Season 1- Part 37(U)

535 40 10
                                    

"နာဂါ နာဂန္တ တဲ့ဟေ့!!!! "

"နာဂန္တ!!! နာဂန္တ!!! နာဂန္တ!!! "

မြေပြင်သည် တစ်သောသောတုန်ဟီး နေ၏။
ဓားလှံလက်နှက် များ ၏ အသံတို့သည် ကောင်းကင် ထက်ရှိ နေရောင် ကို တောင် မှေးမှိန် ပျောက်ကွယ် စေသည်။
မြူနှင်း တွေကိုကြဲပါးစေ၏။
ဖုန်မှုန့် ဖုန်လုံးများကိုသာ ဖြစ်ပေါ် စေသည်။
နာဂါနာဂန္တ တပ်သားများ၏ မျက် နှာ ပေါ် မှ ရဲစွမ်း သတ္တိ နှင့် စွမ်းအင် ကိုမြင်ရသည့် အခါ တော များပင် တောင်များပင် ကြောက်လန့်တကြား အသံတစ်သံ မထွက် ရဲစွာ ငုတ်လျှိုးနေကြ တော့လေပြီ။

ခွပ်!!! ခွပ်!!!

တော်လဲ သံကြီး အလားပင် မြင်းခွာသံများက ဆူညံပွက်လောရိုက် နေ၏။
မြင်းကိုဒုန်းစိုင်း စီး နေကြသူ အယောက် နှစ်ရာ မျှ သာရှိသော တပ် အင်အား များသည် ဒီကနေ့ သူတို့ တပ်ဦး မှ သူနှင့် သေနာပတိချုပ် ရှင်းရန် ရာဇေ ဦးဆောင် ရမည် ဖြစ်သောအများဆုံးအင်အားစုသာပင်။
ရှင်းရန်ရာဇေ ‌သည် သေနာပတိ ချုပ် ဟူသော ရာထူးနှင့်ကိုက်ညီ လွန်းအောင်ပင် လက် ရုံးရည် ရော နှလုံးရည် ပါ ပြည့်ဝ လွန်းလှကြောင်းကို သူနှင့် စစ်တိုက်ဖို့ အလုပ်တွဲလုပ်စဥ်မှ သိရ၏။
ရန် အဗ္ဘရာဇေအားဘဝ တွင် တစ်ခါ မှ မလေးစား ဘူးသော လေးစားခြင်းဖြစ်ပေါ်စေသည့် နဂါးပင်ဖြစ် လေသည်။

သည် ကနေ့တွင် သူတို့သည် သေနာပတိချုပ်၏ အစီအစဥ်၊အထိန်း အကွပ် အောက် တွင် အံဝင်ခွင်ကျ ရှိရမည် ဖြစ်သည်။
သူ တို့ နိုင် မှ နာဂရာဇေ အရှင် တို့ နိုင်မည်။
စစ်ဦးတွင် မရှုံးမှသာလျှင် အနောက်က လဲ အားအင်တက်ကြွစွာ လိုက်ပါနိုင် မည် သာဖြစ်သည်။

ရန် အဗ္ဘ ဇေယျာသည် မင်္ဂလာ ဇေယျာ သို့တစ်ဟုန် ထိုး ချီတက် ပြေးလွှားနေကြသော
နာဂန္တ တပ်သားများ ၏ ကြောက်မက်ဖွယ် ရာမျက်နှာပေါ်မှအင်အားများကို မြင်ရလာသကဲ့သို့ရှိ၏။
ကျုံ့ထားကြသော မျက်ခုံးများ နှင့် နီရဲ တောက်ပြောင် နေသော မျက်လုံးများမှာ မည်မျှ အထိ စိတ်အား ထက်သန်နေကြောင်း ပြော ကြနေသလိုတည်း။
သူတို့ မည်မျှ အထိ ဂဠုန် များကို မုန်းတီး နေကြောင်းကိုလဲ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသော ဓား ပေါ် မှ အကြောပြိုင်းပြိုင်းထ နေသည့် လက် များက သက်သေခံနေပေတော့သည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now