"မြင့်မြတ်လှသော သင့်၏ ဝိဥာဏ် တော် !!!
ဇေယျာသိင်္ခ နာဂါနာဂန္တ နှစ်တိုင်း နှစ်ဌာန ကိုအစိုးရတော်မူသော အရှင် နှစ်ပါး၏ ကျေးကျွန်ရင်း မဟာ သေနာပတိချုပ် တရန်းဇေယျာ !!
သင့်၏ ဝိဥာဏ် တော်သည် ဇာတိချက်ကြွေ ဤနေရာသို့ပြန်လည် ၍ ကြွရောက်ပါရန် ဖိတ်ခေါ် အပ်ပါသည်။ ""ဇေယျာသိင်္ခသည် သင့်၏ စွန့်လွှန် အနစ်နာ ခံမှုဖြင့် မသမာ သူ၏ လက်အတွင်း မှ လွတ်မြောက်ခဲ့လေပြီ!!!
ကြွရောက်တော်မူပါ! မြင့်မြတ်သော ဝိဥာဏ်တော် သည် ဤ ဇေယျာသိင်္ခ ရွှေနန်းတော် ထက်သို့ကြွရောက်တော်မူပါ!!! ""ကျွီ! "
နတ်ဝင်သည် ၏ ကျယ်လောင်လှသော ထို အမိုက်မှောင် စကားတို့၏ အဆုံးပိတ် တွင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
မကြာသေးခင်ကမှ ပြန်လည် သိမ်းပိုက် ထားခဲ့ သော ဇေယျာသိင်္ခ ၏ ရွှေနန််းတော် တံခါးဝသည် မူရင်းပိုင်ရှင် တွေအတွက် တော့ မုန့်ရသော ကလေးငယ်တစ်ဦးနှယ် ပျော်ရွှင်စွာဖွင့်ဟ ပေးထားလေသည်။
သို့သော် ထိုပျော်ရွှင်မှု တွေထဲတွင် ထိုတံခါးကြီးဝမ်းနည်းနေမည် မှာသေချာလှသည်။
သူ့၏ ရင်နှစ်သည်းချာ သားရတနာတစ်ဦးသည် သူပျော်ရွှင်စွာပြန်လည် ဖွင့်ဟ နိုင်သောအချိန်တွင် မှ မျက်ကွယ် ပြုသွားခဲ့ပြီ မဟုတ်ပါလော။အလင်းတန်းများကြားမှ သေနာပတိချုပ် ဝင်ရောက်လာခဲ့ပြီ။
"မဟာ သေနာပတိချုပ်ကို အလေးပြု! "
သံတော်ဆင့် တစ်ဦး၏ အသံနက်ကြီးသည်အားလုံး၏ မျက်ရည် ပင်လယ်ကိုပိုပြီးတော့ ကျယ်ပြန့်အောင်ပြုလုပ်ပေးသကဲ့သို့ ရှိ၏။
"ဂေါယာ သိင်္ဒ" သေဆုံးစဥ်က ကဲ့သို့ သေနာပတိချုပ်၏ မြင့်မြတ်သော ခန္တာကိုယ်အား သွေးသောက်ညီနောင် အကိုအကြီးဆုံးဖြစ်သူ နန်းသျှင် ဇေယျာသည် အံကိုတင်းတင်းကြိတ်ရင်း လှည်းကိုဆွဲဝင်လာခဲ့သည်။
အကိုလတ် ဂါတ္တရဇေယျာ သည်လည်း ဘေးတွင် ဆံမြတ်တို့ကိုဖြန့်ချလျှက် အဖြူရောင်ဝတ်စုံ ဖြင့် ဖိနပ်မပါခြေဗလာ လှမ်းဝင်လာခဲ့လေသည်။သတ္တရ ရာဇေ အံကိုတင်းတင်းကြိတ်ကာ ကျလာသောမျက်ရည် များ အား မသုတ် မိတော့။
နာဂရာဇေ သည် သူ့၏ ဘေးတွင် အရင်တစ်ချိန်ကလို ပုခုံးကိုကိုင်လျှက် အားပေးနေပေတော့သည်။
တရန်း၏ အလောင်းကို သယ်ယူလာပုံ ထို့အပြင်၊ သူထိုးပေးထားသောဓားအားမရှောင်ပဲ ရင်ကော့၍ နန်းတော် ပေါ်သို့ နန်းသျှင် တက်ပုံ၊ အလောင်းကိုဘေးမှာချကာ သွားလိုရာသွားနိုင်ကြောင်းလွတ်လပ် ခွင့်ပေးပုံ တို့ သည် ဟိုးအရင်တစ်ချိန် ဂေါယာ ၏ စျာပန ကဲ့သို့မည်သို့မျှ မထူးခြားခဲ့ပေ။
ထိုစဥ်အချိန်ကအတိုင်း အလွန်အမင်း နာကျင်ရသည် မှာလည်း မပြောင်းလဲပါပေ။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Ficción históricaဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...