Season 2- Part 5(U)

323 23 11
                                    

ရာသီဥတု က ဆီးနှင်းများဖြင့် မှိုင်းညို့လျှက်ရှိသည်။
ကမ္ဘာလောကကြီးပေါ်ရှိစိမ်းညို့နေသည့် တောအလုံးစုံ၊ တောင်အသွင်သွင်၊သစ်ပင် အထပ်ထပ်က ထိုဆီးနှင်းတို့၏ အအေးဒဏ်နှင့်လေ၏ တိုက်စားမှုများကို ကြံ့ကြံ့ခံလျှက်ရှိပေသည်။
ကောင်းကင် တစ်ခွင်လုံး အဖြူရောင် မြူနှင်းတို့ဖြင့်သာ ကြီးစိုးနေသည်။
လေက အေးမြလတ်ဆတ် လှ၏။
အထူးသဖြင့်သူမ ယခု ရောက်နေသော နေရာသည်သည်အရပ်၏ အမြင့်ဆုံးတောင်ပေါ် ဖြစ်တာကြောင့်ပို၍ အအေးဒဏ်ကို ခံစားရနိုင်သည်။
အေးသမျှ အပေါ်ရုံလွှာထားရသည် အထိခိုက်ခိုက်တုန်အောင်အေးချင်းပင်ဖြစ်ပါသည်။
နေရောင်မလာသေးသည် မို့ အပေါ်ဝတ်ကိုတောင် နှစ်ထပ်သုံးထပ်လွှားထားရ၏။
အေးလွန်းသည် မို့ သူမ ကဲ့သို့စောစီးစွာ ထ၍ လှုပ်ရှားသွားလာ သူများမှ အစ မြို့ဂိတ် တွင်စစ်ဆေး နေကြသော ဂဠုန်အမှုထမ်း များ ပါ အပေါ်ရုံလွှာတွေ ကို ဆင်မြန်းကာ ခိုက်ခိုက် တုန်နေကြပေချိမ့်။

နာဂါနာဂန္တ မြို့တော် မုခ်တိုင် ကြီးနှင့် အနီရောင်ပတ္တမြားနန်းတော်ကြီးပင် မူရင်းရှိရင်းစွဲအရောင်မတောက်နိုင်ကြတော့။
နှင်းတို့က တစ်ဝက်တိတိ ဖုန်းလွှမ်းထားခြင်းကြောင့်ပင်။
ငွေမှင် ရောင် တွေက လောကကြီးကိုအရောင်ဖျော့အောင်ပြုလုပ်ပေးနေသော လိုက်ကာကြီး တစ်ချပ် နှယ် တည်း။

သူမကတော့ သည်လို အအေးမျိုးကိုသဘောကျ သည်။
သူမ တို့ လာခဲ့ရာ ဂဠုန်သိင်္ဒ ကုန်းမြေသည် အလွန်တစ်ရာမှ ပူသောအရပ် တွင် ရှိသည် ဖြစ်သောကြောင့် သည်လိုချမ်းအေးမှု မျိုးကို မခံစားရနိုင်။
အခုတော့ သူမ နှစ်သက်လှသော ယခုလိုအအေး ဒဏ်ကို ခံစားရပြီဖြစ်သည်။
သို့သော် သူမ ကောင်းကောင်းမခံစားနိုင်ပါ။
လူတစ်ယောက်ကို သူမရှာနေသည်။
ပထမဦးစွာသူများ တွေမထနိုင်သော အချိန် မှစလို့ ယခု လူစုံ သော အချိန် အထိ နာဂန္တ မုခ် ဝ နောက်ဆုံးလမ်းကြိုလမ်းကြားပါမကျန် ရှာခဲ့ပြီးပြီဖြစ်သည်။
အခု စျေးအတွင်းထဲရောက်လာသည့်တိုင်အောင်တွေ့ချင်သောသူကိုမတွေ့ရ။
ဇေယျာသိင်္ခမှ အထမ်းသည်များ၊ နာဂန္တမှ နဂါးတစ်ဝက် လူတစ်ဝက်ခန္တကိုယ် များကြားတွင် သူမလူတစ်ယောက်ကိုရှာဖွေနေသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now