Season 1- Part 26(U)

856 77 7
                                    

"ဒုန်း!! ဒုန်း!! "

ဗဟို စည် တော်သံမှ အချက်ပြုသံ နှစ်ချက် မြည်ဟီးသွား၏။
မြေသား၏ တည် ရှိ နေမှုကို တောင်တုန်လှုပ် စေမည့် စည်သံ မျိုးပါပင်။
နှင်းမြူမကွဲသေးသော တိတ်ဆိတ်လှသည့် မနက် ဝေလီဝေ လင်း ထံတွင် ထိုအသံသည် အေးချမ်းစွာ တည် ရှိနေမှု အားဖြိုခွဲပြစ်လိုက်သလို၊
လမ်းတို့ရှိ ဆီးနှင်း တွေအား တုန်ခါ မှုဖြင့် ရုတ်ချည်း ရပ် တန့်သွားအောင် ပြုလုပ် လိုက်သလို။

ဇေယျာသိင်္ဒ တိုင်းသူပြည်သားတွေသည် ထို အသံကိုကြား သည် နှင့် လမ်းမ ထက် တွင် တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ ဖြစ်သလို ခိုး၍ လဲလျောင်း မှေးစက် နေရာမှ ထကာ ကြောက်လန့်တကြားဘေးဘီဝဲယာကို မျှော်ကြည့်ကြ၏။
သာယာလှပလှသော အိမ်မက်ကမ္ဘာထဲ သို့ အလည် သွားနေရာ မှ လောကငရဲ အား ရောက် ရှိနေကြကြောင်းကို အသိစိတ် ဝင်ကြရသည်။
ပြူးပြူးပြဲပြဲဖြင့်အေးစက်နာကျင်မှုကို အန်တု ကြရသည်။

သူတို့၏ ဘေးဘက် တွင် ကြိမ်ဆူးကြာ ပွတ်တို့အား ကိုင် ဆောင် ထားသည့် ဂဠုန် တပ်သားတွေအား မြင်လိုက်ရသည့် အခါ တွင် တော့ မျက်သလဲ ဆံပြာ နှင့်ကုန်းရုန်းထကာ မလှုပ်ချင်တော့သော ခန္တာကိုယ်ကို အလုပ်ပေးကြရပြန်သည်။
အဘယ်ကြောင့်ဆိုပါသော် မကြာခင် ကျရောက်လာမည့် ကြိမ်ဆူး ကြာပွတ်၏ ဒဏ်ကို ကြာကြာ မခံ နိုင်တော့သောကြောင့်ပါပင်။

လမ်းပေါ် ထက် တွင် ဖြစ်သလို အလုပ်လုပ်ရသူတွေပင် ယခု ကဲ့သို့ ဖြစ်တာလား၊
သွေးသံတစ်ရဲရဲ ဖြစ်နေကြသူတွေပင် ယခုကဲ့သို့ဖြစ်နေကြတာလား။

မဟုတ်ပါ၊ မဟုတ်ရပါ။
မိမိတို့ပိုင်ဆိုင်သည့် တဲအိမ်ငယ် အတွင်းတွင်
မှေးကနည်း အိပ်ပျော်မလို ဖြစ်သွားကြသော
မိန်းမသားတို့မှာလဲ ထိုစည်တော်သံကိုကြားသည် နှင့် အိပ်ရာထက် မှငုတ်တုတ် ထထိုင်ကာ အပြင်ကို မျှော်ကြည့် တတ်ကြစမြဲ၊
သွေးသံတရဲရဲ တစ်ပိန်ပိန် တစ်လှီလှီ နှင့်သနား စဖွယ် မိမိ၏ ယောက်ကျားကို များ တွေ့ လိုက်ပါလျှင် မျက်ရည် လည်ရွှဲ ဖြစ်ကာ ခြုံထားသော တဘက်ကလေးနှင့် မျက် နှာကိုတို့ကာ တို့ကာ သုတ်ရစမြဲပါ။
ကလေးများသည် လည်း ငိုနေသော မိခင် ကို လည်းကောင်း၊ ပင်ပန်းကြုံလှီ နေသောဖခင်ကိုတစ်လှည့် ကြည့်လျှက် ကြောက်လန့်စွာ ရှိုက်၍ရှိုက်၍ ငိုကြစမြဲ။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now