"နာဂရာဇေ....... သင် ကျွန်ုပ် အပေါ်ကို ဘာလို့ ဒီလောက်တောင်လုပ်ရက်ရတာလဲ!!! သင့်ကိုကျွန်ုပ်ယုံကြည်ခဲ့တာ!!! "
"အ အချစ် မဟုတ်ဘူး သတ္တရ !! ကျွန်ုပ် ရှိတယ်!! ကျွန်ုပ်ရှိတယ်! "
သတ္တရ အသားကုန်အော်ဟစ်ကာ နာဂရာဇေ ၏ ရင်ခွင်အတွင်းမှ လွတ်အောင်ရုန်းကန် နေမိ၏။ သို့သော် သင်း၏ အင်အားက မြဲမြံလွန်းလှသည်။ သူ့ကိုဖက်ထားလိုက်သည် မှာအင်အား ကြီးလှသော ကိုယ်တိုင်ပင် မရုန်းနိုင်ပါ။
"ကျွန်ုပ် ကျွန်ုပ်သင့်ကို အကုန် ရှင်းပြနိုင်ပါတယ် သတ္တရ ရယ် ........ ကျွန်ုပ် နဲ့သာ ကျွန်ုပ် နဲ့သာ လက်ထပ်လိုက်ပါ! ကျေးဇူးပြုပြီးတော့! ကျွန်ုပ်ကို ဒီတစ်ခါပဲထပ်ပြီး ယုံကြည်ပေးပါ!! "
"ဘာပြောတယ်! "
သူအတင်းပင် နာဂရာဇေကို ဆောင့်တွန်းလိုက်ပါတော့သည်။ သည်တစ်ကြိမ် တော့ရသွား၏။ စကားပြောလိုက်ရ၍ အားရုံလွတ်သွားခြင်းကြောင့်ဖြစ်နိုင်ပါသည်။
နာဂရာဇေ သည် တစ်ကိုယ်လုံးချွေးသီးချွေးပေါက်များပြန်လည် မျက်ရည် တို့တစ်လစပ် ဆီးကျနေရင်းမှပင် သူ့လက်ကိုအတင်းဆုပ်ကိုင်လိုက်ပြန်၏။"သတ္တရ ......သတ္တရ ကျွန်ုပ်ကိုကြည့်ပါ! ကျွန်ုပ်ရဲ့မျက်လုံးတွေကိုကြည့်ပါ! ကျွန်ုပ်ကျွန်ုပ် တစ်ကယ် မလွှဲသာလို့ပါ သတ္တရရယ်! သင်ချစ်မြတ်နိုးရတဲ့နာဂရာဇေ က ဒီလိုလူလား! သင် က ကျွန်ုပ်ကိုပြောင်းလဲပေးနိုင်ခဲ့တာလေ! မှတ်မိလား! ဟင်! အိမ်ရှေ့စံ! အိမ်ရှေ့စံ သတ္တရ ဇေယျာ ! သင်နဲ့ ကျွန်ုပ် စတွေ့စဥ်ကတည်းက တွယ်ညိ ခဲ့တဲ့ကျွန်ုပ်ရဲ့ စိတ်တွေကို! သင့်အပေါ်ထားခဲ့တဲ့ မြတ်နိုးခြင်းတွေကို!!! "
သူ့မျက်လုံးထဲ တွင် နာဂရာဇေ နှင့် စစ်ပွဲ စတင် ဖြစ်ပွားခဲ့သောအချိန် တွေကို ပြန်လည် မြင်ယောင်လာ၏။
ထိုနေ့က သူ့ကိုနာဂရာဇေ သည် အချိန်အတန်ကြာသည်အထိ မတိုက်ခိုက် နိုင်ပါပဲ ငေးကြည့် နေခဲ့သည်ကိုလည်း အမှတ်ရသည်။
ထို့နောက် တော့သူတို့နှစ်ဦးသား၏ ရင်းနှီးခဲ့ပုံမှ အစ ချစ်မြတ်နိုး ခဲ့ကြပုံတွေ။ နာဂရာဇေအားအကျဥ်းထောင်ထဲမှသူကိုယ်တိုင်ရအောင်ကယ် ထုတ်ပေးတော့ကြည့်နေခဲ့သည့် မျက်ဝန်းတွေ။
ခဏခဏ အမြတ်တနိုးနမ်းရှုပ် ခဲ့သော ထိုမျက်လုံးတွေ ထိုဆံမြတ်တွေအားကြည့်ရင်း မျက်ရည် တွေပိုကျလာ၏။
သူ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ပါ။ ကိုယ့်ကိုယ်ကိုယ်သာ သတ်သေပြစ်လိုက်ချင်လာပါတော့သည်။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...