"ချွင်! "
ဦး ခေါင်းတစ်ခုလုံးလေးလံသွားရ၏။
ရွှေရောင် နဂါးရစ် ဦးကင်းအား မမြင် ရသော်လည်းဆံ မြတ် ပေါ်တွင် လိုက်ဖက်ညီ စွာ ရှိနေမှန်းကို တော့ သေချာ သိရနိုင်ပါသည်။သူ့ အား မြင်မြင်သမျှသည် အရာရာ ဦးခေါင်းကိုညွှတ်ချထားသည် ချည်း ပင်။
တောများ၊တောင်တန်းများ၊ မဟာပထဝီမြေကြီး ၊ စမ်းရေများ၊ မြစ်ချောင်းများ နှင့် ပင်လယ် သမုဒ္ဒရာ များ။
ထို့အတူ လူပုဂ္ဂိုလ် များ။
အရာရာအားလုံး ဦးခေါင်းကိုချထားကြသည်။ ဒူးထောက်၍ ပျော်ရွှင် ဝမ်းသာနေကြသည်။
"မဟာ ဇေယျာ သူရိယ သတ္တရ ဇေယျာ သိင်္ခ အရှင် မြတ်သည် ပြည်သူ အပေါင်း တို့ ၏ ငိုကြွေးခြင်းများအားချုပ်ငြိမ်း စေ၏။
ကောင်းကင် ဘုံ မှ နတ်ဒေဝတာ များ၏ အလို ဟောဒီ မဟာ ပထဝီမြေကြီး၏ အလို တော် အရ......
မြင့်မြတ်သော ကျွန်ုပ် တို့၏ အရှင်သည် ကျွန်ုပ် တို့၏ ဒုက္ခ ဆင်းရဲ ခြင်းအား မကြည့်ရက် တော့၍ ကောင်းကင်ဘုံပေါ်မှ ဆင်းသက်ကာ ဇေယျာသိင်္ခ မည်သော ရွှေပြည်ကြီးအား စိုးပိုင် တော် မူပါ!!!
အကျွန် တို့၏ ဒုက္ခ များအားအရှင့်၏ ဘုန်းတန် ခိုးတော် ဖြင့် ကယ်ဆယ် တော် မူပါအရှင်! "
မဟာဇေယျာ သူရိယ သတ္တရဇေယျာ သိင်္ခ တဲ့။
ရှည်လျားလွန်းသောအမည် နာမ ပါပင်။ထို့အပြင် ထိုနာမည် ထက်တွင် မြောက်မြားစွားသော တာဝန် များ နှင့် အသက် များ တည်ရှိ နေပေသည်။
နတ်ဘုရား တဲ့။
ကောင်းကင် ဘုံက ဆင်းသက်လာသည်တဲ့။မည်သည့် ကျမ်းဂန် က ဘုရင် ဆိုလျှင် ကောင်းကင်က ဆင်းသက်လာသည့် တမန် တော်ဟု ရေးသားထားခဲ့ပါသနည်း။ အကယ်၍ တစ်ကယ် ပင် ရေးသားသူ ရှိခဲ့သည် ဆိုပါလျှင် လက်ထဲမှာ ဆုပ်ကိုင်ထားသော ရွှေစင်ရတနာ ဓားတော်ဖြင့် လည်ချောင်းသွေးကို ဖောက်ထုတ် ပြစ်လိုက်မည် မှာအမှန်ဖြစ်သည်။
'ဆရာကြီး ယောဇယံ ရေ၊ သင့်ရဲ့ တပည့် က ဆရာကြီးသင်ပေးခဲ့တဲ့ လမ်းကြောင်းတွေက နေ သွေဖယ် နေရပြီ ။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...