"ဖြစ်!! ဖြစ်!! ဖြစ်!! "
"ဝုန်း!! "
မီးညွန့်ကြီးများ ကောင်းကင် ပေါ်သို့ ထိုးတက်နေ၏။
အငွေ့ တို့သည် နဂါးတစ်ကောင်သဖွယ် ရှိ လှသည်။
တစ်ဖွဲဖွဲကျနေသော မိုးစက်မိုးပေါက်များသည် ထို မီးတောက် များကို မငြှိမ်းနိုင်။အရာဝတ္ထုများ လူများကိုတစ်ဖြစ်ဖြစ်လောင်ကျွမ်းသံ နှင့်ပူလောင် လွန်း စွာ ပြိုလဲ ပြုတ်ကျသံများသည် တစ်ပြိုင် နက်ထည်း လိုလို ထွက် ပေါ်လာ လေသည်။
"သေစမ်း!!! "
"ဂဠုန်ကောင် တွေ!! ထွီ!!!! "
"ချွင်!! "
"ဇွပ် !! "
"အား!! "
ထို အသံ များ ကလဲ အားကျ မခံပါ ။
အထက်ပါ လောင်ကျွမ်းသံ၊ တစ်ဘုန်းဘုန်းပြုတ်ကျသံ များ ထက် မတိုးအောင် ထွက် နေ ကြတော့သည် ပင်။မြေပြင် ပေါ်တွင် သွေးများ ချောင်းစီး နေသည်။
ထို သွေးချောင်းသည် တစ်ဖက်ကမ်းဆီမှ ကယာ မြစ် အတွင်းသို့ပင် သွားရောက် ရောစပ် နိုင်လောက် အောင် များပြား၏။ထို သွေးတို့ အား ဘိုးတော် ဣန္နရာဇေ နှင့် ဖခမည်းတော် တို့ အရံ လှေတပ် မှ မြင် မည် မှာ မလွဲပေ။
ထို့ အတူ ဒီ နေရာ သို့ တိုင်လဲ ချီတက် လာတော့မည် မှာ သေချာလှပေသည်။
မျက်စိ ရှေ့တွင် ဂဠုန် တပ်သားများ၏ ခန္တာကိုယ် မှ ထွက်လာသော သွေးညှီနံ့ များ နှင့် သူတို့ရဲ့ အသား များ၏ မီးလောင်ကျွမ်းသည့် ရနံ့ကို ရ နေသည်။ညှီသော်လည်း ရှူရှိုက် ၍ ကောင်းသည်။
ညှော် သော်လည်း နှာခေါင်း တွေကို ပိတ် ထားရန် မလိုအပ်ပါ။
ဒီရနံ့များသည် သူတို့၏ အောင်မြင်မှု။
သူတို့ကို မတရားသဖြင့်ကျွန်ပြုထားကြသောဂဠုန်တို့ ၏ ကျဆုံးမှုပင် ဖြစ်ပေသည်။"ဇေယျာသိင်္ခ နန်းအရှင်!!! အရှင်!! "
"ချွင်!! "
သူ၏ ဓားချက် ဖြင့် မြို့ရိုး အဝရှိ နောက်ဆုံးသော ဂဠုန်တစ်ကောင် ကျသွားပြီးချိန် တွင် အနောက် ဘက် ဆီမှ သေနာပတိချုပ် တရန်း ၏ သွေးများဖြင့်လွှမ်းခြုံနေသော ခန့်ထည် လှသည့် အသွင် ကို လှမ်း၍ မြင် ရတော့၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...