"အ အင်း အင်း...... "
" .... နိုး နိုးပြီလား စန္ဒရီ...... စန္ဒရီ...... စန္ဒရီ...... "
နားစည်အတွင်းသို့ ခပ်ပါးပါး ပုတ်ခတ် နေသေ အသံလှိုင်းတစ်ခုက ဝေးရာမှ နီးနီးလာသလိုခံစားရသည်။သို့သော် ကြားလဲပဲ မျက်လုံးတွေကဖြင့် မဖွင့်နိုင်ပါပြီ။
ကိုယ်လက် တွေသည် နာကျင်လွန်းလှပါဘိ။ပူလောင်လှပါဘိ။ကိုက်ခဲ လှပါဘိ ။
"စန္ဒရီ.....အဆင်ပြေရဲ့လားဟင်..."
စန္ဒရီ တဲ့။ သူမကိုယ် လှိုက်လှိုက်လှဲလှဲခေါ်နေသော အသံတစ်ခုကိုထပ်ကြားရပြန်သည်။
ဒါ အိမ်မက်များလား။
စန္ဒရီသိင်္ဒဆိုတဲ့သူမဟာဖခမည်းတော် နှိပ်စက် တဲ့ဒဏ်ကို မခံနိုင်လို့ သေဆုံးသွားခဲ့ပြီ မဟုတ်ပါလား။
နာကျင် မှု တွေကို မခံနိုင်လို့ သေဆုံးခဲ့ပြီမဟုတ်ပါလား။သူမ ကြားချင်ရာတွေများ ကြားနေရတာလား။
"စန္ဒရီ..... "
အို။ကိုယ်ခန္တာက နာကျင်နေသော်ငြား ထိုအသံလေး၏ ရင်းနှီးမှုကို သူမရဲ့ နှလုံးသားတွေက စတင်မှတ်မိလာသည်။
ဒါ က သူမ ရဲ့ နှလုံးသည်းပွတ် ထဲမှာခိုင်ခိုင် မြဲမြဲ ဆွဲဖက် တွယ် နှောင်ထားတဲ့ အရှင်မ စောနန်းဇေယျာ ရဲ့အသံ မဟုတ် ပေဘူးလား။
သေချာပါသည်။သူမ သေဆုံးပြီးတော့ကြားချင်ရာတွေကြားနေခြင်းပါ။
တစ်ခုတော့ထူးဆန်း၏။
သေဆုံးသည်သာဆိုသည် နာတာကတော့ အသက်ရှင်စဥ်ကလို နာတာပါပဲလား။
ပူလောင် တာက တော့ ရေနွေးပူနှင့် အပက်ခံရစဥ်လိုပါပဲလား။အော်။
သေခြင်းတရားကတောင် သူမရဲ့ဒဏ်ရာ တွေကိုမကုစားပေးနိုင်ဘူးထင်ရဲ့။
နာကျင် နေဆဲပါတကား။ခပ်ဖွဖွ ပြုံးလိုက်မိရင်း တစ်စတစ်စ မျက်လုံးကို ဖြည်းညင်းစွာဖွင့်ကြည့်လိုက်မိသည်။
တော်တော်ကိုကြိုးစားယူနေရ၏။
အော်သေသွားတာတောင် မျက်လုံးလေးပွင့်ဟဖို့ အနာအကျင်က မလွတ်ပါတကား။
မျက်ခွံတွေတောင် ပူလောင် ပြင်းပြ လျှက်ပါတကား။ဘာပဲဖြစ်ဖြစ် သူမ က သေနေပြီပဲလေ။
နာလဲ ဘာအရေးလဲ။
ထို့ကြောင့် အနာခံပြီး ပင်ရအောင် ဖွင့်လိုက် မိ တော့.....
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...