"ချစ်ခြင်းမေတ္တာ တဲ့ လား သတ္တရ..... "
"အင်း ..... ချစ်ခြင်းမေတ္တာ..... "
တုံ့ဆိုင်းခြင်းမရှိပါပဲ ဖြေလိုက်သော သူ့ရဲ့အသံ။
နာဂက ညိုမှိုင်းဝေရီလို့နေသော မျက်လုံးအစုံ ဖြင့် သူ့ကို ကြည့်ရင်း မျက်ရည်တို့ဝေ့ဝဲကာ တက်လာတာကို မြင်လိုက်ရ၏။
တောင်ကြားထဲ ရှိ ပေါက်နေသောငုဝါ ပင် တွေ ဆီ မှ အဝါရောင် ပွင့်ဖတ် ငယ်လေးတွေကလွင့်ဝဲကာ ရေခဲ ကြမ်းပြင်ပြာလွင်လွင် ထက်သို့ ပြုတ်ကျလို့နေ သည်။
အေးစက် လှသော လေ ပြေညှင်း တွင် ဝဲလွင့် ကာ လိုက်ပါရင်း သူ့ရဲ့မျက်ဝန်းတွေမှာလဲ နာဂ ဆီမှ ရုန်း၍ မထွက်နိုင်ပါ။"သင်သိလား သတ္တရ.... ကျွန်ုပ် ဒီစကားလေးကိုမကြားခဲ့ရတာ ကြာလှပြီ..... မယ် တော် ဆုံးပါးသွားပြီးကတည်းကပေါ့..... "
"ဟို ကျွန်ုပ် မေးခွင့်ရှိမလား နာဂ....
သင့်ရဲ့မယ်တော် ဆုံးပါး.... "နာဂက သူ့အားလက်ကာပြသည်။
ပြီးမှ နာနာကျင်ကျင်ပြုံးလိုက်ရင်းပင်...."ခဏလေးပါ သတ္တရ .... ကျွန်ုပ် ဒီစကားတွေကိုပြောဖို့ အတွက် တစ်ကယ် ကိုအဆင်သင့် မဖြစ်သေးလို့ပါ....
အရမ်း အရမ်း ပင်ပန်းပြီးတော့ နာကျင်တယ်.... နာကျင်ရတယ်......
ဒါပေမဲ့ ကိုယ့်စိတ်ကို ပြင်ဆင်ပြီးတဲ့ အချိန်ကျရင် တော့ သင့်ကိုပြောပြမှာပါ....
သင်တစ်ယောက်ထည်းကိုပေါ့....
အခု တော့ အ အခုတော့ အရမ်း နာ နာကျင် တယ်..... အဲ့တာ ကြောင့် မ မပြော နိုင် နိုင်သေးဘူး.... "ကိုယ့်ရင်ဘတ်ကိုယ် ဆုတ်ကိုင်ကာ မျက်ရည် ပေါက်ကြီးငယ်တို့စီးကာကျရင်း ပြောနေပါသောနာဂရဲ့ ပုံကြောင့် သူဘယ်လို မှဆက်၍ မကြည့်ရက် နိုင်တော့စွာ ရင်ခွင် နှစ်ခုကို နီးကပ်စေလျှက် အတင်းကျပ်ဆုံးဖက် ထားလိုက်မိပါသည်။
နာဂ က သူ့ရဲ့ပုခုံးသားပေါ်တွင် မျက်ရည် များကို စွန်းထင်းစေလျှက် မရှက်မကြောက် မှီကာ ရှိုက်ငင်လို့နေ၏။
ကမ္ဘာလောကကြီးတစ်ခုလုံးကိုပိုင်ဆိုးချင်ကာမောက်မာ ရိုင်းဆိုင်း လွန်းလှသူ ဟု ဆို သူ ထံ မှာ ယခုလို နာကျင်စရာ တွေ ရှိမှန်းကိုဘယ်သူက သိကြပါသလဲလေ။ယခုလို မျက်ရည် တွေကျနေရမှန်း ရောဘယ်သူက သိရပါသ တဲ့လဲ။
အော် လောကရဲ့ သတ္တဝါတွေ။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Fiction Historiqueဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...