Season 1-Part 2(U)

3.7K 264 50
                                    

မျက်စိ ရှေ့ မှာ တစ်ဆုံးမြင် နေရသော ရွှေဝါရောင် ရွက်ဖျင် တဲငယ်တွေ။
နေဝင်မိုးချုပ်ပြီ ဖြစ်တာကြောင့် ပုဇွန် ဆီရောင် သန်းလို့နေသော ကောင်းကင် ကြီးတစ်ခွင်။
မီးခိုးငွေ့တစ်လူလူ နှင့် အအေးဒဏ်ကိုကာကွယ်ရန်ဖိုထားသော မီးတောက်မီးလျှံတို့ကြားမှ စခန်းငယ်တစ်ခု။
ထိုစခန်းတွင်းရှိ လူအကုန်လုံးနီးပါးမှာ ခရီးပန်းလာတာ ကြောင့် ရော လတ်တလော တွင် တိုက်ပွဲဝင်ထားတာကြောင့် ရော ဖြစ်တာကြောင့် ဆိုင်ရာ တဲများထဲတွင် အနားယူနေကြပြီ။
စားသောက်ရန်၊အိပ်စက်ရန် ပြင်ဆင်နေကြပါလေပြီ။
သို့သော် တာဝန်ကျသူ အစောင့်များနှင့် သတ္တရ ဇေယျာ မှ လွဲ၍ ပါပင်။

စခန်းကင်းစောင့်ရန် တာဝန်ကျသူများက စခန်း အတွက်ဖြစ်၍ အနားယူ၍ မရသေး။
သတ္တရ ဇေယျာ ကတော့ထိုသို့မဟုတ်။

ဘာတာဝန် မှ မရှိတော့သည့် တိုင်အောင် သူ မနားနိုင်သေးပါ။ နားဖို့လဲ စိတ်ကူး၍ မရ။
သူ့ အတွက် သီးသန့် ဆောက်လုပ်ထားပါသော ရွှေရောင် ရွက်ဖျင်တဲ ငယ်အတွင်းသို့ လဲ မဝင်နိုင်။
လက် အတွင်းမှာ ကိုင်လို့ ထားသော နဂါးရစ် ဦးကင်းလေး အား ကြည့်၍ သာ မတ်တပ် ရပ်နေမိဆဲ။
ဖြစ်ခဲ့သည့် တိုက်ပွဲအတွင်းမှာ လျှင်မြန်လွန်းစွာ သူ့ စိတ်တွေ ဘာဖြစ်လို့ဖြစ်သွား မှန်းမသိအောင် နာဂရာဇေ အပေါ်၌ တွယ်ညိလို့သွားခဲ့၏။
တင်းထားခဲ့သမျှစိတ်တွေသည် သတိလက်လွတ်စွာ လျော့လျဲသွားခဲ့ရသည်။
ကိုယ့်ရဲ့ ရန်သူ တစ်ယောက်....

ရန်သူတောင် ရိုးရိုးမဟုတ်သည့် သူ့အား မုန်းနေသူ တစ်ယောက်။ သူကိုယ်တိုင်ကလဲ အတ္တကြီးမားလွန်းသည်ဟု ထင်ကာ မုန်းတီးလွန်းခဲ့သူတစ်ယောက်။
ပြောရမယ် ဆိုလျှင် ထိုနာဂရာဇေကို သူသည် သက်တော် ဆယ့်သုံး လေးနှစ် အရွယ်၊ စစ်တိုက်ထွက်နိုင်တဲ့အချိန်ကတည်းက သိခဲ့ခြင်းပါ။
အလိုရမ္မက် ကြီးသူ တစ်ယောက်။
လောဘ ဒေါသ တို့ဖြင့်သာ ပြည့် နှက်နေသူ တစ်ယောက်ဟု သိထားပြီး သူကိုယ် တိုင်လဲ ဆိုခဲ့ပြီးသည့် အတိုင်းတစ်ကယ်ကိုစက်ဆုပ် ခဲ့ဘူးသည် မဟုတ်ပါလား။

'ဘာဖြစ်လို့ အခုလို။
ဘာဖြစ်လို့လဲ။ '

"အရှင့်သား.... "

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now