Season 1- Part 31(U)

705 66 9
                                    

"ချွင် ! ချွင်! "

သံကြိုး နှင့် မဟာပထဝီ မြေကြီး နှင့် ရိုက်ခတ် တိုက် ခတ် နေသံ မှာ ဆူဆူညံညံ ထွက်ပေါ်လာသည်။
လမ်းတွေ ထက် တွင် သွေးစက် တို့ တစ်စက်စက် ကျ နေကြသည်။
ထိုသွေးစက်များမှာ လျှောက်လှမ်းနေရသော ခြေထောက် များ ဆီမှ ဖြစ်ပါသည်။
အားအင် ချိနဲ့နေပြီဖြစ်သော ခန္တာကိုယ် တစ်ခုလုံး ဆီမှဖြစ်ပါသည်။

ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူတို့ ကို သနားစဖွယ် အသွင် တို့ဖြင့် ကြည့် ရှု နေကြသည့် ဇေယျာသိင်္ခ တိုင်းသူပြည်သား တွေရှိနေ၏။
သူတို့၏ မျက် နှာ တွေထက် တွင် မျက်ရည် ကြည် များကို တွေ့ရသည်။

ပင်ပန်း နွမ်းနယ် ခြင်းတွေကိုလဲ တွေ့ရပါသည်။
စိုးရိမ် ပူပန် မှု တွေ နှင့် အတူ မျက်ရည် များကိလုဲ တစ်စွန်းတစ်စ တွေ့နိုင်သည်။

ဒါသည် သူတို့ ၏ ဇေယျာသိင်္ခ အိမ်ရှေ့ စံကို သွေးအလိမ်းလိမ်း သံကြိုး စုံဖြင့် ခေါင်းငိုက်စိုက်ကြနေပုံကို တွေ့ရသည်ကြောင့် ပါပေလား။
ဒါမှမဟုတ် မတန် မဆပဲ အနှိပ်စက် ခံထားရလို့လေလား။

သို့ပါသော်လည်း သူတို့ တိုင်းသူပြည်သားတွေကိုယ်တိုင် ကလည်း သနားဖို့ပဲတတ်နိုင်သည့်အခြေအနေပါပင်။
သူတို့သည် လည်း အနောက် မှ ကြာပွတ်သံ တစ်ရွှမ်းရွှမ်းကို ကြောက် နေရသည် မဟုတ်ပါလား။
သူတို့ လည်း သွေးအလိမ်လိမ်း နှင့် ပင် မဟုတ်ပါလား။

နန်းသျှင်ဇေယျာသည် အံကိုကြိတ်၍ အားအင် တို့ ရှိနေသမျှ ကာ လပတ်လုံး သည် သံကြိုးအား ဆောင့်ကာ ဆောင့်ကာ ရုန်းနေမိသည်။
အဘယ်ကြောင့် နည်း ဆို ပါသော် မကြာခင် အချိန် တွင် ညီငယ် ဂါတ္တရ ရာဇေ ကို အမြုတေ ထုတ် တော့ ပေမည်။
ညီတော် သည် သံကြိုးတို့ ဆိုင်း ထားသည့် ကြားမှ ပင် ခန္တာကိုယ်က မြေပြင် ထက်သို့ ပြုတ် ကျလဲ လုမတတ် ဖြစ်နေပေပြီ။

သူတို့ နှစ်ယောက်ကို ဖမ်းဆီးလာသည့် အချိန် မှစလို့ လမ်း တွင် ခြေဗလာ နှင့် ကျောက်ခဲ ခဲလုံးတွေ ကို တမင် နင်းစေခဲ့သည်။
မြို့ အဝင်လမ်း မှစ၍ ထို ကျောက်တုံးတွေအားနင်းလာခဲ့ရသည် မို့ ခြေဖဝါးတွေ ပင် သွေး တို့ထွက် နေလေပြီ။ကြာပွတ်များနှင့်လည်း တစ်ရွှမ်းရွှမ်းရိုက် လိုက်သည်မှာ အသားတွေပင် ကွာထွက်တော့မလိုဖြစ်ပါသည်။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now