ၏ခြောက်သွေ့နေသော နှလုံးသားမှာ မိုးရေပက်ဖြန်းလိုက်သကဲ့သို့ မပြောပြနိုင်လောက်အောင်ပင် နှစ်သက်ကျေနပ်ခဲ့ရသည်။
ကလေးမလေးက စားသောက်ပြီးသွားသောအခါ လက်ချောင်းများကို သန့်စင်ရှင်းလင်းလိုက်ပြီးနောက် လမ်းဘေးတွင် ပေါက်ရောက်နေသော အဝါရောင်ပန်းလေးကိုတွေ့လိုက်သောအခါ ခူးယူလျက် ဝါးခမောက်ပေါ်တွင် တပ်ဆင်ကာ ဝါးတုတ်ကိုကိုင်ပြီး တောင်ပေါ်သို့ ခရီးဆက်လေသည်။
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...