"ဇေယျာ သိင်္ခ တစ်တပ်..... "
"အနောက် ဘက် စစ်မျက် နှာ မှာ သယန္တော ရဲ့ မဂ္ဂ သိင်္ခ တစ်တပ်..... "
"နန်းသျှင် ရဲ့ ဒီပါ သိင်္ခ တစ်တပ်..... "
"ဂါနန္ဒ ဇေယျာ တစ်တပ်..... "
"အဲယျင် မွန် ဇေယျာ တစ်တပ်.....
ပေါင်း ငါးတပ်.....ဇေယျာသိင်္ခ တပ်ကို ကျွန်ုပ် ကိုယ်တိုင်ဦးစီးမယ်......
ညီတော် နန်းသျှင် ရဲ့ တပ် ကို ရှေ့ပြေးအဖြစ် စေရမယ်..... ""သယန္တောရဲ့ တပ်က အရံ ဖြစ်ပေမဲ့လည်း တော ထဲ တောင် ထဲ မှာလိုအပ်လာရင် တိုက်ခိုက်ဖို့ ပုန်းကွယ် နေရမယ်...
အကယ်၍ ဂဠုန် နဲ့ ယက္ခက စစ် ချီမယ် ဆိုရင် ဇေယျာ သိင်္ခ ကို ရောက်ဖို့ မဖြစ် မနေ အဲယျင် ရဲ့ "မင်္ဂလာ ဇေယျာ" ကိုဖြတ်ပြီးမှရောက်မှာပဲ....
ဒီတော့ အဲယျင် သင်က သူတို့ကိုပူးပေါင်းဟန် ပြုပြီး ကောင်းကောင်းကျွေးမွေးဧည့်ခံထားပါ...
သင်က ကျွန်ုပ် ကို သစ္စာဖောက်ဟန်ပြုပါ....
ပြီးလျှင် ကျွန်ုပ် တို့ ဆီကို မပြတ်သတင်းပို့ရမယ်....
မြို့ရိုး ကျုံး စတာတွေကို ဒီရက် တွေအတွင်းမှာ သေသေချာချာစီစဥ် ထားပါ..... "အဆုံးသတ် အမိန့်စကားကို ပြောကြားပြီးသည် နှင့် သတ္တရ ဇေယျာ မောပန်းလွန်းလှစွာ သက်ပြင်း မောကို ရှိုက်လိုက်မိတော့သည်။
"မှန်ပါ!!!"
အားလုံး သူ့ရဲ့ စစ်ရေးစီမံခြင်းကိုဦးညွှတ်နာခံလိုက်ကြပါသည်။
သူတို့ အခု မကြာခင် ဖြစ်ပေါ်လာတော့မည့် စစ်ပွဲကြီးအတွက် စစ်ရေးဗျူဟာ ချမှတ်နေခြင်းပါပင်။
ဇေယျာသိင်္ခ၏ ပွဲလမ်းရ တပ်မှူးကြီးများ၊ ကိုယ်ရံတော် တပ်ဖွဲ့များ၊ သေနာပတိချုပ်ကြီးများ နှင့် နောက်ဆုံး စစ်ထွက်လဲလှသော ညီတော်လေး နန်းသျှင်ဇေယျာပါ ပါပါလေသည်။သူက စည်းဝေး ရာ နေရာ တွင် ထိုင် နေသူများကို ဝေ့ဝဲကာ ကြည့်မိတော့ ညီတော် နန်းသျှင် ဇေယျာ က သူ့ အား မသက်မသာ ဖြစ်နေသည့် မျက်လုံးများဖြင့် စိုက်ကာကြည့်နေသည်ကို တွေ့လိုက်ရတော့၏။
ညီတော့်ထံတွင် မေးချင် နေသည့် မေးခွန်းများ ရှိနေမှာ သေချာသည် မို့ သူက ပင် စကား ဖွင့်ပေးလိုက်ရပါသည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Tiểu thuyết Lịch sửဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...