"မင်းသမီး..... "
"ရှင်.... "
သူမရဲ့ ပုခုံးသည် နွေးခနဲဖြစ်သွားသည်။
နှလုံးသားလေးသည်ပျော်ရွှင်စွာ ထထခုန်၏။
အတိုင်းအဆ မရှိပါသော ပျော်ရွှင်ခြင်းများနှင့် အတူ စန္ဒရီသိင်္ဒသည် သလွန်ထက်ဝယ်လဲလျောင်းအနားယူ နေရာမှ အနောက် မှပုခုံးကို လာရောက်ကိုင်ထားသည့် သူအား လှည့်ကြည့် မိ၏။
ပထမဦးစွာနွေးထွေးသော မျက်လုံး အစုံနှင့် မျက် နှာချင်းဆိုင်ရသည်။
ဒုတိယ အနေ ဖြင့် သူမ မမြင်ချင်ဆုံးသော အဝတ်အဆင်အယင် ပုံစံမျိုးကို သွား ၍ တွေ့ရလေသည်။
ထိုအဝတ်အစားသည်သူမ မေ့ထားသော အရာတစ်ခုကိုသတိရစေသည်။
သူမ ၏ အပျော် တွေအား ဆိတ်သုဥ်း ပျောက်ကွယ် စေပါသည်။
သက်ပြင်းကို ရှိုက်လိုက်ရင်း သာ နှလုံးသား ထက် မှ နာမည် လေးကိုတိုးဖွဖွခေါ်လိုက် မိတော့သည်။
"နန်း....... "
သူမ၏ ပုခုံးသည် တင်းခနဲ ဖြစ်သွားပြန်၏။
သူမ ဘာဖြစ်သလဲ ဆိုတာကို နန်း သိသွားပြီ ထင်သည်။
ထို့ကြောင့်ပဲ ပုခုံးကို အတင်းအကျပ် ဆုပ်ကိုင်ထားရင်း အသံတိတ် အားပေးနေခြင်းပါပင်။
"မင်းသမီး ကျွန်ုပ်ကို လှည့်ကြည့်ပါဦး...... "
သူမ လှည့်မကြည့် နိုင်။
နန်း သည် သူမ အား စစတွေ့စဥ်က ကြမ်းတမ်းသော နည်းလမ်းဖြင့် နာကျင် စေခဲ့၏။
နောက်ပိုင်း တွင် တော့ သူမအား အချစ် နှင့်အတူ နွေးထွေး ပေးခဲ့သော်လည်း ယခု တစ်ဖန် နူးညံ့သော နည်းလမ်းဖြင့် နာကျင် စေပြန်ပါပြီ။
"မင်းသမီးရယ် ကျွန်ုပ်ကို လှည်ကြည့် ပါဦး....."
"ဟင့်အင်း စန္ဒရီ သင့်ကို လှည့်မကြည့် ချင်ဘူး .....
သင် ဟာ စန္ဒရီ ပြောရင် ဘယ်တော့မှနားမထောင်ခဲ့ဘူး...... သင်စန္ဒရီ့ကို တစ်ကယ် မေတ္တာသက်ဝင်တာမှ ဟုတ်ရဲ့လား...... "
"ဟင်း!! "
သူမရဲ့ ပုခုံးများသည် တတိယ အကြိမ် တင်းခနဲဖြစ်သွားပြန်၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...