Season 2- Part 9(Z)

65 5 0
                                    

"ဝုန်း! "

"တောက်! "

ခံပြင်းစွာတက် ခေါက်လိုက် သံက အချစ် ထံမှ ထွက်ပေါ်လာ၏။
သူတို့ နှစ်ဦးသား၏ အလယ် တည့်တည့်မှကျောက် စားပွဲလေးသည် တစ်ဆတ်ဆတ် တုန်လျှက် ဓားစာခံဖြစ်နေရှာသည်။
သေနာပတိချုပ် ရှင်းရန် ရာဇေ နှင့် တရန်း ဇေယျာ က သူတို့နှစ်ဦးကို ကြည့်ပြီး သက်ပြင်းရှိုက် နေကြ၏။
ညီတော် နန်းသျှင် ဇေယျာ နှင့် ဂါတ္တရရာဇေကလဲ ဓားရိုးကို တင်းနေအောင်ဆုပ်ကိုင်ထားရင်း လက်ယားနေကြပုံပေါ် လေသည်။
အတွင်းအစည်းအဝေး။
နာရာဇ ခင်းယျန် ၏ ယုတ်မာ မှုတွေအပေါ်ကို သူတို့ နန်းမိသားစု နှင့် သေနာပတိချုပ် နှစ်ဦး သာပါရှိဆွေးနွေးသည့် အတွင်း
အစည်းအဝေး။
သူတို့သည်တိုင်ပင် နေကြသည် မှာ တစ်နာရီခန့်ရှိပြီဖြစ် သော်လည်း ယခု အချိန် အထိအဖြေမရနိုင်။
အချစ် က ခံပြင်းစွာ ပြောလာ၏။

"အခုကျွန်ုပ် တို့ ဒီအတိုင်းထားလို့ မဖြစ်ဘူးပဲ။ ကြာရင် ညီမတော် လည်းဒုက္ခရောက် နိုင် တယ် ......... ရှင်းရန် သင်ပြောတဲ့ ပုံအတိုင်းဆိုရင် သူက သူ့ ဇနီးကို အကျဉ်းသား ပုံစံ နဲ့ ဆွဲခေါ်သွားတာ မဟုတ်လား။ "

ရှင်းရန် က အချစ်၏ အမေးကို ဒူးထောက်ချရင်းပင်ဖြေ၏။

"မှန်ပါတယ် အရှင်......အကျဉ်းသားတောင် မှ တစ်ကယ့်ကို မသေမချင်းနှိပ်စက် မဲ့ ပုံစံမျိုးပါ........ သင်းက ရိပ် မိနေပုံ ရပါတယ် အရှင် နှစ်ပါး........ အခုလို ကျွန်ုပ် တို့ ပြန်ပြီးနာဂါနာဂန္တ ကိုသိမ်းနိုင်တာဟာ စန္ဒရီ သိင်္ဒ မင်းသမီးရဲ့ ကူညီမှုကြောင့်လို့ ရိပ် မိပုံရပါတယ်.........
ပြီးတော့ ဂဠုန်သိင်္ဒ ကိုလည်း သူပြန်ခေါ်ချင်ပေမဲ့ခေါ်လို့ မရခဲ့တာက ကျွန်ုပ် တို့ရဲ့ အကျဉ်းထောင်က ဘယ်လိုမှ ထိုးဖောက်ဖို့ မလွယ်တဲ့ နာဂန္တ တောင်ကြောထဲမှာ ရှိနေတာကြောင့်ပါ...... မဟုတ်ရင် သင်းက ရအောင်ကယ်ထုတ်သွားမဲ့ပုံ ရှိပါတယ်......"

"တယ်လေ ဒီအယုတ်တမာ ကျွန်ုပ် တို့ ရဲ့ လက်ဆက်ပွဲကို အသုံး ချသွားခဲ့တာ မဟုတ်လား! "

"မှန်ပါတယ် အရှင် ........ အရှင် နှစ်ပါး ရဲ့ လက်ဆက်ပွဲနဲ့နန်းသိမ်းပွဲကြောင့် တပ်တော် တွေကလဲ နန်းတော် အတွင်းထဲမှာ ပဲရှိနေပြီးတော့ ၊  ပိုဆိုးတာကစန္ဒရီ သိင်္ဒ မင်းသမီးက အဲ့ဒိအချိန် မှာ ဈေး ရဲ့ အတွင်းထဲကို မင်းသားလေးနဲ့ အတူတူ ရောက်ရှိနေပါတယ်....... သူဘာဖြစ်လို့ အဲ့ဒိကို ခဏခဏ သွားမှန်းမသိရသေး........ "

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now