Season 2- Part 12(U)

345 31 16
                                    

အော်ဟစ် သံတွေခေတ္တ ခဏ တိတ်ဆိတ် သွားသလို ငရဲပွက်တစ်မျှ ဆူညံခြင်းတို့လဲ အချိန်အပိုင်းအခြားတစ်ခုနှင့်တော့ ရပ်တန့်သွား၏။
သို့သော် ခဏ ပဲဖြစ်သည်။
ပြန်ပြီးတော့အသံတွေ ထွက်ပေါ်လာသည်။
စိုးရိမ်တကြီး အော်ဟစ်နေသောအသံတွေပါပင်။ ထိတ်လန့်တကြား ပြောဆိုနေကြသော အသံတွေပါပင်။

"မြို့ရိုး!! မြို့ရိုးဆီကို တပ်တွေသွားကြ!!ဘယ်လိုဖြစ်တာလဲ!!! "

"ဘာဖြစ်လို့မြို့ရိုးကနေ မီးတွေထွက်နေတာလဲ!!! "

"မြို့ရိုးကိုပေါက်သွားတာလား!!! ခွေးတိရိစ္ဆာန်ကောင်တွေ မြို့ရိုးဆီသွား!!! "

"မှန် မှန်ပါ!!"

"မြို့ရိုးထိပ်ကို ကာကွယ်ကြ!!

ထိုအသံများသည် မကြာသေးခင်ကမှအထိ နာကျင်စွာ "အောင်မလေး အဘလေး" တ၍ အော်ဟစ်နေသော ဇေယျာသိင်္ခ တပ်သားများ၏ အသံ မဟုတ်လှ။
မြို့ရိုးအတွင်းထဲရှိ အနိုင်ဘက်မှာ ရှိနေသော သူတို့၏ ပြာယာခတ် နေသည့် အသံသာ ဖြစ်ကြသည်။
ဂဠုန် သိင်္ဒ၏တပ်မှူးသေနာပတိချုပ် များသည် ဇေယျာသိင်္ခ ရွှေမြို့တော်ကြီး၏ လုံခြုံလှသည်ဆိုသော ၊
သူတို့ မကြာသေးမှီက မှ အသေပိတ်ထားခဲ့ သော မြောက်ဘက် တံခါးပေါက်ဆီသို့ ပြေးနေကြ၏။
လုံခြုံ စွာပိတ်ထားခဲ့ကြသော တံခါးပေါက် တွင် အဘယ်ကြောင့်မီးခိုး ထွက်နေရပါသနည်း။
ဘယ်သူက မီးလောက်အောင်ပြုလုပ်သနည်း။
မြောက်ဘက် မြို့စောင့်တပ်မှူး ‌တွေ၊ စစ်သည် တွေက ထိုအချင်းအရာကိုမသိချင်းပေလော။
သူတို့ခေါင်းတွေထဲ တွင်မေးခွန်းတွေမြောက်မြားစွာနှင့် ပျာယာခတ် နေကြသည်။
ကျန်  မြို့ရိုးပေါ်ရှိ စစ်သည် များမှာလည်း မြောက်ဘက်ကိုပဲစိုးရိမ်တကြီးပြေးသွားရမလို ဆက်ပဲတိုက်ခိုက်ရမလို နှင့် ဘာလုပ်ရမှန်းမသိ ဖြစ် နေ ကြပေတော့သည်။

ဒါသည် သူတို့ စစ်သည် များပင် မဟုတ်လှ။
ခေါင်းဆောင် လုပ်သူ နာရာဇ ခင်းယျန် ကိုယ်တိုင်လည်း ထိုသို့ဖြစ်နေပေသည်။
သူ့၏ စိတ်ထဲ တွင် မေးခွန်းတွေတစ်လှည့် အတွေးဆိုးတွေတစ်လှည့် ဖြင့် မြှား စင် မှ မြှား ကိုပင် မဆွဲပြစ်မိ။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now