"ကျား!!! "
"သေစမ်း!!!"
"ချွင်!! "
"နာဂရာဇေ ရဲ့ဦးခေါင်းကို ကျွန်ုပ်ရဲ့ ခြေထောက်အောက်ကို ယူလာခဲ့ကြစေ!!!! "
"အရှင့်သား!!! "
တလင်းပြင်ထက်တွင်းသွေးညှီ နံ့တို့ လှိုင်လှိုင်ထနေသည်။
စည်တော် ဗုံသံများမှာလည်း ပွက်လောရိုက် ဆူညံလျှက်သာ။
ဘီလူးသဘက် ဝင်စီးနေသကဲ့သို့ တစ်ယောက်ကို တစ်ယောက် ခုတ်ထစ် လို့နေကြသည်။
ပြိုးပြိုးပြောင်လက်သော ဥဿာဖျားကြိုးဆွဲတွေအား ဆင်မြန်းကာ ဘီလူးခေါင်းတွေ ဖြင့် ကြောက်မက်ဖွယ် လူတွေသည် ရွှေရောင် ပတ္တမြားရောင် တို့ ရောယှက်သန်းနေသော လူတွေအားဒေါသ တကြီးပင် ကိုက်ဖျက်စားတော့ မယောင်။
သတ်စားတော့မယောင် ခုတ်ပိုင်းလို့နေပါသည်။မျက်နှာကိုလည်းကောင်း၊
လည်ပင်း ကိုလည်းကောင်း၊
နှလုံးသားအလည်တည့်တည့်ကိုလည်းကောင်း၊
သေစေနိုင်မည့် နေရာတွေကိုသာ ရွေးကာ တိုက်ခိုက်လို့နေကြပါတော့သည်။အားလုံး၏ မျက်နှာ ပေါ်တွင် သွေးစသွေးန တွေက အပြည့်အသိပ်။
သို့ပေမဲ့ သူတို့သည် ထိုသွေးတွေအားကြောက်ရ ကောင်းမှန်းသိဟန် မတူ။
ညှီစရာ ကောင်းမှန်းသိဟန် မတူ။
ကိုယ့်ရန်သူ တစ်ယောက်အား အပိုင်းပိုင်းခုတ်ထစ်လိုက်နိုင် ၍ ထွက်လာသောသွေးတို့အား အားရပါးရပင် မြှိန်ယှက် စွာသုံးဆောင် နေကြသည်။
ဂုဏ်ယူနေကြပါသည်။ဓားချက် ၊လှံချက် မိသွားသူတို့ ၏ အော်ဟစ်သံများမှာ ဗုံသံ တို့နှင့် ရောလျှက်ရှိကြကုန်၏။
တိုက်ပွဲမှာ အရှိန်ပြင်းထန်လျှက်ပင်ရှိသေး၏။
ဆင်းခြင်း ဆင်ခြင်းသည် လည်းကောင်း မြင်းခြင်း မြင်းခြင်း သည် လည်းကောင်း၊
လူချင်း လူချင်သည် လည်းကောင်း တိုးဝှေ့တိုက်ခိုက် လျှက်ပင် ရှိပါသေးသည်။ဒါပေမဲ့ အင်အားအရ တော့ဥဿဖျား ဝတ် လူ တွေဆီမှ အနိုင် ရသလိုဖြစ်၍ နေသည်။
ဒါ့အပြင် သင်းတို့သည် ဓားဖြင့် ခုတ်၍ မရ ၊
ပိုင်း၍ လဲ မပြတ်နိုင်။
ကြာလာတော့ ရွှေ ရောင်ဝတ် လူတွေမှာ အားအင် ဖျော့ နဲ့ လာကြသည်။
ထူးဆန်းလွန်းတာကြောင့် တစ်ဖြည်းဖြည်းနှင့် ကြောက်ရွံ့လာကြကုန် တော့သည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...