Season 2- Part 4(U)

343 30 7
                                    

"ကျား!! "

"ဟမ်း! တက်!! "

မြင်းခွာသံ တွေ က မြို့ရိုးမှ တစ်ဆင့် ဝေးဝေးသွား နေသည်။
နေလုံးနီနီ ဝင်ရာ အရပ်သို့ ဂဠုန် သိင်္ဒ ၏ ကြက်သွေးရောင် ‌အလံတစ်လူလူ နှင့် ထွက်ခွာသွားသော နာရာဇ ခင်းယျန် ဆိုသူ သကောင့်သား၏ လှုပ်ရှားနေသောကျောပြင်ကိုကြည့် ရင်း ခုနတုန်းကအချိန်ကို ပြန်တွေးကာ သတ္တရ ရာဇေ ရယ်ချင်လာမိ၏။
နာရာဇ ခင်းယျန်သည် သည်လို သေနင်္ဂဗျူဟာ များကို သူကိုယ်တိုင်အစီအရင် ချနေပြီး၊လေ့ကျင့်ရေးဗျူဟာကိုပါ တစ်ယောက်ထည်း လုပ်ဆောင်သည်ဟုကြားသော အခါ ဖြစ်သွားပုံမှာ ရယ်ချင်စရာပင် ကောင်းသေးတော့။
နာဂ ကတော့ သူ့ပုခုံးကိုဖက်ရင်း ဂုဏ် ယူဝံ့ကြွားစွာပြုံးကာ နာရာဇ ခင်းယျန် ကိုခပ်မဲ့မဲ့ ကြည့်နေခဲ့တော့သည်။
ယခုပြန်သွားသည့်အချိန်အထိ တိုင်အောင်နာရာဇ ခင်းယျန် က ထိုအကြောင်းကို တွေးပြီး နေထိ ထိုင်သာရှိလှပုံ မပေါ်ပါ။

"အချစ်...... ဘာတွေကြည့် နေတာလဲ အချစ်ရယ်...... ဥာဥ့်လဲ နက်လှပြီ ကျွန်ုပ် တို့အတွင်းဆောင်ကိုဝင်ကြပါဆို့...... နက်ဖန် ဆိုရင်ပဲ တိုက်ပွဲအတွက်ခရီး စရတော့မယ် မဟုတ်လား...... ဒီညတော့ကျွန်ုပ် တို့ရဲ့တပ်စခန်းတစ်ခုလုံးအားအင်ပြည့်နေဖို့လိုတယ်...... "

သတ္တရရာဇေ ခေါင်းကိုညိမ့်ကာ နာဂ၏ လက်ကို တွဲ၍ သူတို့နှစ်ဦးစက်ရာဆောင်ကို လှမ်းဝင်ခဲ့တော့၏။
လမ်းတစ်လျှောက် တွင် တွေ့ရသော ရဲမက် ၊သေနာပတိများမှာဦးညွှတ် ၍ လည်းကောင်းဒူးတုပ်၍ လည်းကောင်းအရိုအသေပြုသွားကြသည်။
သူတို့ အတွင်းဆောင်သို့ရောက်သောအခါ တွင်မူ ဝန်းကျင် သည် အမှောင်ထုက ကြီးစိုးသွားပြီ ဖြစ်ပေ သည်။
ရွှေရောင် ရွက်တံခါးငယ် တို့ တွင် ဖယောင်းတိုင်၏ ဝါကျင့်ကျင့် မီးရောင်က အပြင်သို့ လျှံကျ နေတော့မည်။
သူသည် ဆီစိမ်ထားသော ဖယောင်းတိုင်အား မီးစညှိပြီးမှန်ချပ်ဖြင့်အုပ်လိုက်သောအခါ တစ်ခန်းလုံးက ဝါကျင့် လင်း ထိန် သွား၏။

နာဂက ရွှေသလွန်ပေါ်တွင် တစ်ခြမ်းစောင်းထိုင်ရင်း သူ့ကို ရင်ခွင်ထဲထည့်ထားသည်။
သူ့ရဲ့ ဆံပင် တွေ အား အမြတ်တနိုး ပွတ်သပ် တော့ သူကလဲ နာဂ၏ ငွေမှင်ရောင် ဆံပင်လေးတွေကိုခပ်ဖွဖွ ပြန်လည် အုပ်ကိုင် နေမိ၏။
တစ်နေ့တာ ပင်ပန်းသမျှကို ဖြေဖျောက် နေသည့်သဘောပါပင်။
သူလဲထို့အတူ ဖြစ်သည်။
နာဂ၏ ရင်ခွင်သည် ဒီကမ္ဘာလောက၏ဘယ်အရာနှင့်မှ မတူလှပါ။
သူ့အတွက် တစ်ခုထည်းသော နွေးထွေးလုံခြုံရာ အရပ်ပင်ဖြစ်လေသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now