"ရွှမ်း!!"
ချွန်မြိ လှသော အသွားများ ထိုးထောင် ထွက်နေသည့် ကြိမ်ဆူး ကြိုးအား ကြမ်းခင်းဖြင့် ရိုက်သံသည် ဆူညံလွန်းလှသည် ဟုထင်ရ၏။
မာတင်းခက်ထန်လွန်းသည်။
ခဲရောင် ဖုန်မှုန့် များသည် ခန်းလုံးပြည့် မျှ လျှံတက်သွား၏။
ဒါသည် ကြိုးတစ်ချောင်းထဲ၏ အသံမဟုတ်။
လေးငါးချောင်းသော ကြိုးများ၏ တစ်ပြိုင် နက်ထည်းသော အသံပါပင်။
အားပါလွန်းသည်။အရိုက်ခံရသောကြမ်းခင်း၏ အခန်းငယ် သည် ပြတင်းပေါက် ဆီ မှ လာသော အလင်းရောင်လေး တစ်စ နှစ်စ နှင့် သာ ပြည့် နှက် နေ၏။
ဝါဖျော့သော အရောင် ရှိသည် မို့ နေလုံး ရှိနေသေးပုံပေါ်သည်။
သို့သော် အနွေးဓာတ်ကို မရနိုင်ပါ။
ထို့ အတူ ထိုအလင်းရောင်သည် တစ်ခန်းလုံးအားလင်းလက်စေရန် မစွမ်းဆောင် နိုင်လှ။
မှောင်မြဲမှောင်စဲ အေးမြဲအေးစဲပင်။"ရွှမ်း! "
ဒုတိယ မြောက် ကြမ်းခင်းကို ရိုက်လိုက်သောအသံပါပေတကား။
အတော်လေးလဲအားပါလှသည်မို့ကြမ်းခင်းရှိ ဖုန်မှုန့်တွေ ပင် ဒုတိယ အကြိမ် ထောင်ထသွားကုန်၏။
မြူခိုးမြူငွေ့ တွေကဲ့သို့ ကခုန်နေကြသည်။ထိုဖုန်မှုန့်များသည် ဒီအခန်း၏ နက်မှောင်မှုကို လည်းကောင်း အေးစက်ခြင်းကိုလည်းကောင်း ဖော်ပြနေ၏။
သည် အခန်းသည် လူနေသည့် အခန်းမဟုတ်ကြောင်းကိုလည်း အပီအပြင် ပြောနေပေတော့သည်။ဒါအပြင်ကိုထိုဖုန်မှုန့်တွေသည် လူကိုအသက်ရှူရကျပ်စေ၏။
ပုံရိပ် တွေကို တစ်ခု နှင့် နှစ်ခု ထပ် နေစေသည်။
အမြင် တွေကိုဝေဝါးစေ၏။
အမှန်မှာ တော့ သူအမြင်ဝေဝါးရခြင်းအကြောင်းအရင်းမှာထိုဖုန်မှုန့်ကြောင့်ဖြစ်ချင်မှဖြစ်ပေမည်။
ဖြစ်ရင်လဲ ဖြစ်မည် ဆိုပေမင့်လို့ သူကတော့
ခန္တာကိုယ်ရှိ ကျောပြင် ထက်ဆီ မှနာကျင် မှု နှင့် ဦး ခေါင်းမှမျက် လုံး များ ထဲသို့တိုင်ဝင်ရောက်နေသော သွေးများကြောင့်ဟုသာ ဆိုချင် တော့သည်။တစ်လျှောက်လုံးမြှောက်ချည် ခံ ထားရသော လက်များကြောင့်လည်း ညောင်းညာ ကိုက်ခဲ လွန်းလှ လေပြီ။
ဖြစ်နိုင်လျှင် ပြစ်ပင် လှဲချ လိုက်ချင် မိပါတော့သည်။ သေပင် သေလိုက်ချင်မိတော့သည်။

YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...