"ဝုန်း! "
"တောက်! "
ခံပြင်းစွာတက် ခေါက်လိုက် သံက အချစ် ထံမှ ထွက်ပေါ်လာ၏။
သူတို့ နှစ်ဦးသား၏ အလယ် တည့်တည့်မှကျောက် စားပွဲလေးသည် တစ်ဆတ်ဆတ် တုန်လျှက် ဓားစာခံဖြစ်နေရှာသည်။
သေနာပတိချုပ် ရှင်းရန် ရာဇေ နှင့် တရန်း ဇေယျာ က သူတို့နှစ်ဦးကို ကြည့်ပြီး သက်ပြင်းရှိုက် နေကြ၏။
ညီတော် နန်းသျှင် ဇေယျာ နှင့် ဂါတ္တရရာဇေကလဲ ဓားရိုးကို တင်းနေအောင်ဆုပ်ကိုင်ထားရင်း လက်ယားနေကြပုံပေါ် လေသည်။
အတွင်းအစည်းအဝေး။
နာရာဇ ခင်းယျန် ၏ ယုတ်မာ မှုတွေအပေါ်ကို သူတို့ နန်းမိသားစု နှင့် သေနာပတိချုပ် နှစ်ဦး သာပါရှိဆွေးနွေးသည့် အတွင်း
အစည်းအဝေး။
သူတို့သည်တိုင်ပင် နေကြသည် မှာ တစ်နာရီခန့်ရှိပြီဖြစ် သော်လည်း ယခု အချိန် အထိအဖြေမရနိုင်။
အချစ် က ခံပြင်းစွာ ပြောလာ၏။"အခုကျွန်ုပ် တို့ ဒီအတိုင်းထားလို့ မဖြစ်ဘူးပဲ။ ကြာရင် ညီမတော် လည်းဒုက္ခရောက် နိုင် တယ် ......... ရှင်းရန် သင်ပြောတဲ့ ပုံအတိုင်းဆိုရင် သူက သူ့ ဇနီးကို အကျဥ်းသား ပုံစံ နဲ့ ဆွဲခေါ်သွားတာ မဟုတ်လား။ "
ရှင်းရန် က အချစ်၏ အမေးကို ဒူးထောက်ချရင်းပင်ဖြေ၏။
"မှန်ပါတယ် အရှင်......အကျဥ်းသားတောင် မှ တစ်ကယ့်ကို မသေမချင်းနှိပ်စက် မဲ့ ပုံစံမျိုးပါ........ သင်းက ရိပ် မိနေပုံ ရပါတယ် အရှင် နှစ်ပါး........ အခုလို ကျွန်ုပ် တို့ ပြန်ပြီးနာဂါနာဂန္တ ကိုသိမ်းနိုင်တာဟာ စန္ဒရီ သိင်္ဒ မင်းသမီးရဲ့ ကူညီမှုကြောင့်လို့ ရိပ် မိပုံရပါတယ်.........
ပြီးတော့ ဂဠုန်သိင်္ဒ ကိုလည်း သူပြန်ခေါ်ချင်ပေမဲ့ခေါ်လို့ မရခဲ့တာက ကျွန်ုပ် တို့ရဲ့ အကျဥ်းထောင်က ဘယ်လိုမှ ထိုးဖောက်ဖို့ မလွယ်တဲ့ နာဂန္တ တောင်ကြောထဲမှာ ရှိနေတာကြောင့်ပါ...... မဟုတ်ရင် သင်းက ရအောင်ကယ်ထုတ်သွားမဲ့ပုံ ရှိပါတယ်......""တယ်လေ ဒီအယုတ်တမာ ကျွန်ုပ် တို့ ရဲ့ လက်ဆက်ပွဲကို အသုံး ချသွားခဲ့တာ မဟုတ်လား! "
"မှန်ပါတယ် အရှင် ........ အရှင် နှစ်ပါး ရဲ့ လက်ဆက်ပွဲနဲ့နန်းသိမ်းပွဲကြောင့် တပ်တော် တွေကလဲ နန်းတော် အတွင်းထဲမှာ ပဲရှိနေပြီးတော့ ၊ ပိုဆိုးတာကစန္ဒရီ သိင်္ဒ မင်းသမီးက အဲ့ဒိအချိန် မှာ စျေး ရဲ့ အတွင်းထဲကို မင်းသားလေးနဲ့ အတူတူ ရောက်ရှိနေပါတယ်....... သူဘာဖြစ်လို့ အဲ့ဒိကို ခဏခဏ သွားမှန်းမသိရသေး........ "
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...