Season 1-Part 21(U)

895 90 6
                                    

ဇေယျာသိင်္ခ ရွှေနန်းတော် တစ်ဝင်းလုံးသည် ညကြီးသန်းခေါင်သန်းလွဲ အချိန်ကျပါမှ မီးတုတ် မီးလျှံ တစ်ထောင် ညီးညီး နှင် ဆူညံ ပွက်လောရိုက် လို့နေသည်။
ရဲရဲနီသောသင်တိုင်းတို့ကိုဝတ်ဆင်လျှက် လက် တွင်လှံရှည်ကို ဆွဲကိုင်ထားကြသော ဂဠုန် တပ်သားတို့ မှာလဲ နန်းတော်ကြီး၏ အရှေ့အနောက်တောင်မြောက်ကို ပျားပန်းခတ်မျှ စုန်ချည် ဆန်ချည် သွားလို့ပါပင်။

ရာထူးရာခံ ကြီး ဟန် တူသော ဂဠုန် စစ်သူကြီး ၊
သေနာပတိ မှူးကြီး မတ်ရာများမှာလည်း နှဖူးပေါ်က ချွေးစေးများ မြေပေါ်သို့ ပင်ကျလျှက် စိုးရိမ်ခြင်း ကြီးစွာနဲ့ လျှင်မြန်စွာ ပြေးလို့လွှားလို့။
ဒေါသတကြီးအော်ဟစ်သူက ဟစ်သည်၊ ခံရသည့်သူက ခံနေရသည်။
ပြေးသူက ပြေးသည်။ လဲသူက လဲကျကြသည်။

အလို။
သည် အရေးသည် အဘယ် အရေးများနည်း။

သူတို့သည် အဘယ် ကြောင့် ယခုကဲ့သို့ ညကြီးအချိန် မတော် မှ နန်းတော် တစ်ဝန်းလုံးကို စိုးရိမ်ပူပန်ခြင်းကြီးစွာဖြင့် ပတ်ပြေးနေရပါသနည်း။

အမှန်တော့ ပတ်ပြေး ခြင်းမဟုတ်ပါ။
တစ်စုံတစ်ယောက်ကိုရှာ၍ စစ်တပ်ကို အဆင်သင့် ပြန်ပြင် ခြင်း ဟုပြောလျှင်ပို မှန်ပါမည်။

ဒါသည်ဂဠုန်သိင်္ဒ အရှင် မြတ် ရဲ့ဒေါသ အိုးတွေသူတို့အပေါ်ပေါက်ကွဲကျ မလာစေရန် အားကြိုးမာန်တက် သော ကြိုးပန်းမှု ဟုလည်း ဆို၍ ရပါသည်။
ဟုတ်ပါသည်။

ဇေယျာသိင်္ခ ရွှေနန်း နှင့် ဂဠုန် တိုင်းပြည် ကို အုပ်စိုးသော "ဂဠုန်သိင်္ဒ မင်းမြတ်" မှာ အလွန်တစ်ရာ မှ စိတ်ဒေါသ အဟုန်တို့ အလျှံညီးညီး တောက်လောက်လို့နေ၏။
မကြာခင် မှာ ထိုဒေါသ တွေသည် မီးတောင်တစ်ခု အလား ပေါက်ကွဲလွင့်စင် သွားနိုင်သည်။
တွေ့ရင်တွေ့တဲ့ လူအပေါ်ကို ထို မီးပွားများက အချိန် မရွေးကျနိုင်သော အနေအထားတစ်ခု ပါပင်။

အဘယ် ကြောင့်ပါနည်း။

ဇေယျာသိင်္ခ တိုင်းပြည် ရဲ့ အစောင့်အကြပ် ထူပြောလှပါသည် ဆိုသော စက်သီးယန္တရား တွေတပ်စင် ၍ လွတ်မြောက်ဖို့ မည်သူ မှမဖြစ် နိုင်ပါဟု ပြော စမှတ်ရှိကြသော အချုပ် စခန်း မှ တစ်ကယ် အပြစ်ကြီးလှသည့် ရာဇဝတ်သားတွေ လွတ်မြောက်သွားခဲ့သည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now