Season 2- Part 18(U)

411 36 9
                                    

မျက်လုံးတွေ ပြာခနဲ ဝင်းလက်သွားသည်။
ရောင်ပြန်တစ်ချက် ဖြာထွက်သွား၏။
ဣန္နရာဇေ ၏ ဓားသွားမှ ဝင်းခနဲ တစ်ချက် နှင့် သူ့ ရဲ့ ခေါင်းမှ ခြေအစုံ တုံ့ခနဲ ရပ်သွားပြီ ထင်သည်။

မလှုပ် မရှားနိုင်တော့။
နံဘေး နားမှ တိုးဖွဲ့စွာသော လှုပ်ရှားသံ လေး အား နာဂရာဇေ မကြည့်ရဲ ။
မမြင် ရဲ။

"ချွင်"

"အား"
ဓားသံသည် ကျယ်လောင်လွန်းလှသည်။
ဣန္နရာဇေ ၏ ဝမ်းဗိုက် ဆီတွင် တော့ ဘာကိုမှ မမြင်နိုင်စွာ သူ ထိုးသွင်းလိုက်သည့် နာဂါနာဂန္တ ဓားတော်ကြီး စိုက် ဝင်ကာ လဲကျသွားသည်ကိုမြင်ရ၏။

"န နန်း အ အရှင်။ "

သေနာပတိချုပ် ရှင်းရန် ရာဇေ ၏ သူ့ကိုတုန်ယင် စွာခေါ် နေသံကို ကြား ရသည်။

ညီငယ် နှစ်ပါး၏ မျက်နှာသည် လည်း သွေးမရှိ တော့သလို ဖြူလျှော်လျှက် ။
လှည့်မကြည့်ရဲပါ။ ဘေးနားကို လှည့်၍မျှ မကြည့်ရဲပါ။

"မ မဟုတ်ဘူး..... မဟုတ်ဘူး...... "

"နန်း အရှင်...... ကြ ကြင် ယာတော် အရှင်......"

သူမကြည့် ရဲ ပေ။ အောက်ကိုငုံ့၍ မကြည့်ရဲပေ။ နောက်ကိုလှည့်၍ မကြည့် ရဲပါပေ။

"နန်း အရှင်....... "

ခေါ်သံတွေက သူ့အားတစ်စုံတစ်ခုကိုလှည့်၍ အတည်ပြုနေခိုင်းသကဲ့သို့ ရှိ၏။
သို့သော် သူကြောက်သည်။ ထို အရာကို ရင်ဆိုင် ရန် မှာ သူ့ဘဝ တွက် အကြောက်ဆုံးအရာ ဖြစ်ပေ သည်။

"မ ဟုတ်ဘူး..... မဟုတ်ဘူး မဟုတ်လား...... ရှင်း ရှင်းရန်....... ရှင်းရန်....... "

"ဒဏ် ဒဏ်ရာ ပြင်း ပါတယ် ဘု ရား..... ကြင် ကြင်ယာတော် အရှင်..... "

"မဟုတ်ဘူး!!!! မဟုတ်ဘူး‼! ကျွန်ုပ်ကို မပြောနဲ့‼! မပြောနဲ့‼! "

"နန်း အရှင်..... "

"နောင်တော်! "

"မဟုတ်ဘူး‼‼ မဟုတ်ဘူး‼! ကျွန်ုပ် ကျွန်ုပ် သူ့ကို မ မကြည့် နိုင်ဘူး‼! မဟုတ်ဘူး‼‼ "

"နာ နာဂ...... "

ဟင်!

တိုးဖွလှသော ခေါ်သံ ၏ အဆုံးသတ်တွင် တစ်လျှောက်လုံး တောင်တောင့်လုံးရပ် ကာ အရှေ့ကိုသာကြည့် နေခဲ့သော ခန္တာကိုယ်သည် အချစ်ရှိရာဘက်သို့ ထိုင်ကျသွားခြင်းဖြင့် တုံ့ပြန်လာ၏။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now