Season 2- Part 20(U)

404 35 6
                                    

နားထဲ တွင် သာယာငြိမ့်ငြောင်းလှသောစောင်း သံ သည် တစ်ချောင်းခြင်း ရှိက်ငင်လျှက် နှလုံးသားကို အဝေးတစ်နေရာ ဆီသို့ ဆွဲဆောင် နေ၏။
ကြိုးတစ်ချောင်းခြင်း ဆီသည် သာယာလွန်းသော စောင်းရှိုက်သံကို ပေါ်ထွက်စေသည်။

တစ်တုံတုံ ဖြင့် နိမ့်မြင့်တက်ကြွကာ ရေစက် ရေပေါက် လေးတွေ အနားမှ ဖြတ်သန်းသွားကြသည်။

နှလုံးသား သည် ထို ရေအလျှဥ် စီးဆင်းရာနောက်သို့ လိုက်ပါသွား၏။

သမုဒယ စိတ် အခံ ၏ စောင်းရှိုက်သံ မြစ်ရေစီးချောင်းသည် မည်သည့် နေရာ တွင်မှ ရပ်ပါမည်နည်း။
စိမ်းညိုရောင် တောင်တန်းတွေ၏ အောက်ခြေ တွင် မှလား။ သို့မဟုတ် သည်ကမ္ဘာလောကကြီး တစ်ခုလုံးအားပတ်ခွေစီးဆင်း နေသော မြစ်ချောင်း အင်းအိုင် တွေ ရဲ့ အဆုံးထိလေလား။
မရပ် ပါစေနှင့်လေ။ သည်စောင်းကြိုးရှိုက်သံတွေက သူ့အား တစ်နေရာသို့ခေါ်သွားနိုင်ပါစေ။
တစ်ခြားဘယ်နေရာ ဆီမှမဟုတ်ပဲ သူ့ အား နှလုံးသားရှိနေရာ မြစ်ဖျား ဆီသို့ခေါ်ဆောင်သွားစေနိုင်ပါစေလေ။

နှစ်ပေါင်း ၉၀နီးပါးမရပ်တန့် နိုင်သေးသော မျက်ရည် တွေ ကျဆင်းလာ၏။

"ထိန် "

စောင်းကြိုး မြစ်ရေ သည် တစ်ဟုန်ထိုးမြင့်တက် သွားရာမှ တိခနဲ ရပ်တန့်လို့သွားသည်။
မျက်လုံး အစုံ ကိုဖွင့်ကြည့် တော့ လက်တွေ့ကိုရောက်ရှိလာ၏။
အနီရောင်။ ခမ်းနားထည်ဝါလှသော နာဂါနာဂန္တ ၏ တော်ဝင်အရောင် ။
အဆောင်ဆောင်အခန်းခန်းနှင့် ရွှေရောင် တောက် နေသော အခန်းကျယ်။
ဖယောင်းခွက်တို့ ဆီမှ ဝါရွှေရောင် ဆီမီးတိုင်များ။
တထောင်းထောင်းထနေသော အမွှေးနံ့သာ တော်။
ထို ခမ်းနားကြီးကျယ်ခြင်းတို့ကြားထဲတွင်
နန်းတော် တေးဂီတအဖွဲ့သည် နောက်ထပ် တစ်ပုဒ်ကို ဆက်လက် တီးခတ် ရန် ပြင်ဆင် နေ၏။

သူတို့ ထံ မှ မျက်နှာကိုလွှဲရင်း ကြေးမုံ ထက် တွင် ထင်ဟပ်နေသော ကိုယ့်အရိပ်ကို ပြန်လည် ရှုစားလိုက်မိပါသည်။
ထို့နောက် မထူးဆန်းသော စကားတစ်ခွန်းသာ ပါးစပ်မှထွက်ကျလာခဲ့သည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now