"ဒုန်း!!! ဒုန်း!!! ဒုန်း!!! "အချက်ပြု ဗဟို စည်သံ မှ နေ၍ ဗုံသံတစ်ဒုန်းဒုန်းမှာ မိုးထစ်ချုန်းသံမျှ ထွက်ပေါ်လို့နေ၏။
မိုးပြာရောင် ကောင်းကင် တစ်ခွင်က ကြည်လင်ရှင်းသန့်လို့။
သို့ပါသော်လည်း ရနေသည့် အနံ့ အသက် တွေကတော့ မသန့်ရှင်း မကြည်လင်။အဘယ်အတွက်ကြောင့်ပါနည်း။
ထိုမိုးကောင်းကင် တစ်ခွင်အောက်မှ ဓားလှံ လက်နက် တို့ကို ကိုင်ဆောင်ကာ တစ်ဖက် နှင့်တစ်ဖက် ရန်ပြုလို့ နေကြသော အဖွဲ့ နှစ်ဖွဲ့ကြောင့်ပါပေလား။
ဟုတ် ပါပေသည်။
ဟုတ်ကိုဟုတ်ပါ၏။
ဝါရွှေ တောက်စို သော ရွှေစင်ရွှေသား အလံ နှင့် ပတ္တမြားနီစွေး ရဲရဲ တောက် နေသော နဂါးတို့ ရဲ့ အလံ။တိုက်ခတ် လို့နေသော လေပြေ ညှင်းတို့နှင့်အတူ ကွင်းပြင်၏ တစ်ဖက်တစ်ချက်စီတွင် တသွင်သွင် လွင့်လူ ပျံသန်းလို့နေပုံမှာ မကြာ ခင် အကြီးကျယ် ဆုံးသော စစ်ပွဲတစ်ခုအား ယူဆောင် လာခါနီး ဟု ဆိုရမည် လို။
"ဟမ်း...."
သတ္တရ ဇေယျာသည် တပ်ဖွဲ့ရဲ့ အဦးဆုံးနေရာ အရောက် မြင်းကြိုးကို သတ်လိုက်ရင်း အရှေ့ကို ငေးကြည့်လိုက်မိပါတော့ အရမ်ကြီး မဝေးကွာသော အနေအထား တစ်ခု မှာ သူတို့ထက် နှစ်ဆ လောက်ကြီးမားသည့် နတ်နဂါး စစ်သည် တော် တွေအားတွေ့လိုက်ရတော့၏။
နတ်နဂါးဟုသာ ဆိုသည် သူတို့ လို လူပုံစံ နှင့်သာ။ သူတို့နှင့်သိပ်မကွာခြားလှ။
ခန္တာ ကိုယ်အပေါ်ပိုင်းတွင် နဂါးရုပ် ဆေးမှင်များဖြင့် နီညိုရောင် ခြေဝတ်တို့အားဝတ်ဆင်ကာ ဓားလှံ လက်နက် တွေကို ကိုင်ဆောင်ထားလျှက် ရန်လို သောအကြည့် နှင့် သူတို့ကို ကြည့် လို့ နေကြသည်ပင်။တပ်ဦးထိပ်ကို ကြည့်လိုက်တော့ဟာလာဟင်းလင်း ။
သူတို့ရဲ့ခေါင်းဆောင်" နာဂရာဇေ "ဆိုသူ ရောက်လာပုံ မရသေး။
ဒါတောင်မှနတ်နဂါး အဖွဲ့မှာ တော်တော်ကြီးကို အင်အားတက်ကြွနေဟန် ဖြင့် သူတို့အား ကြည့်လို့ နေကြပေတော့သည်။ကြည့်ရသလောက်တော့ နည်းနည်းလေးမှ သက်သာ မည့် ပုံမပေါ်ပါ။
အင်အားချင်းက ပင် နှစ်ဆ လောက် ကွာခြားနေသည် မဟုတ်ပါလား။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...