Season 1- Part 33(U)

554 53 11
                                    

ညီမတော် စောနန်းဇေယျာ သည် မြင်းညိုကြီးပေါ် တွင် ငွားငွားစွင့်စွင့် ရှိလှသည်။
သူမရဲ့ အရှေ့ တွင်စန္ဒရီ သိင်္ဒ ကို တင်ကာပွေ့ထား၏။

ကျီးအာ သံ ပြုသည့် အချိန် တွင် ထွက်လာရမည့် သူများမှာ ရန် တို့ ဖြစ်ပါသော်လည်း အခုလို မိန်းမသားနှစ်ယောက် ထဲကို တွေ့ရသည့် အတွက် တော့ အနည်းငယ်အံ့ဩခြင်းဖြစ်ရပါသည်။
သူတို့ ဘာများဖြစ်ကြလို့ပါလိမ့်ဟူသော အတွေးများက သူ့ကို ဖိစီးနေစေ၏။

"အရှင်..... အချိန် မရတော့ဘူး..... "

"ဟင် ...... "

အနောက် ဘက်က ဆေးဆရာ ဆီမှ အသံထွက်လာသည်။
သူသည် ချက်ချင်း ပင် တစ်ခြားဟာ တွေ မတွေးနိုင် တော့ပဲ အချစ်၏ ဘေးသို့ ပြေးသွားလိုက်မိပါသည်။
အချစ်သည် တုန်ယင် လွန်းနေ၏။
မြင်ရသည် မှာ မချိလှသည် ကြောင့် အချစ်ကိုဆွဲထူ မကာ ရင်ခွင်ထက် တွင် ပွေ့ထားမိပါတော့သည်။
အပ်ပြန်ရှာ ရန် သတိရ၏။
သို့သော် မည်သို့ပြုရမည် မသိ။
သူတို့ မှာ အချစ်ကိုခေါ်ပြီးတစ်ခြား နေရာကိုထပ်သွားပါလျှင် လည်းဒဏ်ရာ အရှိန်ကြောင့် အသက်ဆုံးဖွယ် ပင်ရှိတော့သည်။
ထပ်ပြီး လှုပ်ရှားမှုဒဏ်ကို အချစ်ခံနိုင်မည့် ပုံမပေါ်ပါ၊

"ဟင် အရှင်.... "

ညီမ တော်သည် သူ့၏ အနားသို့ ရောက်လာ၏။
အကိုတော်ကို သွေးသံရဲရဲ မျှားတန်းလန်းနှင့်မြင်သော အခါ သူမ က မျက်လူးဆန်ပြာ နှင့်စိုးရိမ် တကြီးရှိ လှသည်။
သူက အားကိုးတကြီး နှင့် ညီမတော်ကို မေးမိပါသည်။
"ညီမ ညီမတော်..... ရန် ရန် တို့ဘယ် မှာလဲ ကျွန်ုပ် တို့ကျွန်ုပ် တို့အဲ့ဒိ နေရာကိုသွားမှ ဖြစ်မယ်........ "

"အဲ အဲ့တာ..... ဝေး ဝေးတယ်..... "

ဘာလို့ မှန်းမသိပါပဲ ညီမတော်သည် ဖြေရမှာကို တွန့်ဆုတ် နေဟန် ရှိ၏။
သူစိတ် မရှည် ချင်တော့ ပါ။
ဒီမှာအချစ်သည် အရမ်းကို တုန်ယင် နေပြီဖြစ်တာကြောင့် ဒေါသ များ လဲ အလွန်အမင်း ထွက်နေပြီဖြစ်သည်။

"ဘယ်မှာလဲ လို့မေးနေတယ် လေ!! "

သူ့ရဲ့ ရင် ဘတ်တွေ တစ်အား ပူလောင် နေပေပြီ။
ရင်ခွင်ထဲမှာအချစ်တုန်ယင် နေသလောက် သူကိုယ် တိုင်လဲ တုန်ယင် နေသည်။
အချစ်နာကျင် နေသလောက် သူကိုယ် တိုင်လဲ နာကျင် နေပါသည်။
အချစ် ထက် သူ့ရဲ့ ကိုယ် မှ ချွေးစေးများမှာလဲ ပို၍ ပြန်နေ၏။
ဆေးဆရာက သူ့ကို ဦးခေါင်းညွှတ်ပြီး လက်ကာပြသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now