"ဟမ်း! "
"တက် ! "
"ရောက်လာကြ မှ ကိုး! အဟင်း! "
ဘေးဘက်ဆီမှ တစ်ဖက် အဖွဲ့ ရောက်ရောက်ခြင်း ခနဲ့ သလိုလိုစကားဆိုသော နာရာဇ ခင်းယျန် ကို ကြည့်ပြီး သူခေါင်းသာ ခါလိုက် မိပါသည်။
ဒီနေ့ ပွဲရဲ့ ရည် ရွယ် ချက်က မည်မျှ အထိ အရေးကြီး မှန်း မသိလို့ ပါသလား။
ဂဠုန်သိင်္ဒလို လူကတောင် မှ နန်းအရှင် နှင့် နာဂ ရာဇေ အရှင်ကို အတတ်နိုင်ဆုံး ရိုရို သေသေဆက်ဆံဖို့ သတိပေးပြီးသား မဟုတ်ပါလေလား။
စိတ်ပျက် စွာနှင့် တစ်ခုခုဖြစ်မည် ဆိုး၍
ခေါင်းကို မဖော် တမ်းငုံ့ထားရာ မှကြည့်လိုက် သော အခါ သူထင်ထားသလို အရှင် နှစ်ပါး ဟုတ် နေသည် ကိုမတွေ့ရ။'အော် ဒါကြောင့်ကိုး။ '
နီ ထွေး သော ဆံပင် ရှည် တို့ နှင့် ရဲရင့် သည့် အသွင်ကို ဆောင်ယူ ထားသော ဒီစစ်ပွဲအတွင်း အလွန်ကို နာမည်ကြီး လာသည့် နာဂန္တ သေနာ ပတိချုပ် ရှင်းရန် ရာဇေ ပင်။
အနီးကတ် မြင်ရမှ ရှင်းရန် ရာဇေ သည် တော်တော်ကို ခန့်ညားကာ နာဂန္တ နတ်နဂါးပီသလှ၏။သေနာပတိချုပ်အား အရှင် နှစ်ပါးက အကြိုလွှတ်လိုက် ဟန် ရှိပါသည်။
ရှင်းရန် ရာဇေသည် နာရာဇ ခင်းယျန် ၏ နှုတ်ဆတ် စကားကို အရေးလဲ မလုပ် အဖတ် လဲ မပြု ပါပဲ သူ့ဘက်ကို သာ တူရူ ပြီး ကြည့် လာ၏။"နန်းသျှင် ဇေယျာ၊ ဂါတ္တရ ရာဇေ သင် တို့ရဲ့ အရှင် သခင်ကအဘယ်အရပ် မှာလဲ……"
ရှင်းရန် ရာဇေက သေချာပေါက် သူတို့ နှစ်ယောက်၏ သတင်း ပေးမှုတွေကိုသိပါသော်လည်း သံသယ ကြီးတတ်သူ နာရာဇ ခင်းယျန် ၏ အရှေ့ မှာမို့ သူတို့ကို အရိုအသေမပေးပဲ သစ္စာ ဖောက် တို့၏ ပုံစံအတိုင်းမာမာထန်ထန် ဆက်ဆံနေသည်။
သူအကဲခတ် ကြည့် သော အခါ ဒါကို ပဲ နာရာဇ ခင်းယျန် က ပြုံးထေ့ထေ့ နှင့်ကျေနပ် နေပုံရလေသည်။
ညီတော် က သူ့အစားဝင်ဖြေပေး၏။"သင် တို့ရဲ့ အရှင် နှစ်ပါးကရော …… ကျွန်ုပ် တို့ က သူတို့လာမယ် ထင်လို့လာစောင့် နေရတာလေ…… သင့်လို သေနာပတိချုပ်ကို လာပြီးစောင့်ကြို နေတာ မဟုတ်ဘူးပဲ… "
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...