unicode
အပိုင်း (၈၇)
အမတ်ကြီး၏ ငဲ့ညှာမှု
ရှောင်းယီ က ကုလားထိုင်ပေါ်တွင် ပျင်းရိစွာထိုင်နေလျက် သခင်မ ချန် မြှောက်ပင့်ပြောနေသည်ကို နားထောင်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ တန်ဖိုးမရှိသော အလောင်းကောင်နှစ်ကောင်ကို ကြည့်နေသည့်အလား သူ့မျက်လုံးများက အေးစက်နေသည်။
သခင်မ ချန် ကကြောက်လန့်နေသဖြင့် ဖော်ရွေသောဟန်ပန်နှင့် ...
"အမတ်မင်းရယ် ဒီနေ့ဖြစ်ခဲ့တာအတွက် ကျွန်မတို့ကိုအပြစ်တင်လို့မရဘူးလေ .. ကျွန်မတို့က ကျင်ကွမ်း မြို့ကအရာရှိတွေကို ကူညီပေးချင်ရုံသက်သက်ပါ .. အကျင့်ပျက်ခြစားပြီးတော့ ဥပဒေချိုးဖောက်နေတဲ့သူတိုင်းကို အပြစ်ကမလွတ်မြောက်နိုင်အောင်လို့လေ .. နန်း အိမ်တော်က အခုအပြစ်ကင်းတယ်ဆိုတာ သေချာသွားပြီဆိုတော့ ကျွန်မတို့လည်းစိတ်အေးသွားပါပြီ"
ရှောင်းယီ အပြုံးတုနှင့်ပြုံးပြလိုက်ပြီး ...
"ကောင်းမွန်တဲ့သူတစ်ယောက်အနေနဲ့ သတင်းပို့တယ်ဆိုတာ သဘာဝပါပဲ .. ဒါပေမယ့် နန်း အိမ်တော်က ကျုပ် အမတ်မင်းရဲ့ အိမ်တော်ဖြစ်နေတယ်လေ .. နန်း အိမ်တော်ကိုမတရားအမှုဆင်တာဟာ ကျုပ်ကိုအမှုဆင်စွပ်စွဲတာနဲ့ အတူတူပဲ .. ကိုယ့်နေရပ်ကမင်းသားကိုစွပ်စွဲတာဟာ တော်ဝင်နန်းတွင်းကအရာရှိကိုစွပ်စွဲတာနဲ့အတူတူပဲ .. တော်ဝင်နန်းတွင်းအရာရှိကိုစွပ်စွဲတာဟာ ပြစ်မှုမြောက်တယ်"
ပြစ်မှုတိုင်းကို အသေအချာ စီရင်ရမည်။
သခင်မ ချန် နှင့် ကျန်းယွမ့်ဝမ် တို့မှာ ကြောက်လန့်ကာ အသားများပင်တုန်နေပြီး မျက်နှာများမှာလည်း ဖြူဖတ်ဖြူလျော်ဖြစ်နေသည်။
ရှောင်းယီ က ထိုင်ခုံကိုလက်တစ်ဖက်နှင့်ထောက်ကာ
"ငါ့အမိန့်အရ သခင်မ ချန် နဲ့ ကျန်းယွမ့်ဝမ် တို့က နန်းတွင်းအရာရှိကို စွပ်စွဲခဲ့တဲ့တာကြောင့် ဒီအပြစ်ကို ခွင့်လွှတ်လို့မရနိုင်ဘူး .. ဒါပေမယ့်လည်း ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် ကျန်းတချန် ကိုပဲ ရာထူးကထုတ်ပြီးတော့ သူ့ဇနီးနဲ့သူ့သားကိုထိန်းကွပ်ဖို့ အစိုးရကိုပို့ရမယ် .. ငါ့ဘက်က နောက်ထပ် ညှာတာထောက်ထားမှုရှိမှာမဟုတ်ဘူး"
YOU ARE READING
အာဃာတပြန်တမ်း
Historical Fictionဘာသာပြန်သူ - Swae Nyoe Team ဇာတ်လမ်းအကျဉ်း နန်းပေါင်ရီ သည် ချမ်းသာကြွယ်ဝသောမိသားစုတွင် အလိုလိုက်ခံရကာ ကြီးပြင်းခဲ့သော်လည်း လူရွေးမှားလက်ထပ်ခဲ့မိပြီး သူမ၏မိသားစု ဖျက်ဆီးခံခဲ့ရသည်။ ပြန်လည်မွေးဖွားလာသည့်အချိန်တွင် အိမ်တော်ထဲမှ အဆင့်နိမ့်မွေးစားသားတစ်ယ...