Prologue(Unicode)

22.4K 581 34
                                    

အမုန်း။

ရန်ပွဲ။

တိုက်ခိုက်ခြင်း။
အစရှိတဲ့ အရာ တွေ နဲ့ လည်ပတ်လို့ နေတဲ့ ကျွန်ုပ် တို့ရဲ့ ကမ္ဘာ။

"ဘယ်တော့မှ ဒီစစ်ပွဲတွေ ငြိမ်းအေးမှာလဲ။
ဘယ်တော့ မှ ဒီလောဘတွေက အဆုံးသတ်မှာလဲ" လို့ ငယ်ငယ်ကတည်းက ဖခမည်းတော် ကို မေးမြန်း ခဲ့ပေမဲ့ ကျေနပ် တဲ့ အဖြေကို လဲတစ်ခါမှ  မရခဲ့။

ကမ္ဘာ လောကကြီးတစ်ခုလုံးကို ငါအုပ်စိုးပိုင်ဆိုင်မှ ငြိမ်းချမ်းမယ် ဆိုတဲ့ အတွေးအမြင် အဟောင်းကြီး တွေကို ဆုပ်ကိုင် ထားလျှက်သာ တစ်ယူသန်နေရင်း စစ်မက်တွေကိုဖြစ်ပွားနေစေဆဲ။

စိတ်ပျက်မိပါသည်။
ရွံမုန်းမိပါ၏။

အဝါရောင် ထနေသော ကြေးမုံပြင် ထဲ မှာ ထင်ဟပ်လို့နေသော ကိုယ့်ရဲ့ ပုံပန်းသဏ္ဍာန် ကို တစ်ချက်ကြည့်လိုက်မိရင်းသာ သက်ပြင်းကိုရှိုက်လိုက်မိရသည်။

စစ်တိုက် ထွက်ခါနီး သူ့ရဲ့ ပုံရိပ်သည် ကြေးမုံပြင်တွင် စိတ်မသက်မသာဖြစ်ဖွယ်ရာ ပေါ်ပေါက်လို့နေသည်။
ကျောပြင် နှင့် ရင်ဘတ်တစ်ခုလုံးတွင် ရွှေကြိုး ရွှေဆိုင်းများသာ ရစ်သိုင်းပတ်နှောင် လို့။

သံချပ်ကာ လေး အဝတ်အထည် လေး  တစ်ထည် တောင် မပါ။
ရင်ဘတ် တွင် အပြည့် ထိုးထားသော ထိုးကွင်းတွေ မှင်ရုပ် တွေမှာ သူ့ရဲ့ ပုံပန်းသဏ္ဍာန် ကို ပို၍ အားမာန်ပါစေ၏။

ခန္ဓာကိုယ် အောက်တွင်တော့ ပိုးသားအစစ် နှင့် ရက်လုပ်ထားပါသော ရွှေပိုးမျှင် ထည်။
လက် တွေ ခြေထောက် တွေမှာလဲ ရွှေရောင် ကြေးပတ်တို့ဖြင့် စည်းနှောင်ကာ နှင့် အကျဥ်းချထားသကဲ့သို့ ခံစားနေရသည်။

ဖြူဝင်းသော အသားအရည် နှင့် ခန့်ညားသော ရုပ်ရည် သွင်ပြင်က မြင်ရသူ အပေါင်းတို့အားကျေနပ် အားရစေမှာအမှန် ဆိုပေမဲ့ သူက တော့ ဒီပုံကို အားမရ။
ကိုယ့်ကိုယ်ကိုယ်လဲ မမြင်ချင်။

မည်သည့်အတွက် ကြောင့်အားမရ  ခြင်း၊ မမြင်ချင်ခြင်းဖြစ်ပါသနည်းဆိုရလျှင် အခုလိုစစ်တိုက်ထွက်ခါနီး လူတစ်ယောက်ရဲ့ပုံသဏ္ဍာန်ကြောင့် ဟုပင် ဆိုရမည် မှာ အမှန်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now