အပိုင်း (၁၃)
အစ်ကို ၂ စိတ်မဆိုးပါနဲ့နန်းကွမ် သက်ပြင်းကြီးစွာ ချမိပြန်သည်။ ကျောက်ဝမ် ခြံသည် အိမ်တော်အတွင်းရှိ အကြီးဆုံးနှင့် အခမ်းနားဆုံးသောနေရာဖြစ်သည်။
လွန်ခဲ့သော နှစ်၂၀၀ခန့်ကတွင် နန်း မိသားစုက အိမ်တော်ကြီးကို ဆောက်လုပ်ခဲ့ပြီး အထူးသဖြင့် ဘုရင်ဧကရာဇ်က အပြင်ထွက်ပြီး တိုင်းပြည်ကိုလှည့်လည်စစ်ဆေးသည့်အချိန် လာရောက်အနားယူနေထိုင်ရန်အတွက် ဆောက်လုပ်ခြင်းဖြစ်ပြီး သစ်သားပျဉ်ပေါ်တွင်လည်း ဘုရင်ကိုယ်တိုင် အမည်တပ်ကမ္ဗည်းရေးထိုးခဲ့သည်ဟု ဆိုကြသည်။
နှစ်ပေါင်းများစွာအဆက်ဆက် ပြုပြင်မွမ်းမံခဲ့ခြင်းတို့ကြောင့် ခြံကြီးတစ်ခုလုံးမှာ အလွန်ပင်ခမ်းနားထည်ဝါလှသည်။ ထိုသို့သောနေရာကို ဘာကြောင့်များ အဆင့်နိမ့်သော မွေးစားသားကို အလွယ်တကူပေးနိုင်ရတာလဲ။
နန်းပေါင်ရီ လည်း ကြောင်အမ်းကာ ရပ်နေမိသည်။
သူမသည် နားမလည်နိုင်ဖြစ်နေပြီး ချန်ရှင်း နှင့် ရှောင်းယီ တစ်လှည့်စီကြည့်ကာ တစ်နေရာက မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။ အရာရာအဆင်ပြေနေကြသည်ကို သူမကဘာကြောင့် ရှောင်းယီ နှင့်အတူနေရမှာလဲ။
ထို့အပြင် အချိန်ခဏလေးအတွင်း ယွိဝေ့ က နန်းပေါင်ရီ နှင့် နန်းယန် တို့ ငြင်းခုံခဲ့ကြပုံကို ကြားလိုက်ရသဖြင့် ယွိဝေ့ အရှေ့ကိုအနည်းငယ်ကိုင်းပြီး ရှောင်းယီ နားတွင် တစ်ခုခုကိုတီးတိုးပြောနေလေသည်။
ရှောင်းယီ ဂရုမစိုက်စွာ လက်ဖက်ရည်ခွက်ကိုကိုင်နေပြီး ...
"ကြည့်ရတာ မိန်းကလေး နန်းယန် က စာတော်တဲ့ပုံပါပဲ .. စာအုပ်တွေ ဖတ်ထားပုံရတယ်"
နန်းယန် က ယဉ်ကျေးစွာပြုံးပြီး သူ့ကိုလျစ်လျူရှုလိုက်သည်။ သူက အဆင့်နိမ့်ကျသည့် မွေးစားသားတစ်ယောက်ဖြစ်သောကြောင့် သူမအာရုံစိုက်ရန် မထိုက်တန်ပေ။ အကယ်၍ သူမသာ မျက်နှာသာပေးပြီး တစ်ဖက်ကလည်း ပြန်လည်တုံ့ပြန်လာလျှင် သူမအတွက် ကောင်းလိမ့်မည်မဟုတ်ပေ။
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...