"အား!!! အ !! အ!!! "
"တော်ပြီ!!!! တော်ကြပါတော့!!! အား!!"
နာကျင်သွေးပျက် စွာအော်ဟစ်လိုက်သံသည် အထက်ကောင်းကင် သို့တိုင်အောင်ပင် တက်သွားလေသည် လားမသိ။
ထို အသံကို ရုတ်တရပ် ကြားလိုက်ရသူ ဆိုလျှင် တော့ လန့်ဖြန့်ကာ လမ်းလျှောက်နေရာ မှတောင် ရပ်တန့်သွားနိုင်ပါသည်။
အသည်းငယ် သူဆိုလျှင် လန့်ဖြန့်ကာပင် ထွက်ပြေးသွားနိုင်ပါသည်။မှောင်မိုက်သော အခန်းကျဥ်း၏ အဝါညစ်ရောင် အုတ်ကျက် တို့ ဆီတွင် ညှော် နံ့နှင့် မီးခိုးနံ့များ တစ်စတစ်စ စွဲကပ်နေ၏။
နေ၏ အလင်းရောင်မရှိသောကြောင့် မှိုနံ့နှင့် သွေးနံ့ ချွေးနံ့တို့က အခန်းကို ပိုပြီးညှီစို့ အောင်ပြုလုပ်ပေးနေကြသည်။
ပုံမှန် ထွက်ပေါ်နေသော အော်သံနက်နက် တို့က သည်အခန်းအား ပို၍ ကြောက်မက်ဖွယ်ကောင်းစေသော အချက်ဖြစ်နေ၏။"ရှဲ!!! "
"အား!!! အား!!! ခွေးကောင် တွေငါ့ကိုသတ်လိုက်!!! ငါ့ကိုသတ်!!!
ဒီလို လုပ် မနေပဲ ငါ့ကိုသတ်!!!! "မဲမှောင်နေသော အခန်းကျဥ်း အတွင်း မှ ထွက်ပေါ်လာသော အော်သံများအား မည်သူ တစ်ဦးက ကယ်ဆယ်နိုင်ပါမည်နည်း။
မည်သူ တစ်ဦးက စုတ်သပ် ပေးနိုင်ပါမည် နည်း။
အသားမီးစွဲသည့် ညှော်နံ့ နှင့် တစ်ပြိုင်နက်ထည်းထွက်လာသော အသံကို ခြစ်ကုတ်ပြီး အော်ဟစ်လိုက်သံ ကြီးသည် ကယ်ဆယ်မည့် လူကိုတောင်ပြန်ပြေးထွက်သွားစေအောင် ပြင်းထန်ပေသည်။ထိုအခန်းအပြင်ရှိ အစောင့်တို့ တောင် သည်လို အသံမျိုးတွေကို ကြား နေဖူးကြဖြစ်စေကာမူ ယခု အော်သံကြီးတွင် တော့ ဘယ်လို မှ မနေနိုင်တော့ အောင်ကြက်သီးထသွားကြဟန်ဖြင့် ချွေးသီးချွေးပေါက် တွေပြန်နေကြပေတော့သည်။
သူတို့၏ လက် တွေတစ်ဆတ်ဆတ်တုန်ယင် နေကြသည်။
ခံနေရသူ နေရာ တွင် ငါတို့ သာ ဖြစ်လိုက်ရင် ဟူသော အတွေးသည် မဖြစ်နိုင်မှန်းသိစေကာမူ သူတို့ ဘဝ တစ်ခုလုံးကိုတော့ အပြင်းအထန် ခြောက်ချားနေစေပါ၏။အဘယ်ကြောင့်ဤမျှ နှိပ်စက် နေကြ ပါသနည်း။
အဘယ်ကြောင့် အကုန်လုံးလင်းထိန်းနေသော နေ့အလင်းရောင်တွင်ပင်ထိုအခန်းတစ်ခုထည်းကို အမှောင်ချ ထားရပါသနည်း။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...