Season 1-Part 30(U)

805 65 8
                                    

"နာဂါ နာဂန္တ ကနေ ကြိုဆိုပါတယ် အချစ်...... "

မျက်စိရှေ့တွင် မြင်နေရသော အရာသည် တစ်ကယ့် နာဂန္တ ပါလားဟု မယုံကြည်နိုင်လောက်အောင် ဖြစ်ပေါ်စေ၏။
နာဂသည် သူ့ကို ကြည့် ပြီး ခပ်ရေးရေးပြုံးကာ အရှေ့ကို ညွှန်ပြလို့နေလေသည်။
တစ်ညဥ့်တာ အိပ်စက် အနားယူပြီး အတက် ခရီးကို စိတ်အထင် အရဆိုလျှင် နေ့ဝက်လောက် ခက်ခက် ခဲခဲ တက်ခဲ့ ရ၏။
ကျောက်ဆောင် များဖြင့် သူ့ရဲ့ ကိုယ်ခန္တာ သည် ပွတ်တိုက်ခြင်းတို့ဖြစ်ပေါ်ကာပြဲရှခဲ့သည်။
ခြေထောက် တွေသည်လည်း ခြေဝတ်ကနေတောင် ဖောက်ကာ ဝင်လာသည်ခဲလုံးနှင့်ကျောက်ဆိုင်ကျောက်သားတွေကြောင့် ပွန်းရှကြမ်းတမ်းခဲ့ရ၏။
သို့သော်လည်း မာန်ကိုတင်းကာအံကြိတ်၍ မတ်ဆောက် လှသော လမ်းအား ကျောက်ထစ်တွေကို ကုပ် ကပ်ရင်း တက်ခဲ့ရသည်။

နာဂက အပေါ်ကိုရောက်ချိန်တွင် သူက အောက် မှ တွန်းတင်ပေးခြင်းဖြင့်လည်းကောင်း၊
နာဂက သူ့အား ပုခုံးပေါ်မှာ ခြေထောက်ကို ထမ်း၍ တစ်ဖုံ ခက်ခက်ခဲခဲ နှင့် တက်ခဲ့ကြရပါသည်။
ထွက်လိုက်သည့် ချွေးတွေ မှာလည်း ရေ နှင့်ပင် အလားသဏ္ဍာန် တူလွန်းတော့သည်။
ထို့အတွက်ကြောင့်လား မသိခဲ့ပါ။
လက် တွေသည် ကျောက်ထစ်ကို ကုတ်ရာတွင် တော် တော်ကိုခက်ခဲလွန်းခဲ့၏။
ခဏခဏ လျှောကျ နေသည်ကြောင့် လက်ကိုခါ ကာ ကျောက်နံရံတွင် ပွတ်တိုက်ခဲ့ကြရပါသည်။
သွေးတို့ မထွက်ထွက် အောင် အံကြိတ်၍ပွတ်ပြီးကာ မှ ကြမ်းရှသွားသော လက်တို့ဖြင့် အပေါ်ကို ဆက်တက်ခဲ့ရသည်။
နာဂက လည်း အမြုတေ မရှိချိန်ဖြစ်၍ သူ့ထက်တောင် ပင်ပန်းကြီးစွာ တက်ခဲ့ ရလေသည်။
ထိုသို့သော ဇွဲဖြင့် တက်ပါမှ အခု နောက်ဆုံးတွင် အပေါ်ရောက်လာရခြင်းဖြစ်တော့သည်။

သို့ပါသော်လည်း မောဟိုက်နေသော ရင်အစုံသည် အပေါ်ကို ရောက် ၍ "နာဂါ နာဂန္တ"
ဟု ရေးထိုးထားသော မုခ်တိုင်ကို မြင်ကတည်းက အမော ပြေသွားသည် ဟုပြောလျှင် မှန်ပါမည်။
နာဂသည်လည်း ထိုနည်းလည်းကောင်းပါပင် မွေးရပ်ငှာနီ အိမ်ကို ပြန်ရောက်လာတာကြောင့် အထူးပင် ရွှင်လန်းတက်ကြွနေ၏။
"နာဂန္တ" သည် အလွန်ကို လှပလွန်းပါသည်။
ထိုထက်ပိုသော စကားများ ရှိလျှင်တောင် ပြောမိချင်သေးသည်။
အမြင့်ဆုံးတောင်ထွတ်ပေါ်တွင်တည် ထားသည့် မြို့ဖြစ်၍ လားမသိပါ ။
အလွန်တစ်ရာမှ အေးချမ်းလွန်းပြီး အပြာရောင် အဇဋာ ကောင်းကင် နှင့် ထိကပ်လုမတတ် ရှိနေ၏။
မိုးကုပ် စက်ဝိုင်း သည်ရော တိမ်သားတိမ်လိပ်တို့သည်ရော သည်မြို့ ရဲ့ အောက်ဘက် ဆီတွင် ပင် တည် ရှိနေသလို ခံစားစေရပါသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now