စစ်ပွဲ တဲ့။
ယခု ဒီလောကထဲ တွင် နေထိုင် နေသူ မည်သူ မဆိုကြားဘူးသော စကားလုံးဖြစ်သည်။ကြိုက် နှစ်သက်သူ ရှိသလို မုန်းတီးသူလဲ ရှိသည်။
မကြားချင် သော် လည်း အ ကြားရ ဆုံးသော စကား လုံးလဲ ဖြစ်လေသည်။
သည် ခေတ်၊ သည်အချိန် တွင် အသက် ရှင် နေသူ များ သည် အနည်းနှင့် အများတော့ စစ်ပွဲ ဆိုသည်ကို မတွေ့မဖြစ် ကြုံတွေ့ဖူးကြသည်ချည်း ။တစ်ပွဲ နှစ်ပွဲ မှ အစပြု ၍ မရေ မတွက် နိုင် လောက်သော ရင်ဆိုင်ပွဲတို့ကိုလည်း ထပ်၍ ကြုံတွေ့ကြရမည် မှာ မချွတ်တည်း။
ဒါသည် ပင် သူတို့ နေထိုင် နေသော လောကကြီး ဖြစ် နေသည်။
အလျင် ကတော့ ထိုသို့ တိုက်ခိုက် နေရသည် မှာ အဓိပ္ပာယ် မရှိဘူး ဟူ၍ သူကိုယ် တိုင် တွေးမိဘူးသည်။
မှန်လဲမှန်ပါသည်။အကြောင်းကတော့ ကိုယ့်မြေကိုယ့်ရေ နှင့် မတင်းတိမ် နိုင်ပဲ သူတစ်ပါးအား အနှောက် အယှက် ပေးသော စစ်ပွဲတွေသာ ဖြစ်သောကြောင့်ပင်။
ထို့သော်ယခုတော့ ထိုသို့ မဟုတ်တော့။
ကိုယ့်မြေကိုယ့်ရေ ကိုကျူးကျော် နေကြသည့် မိစ္ဆာ အယုတ် တမာ တွေအားတိုက်ထုတ် နေရသည်မို့ သူ့ ရဲ့ဓား ကိုယ် တိုင်ပင် သင်းတို့၏ သွေးကို သောက်ရန် အဆင်သင့်ဖြစ် နေပြီ။
သူကိုယ်တိုင်ကပင် လိုလို လားလား ထိုစစ်ပွဲဆိုသော စကားလုံး တွင် ပျော်ဝင်လာရပါပြီ။
သူတို့ မတရား တိုက်ခိုက် နေတာ လုံးဝ မဟုတ်ရ။
ကိုယ့်တိုင်းပြည်ကို မသမာ သူ တို့ရဲ့လက် မှ ပြန် လုယူ ရခြင်းမဟုတ်ပါလား။သတ္တ ရသည် မလှမ်းမကမ်းရှိ မြို့ရိုး အောက် က မီးခိုးငွေ့တစ်လူလူကို ကြည့်ကာ သဘောကျစွာပြုံးလိုက် မိ၏။
ကောင်းကင် ထက် မှ ပျံ့လွင့်လာသော သွေးမိုး တွေကို ခေါင်းမော့၍ တစ်ဝကြီးအားရပါးရ သောက်သုံးပြစ်လိုက်သည်။
နှင်းမှုန် တွေကျသလို အဆတ် မပြတ် ကျလာသော အလောင်းတွေကို ပျော်ရွှင်စွာပင် ထိုင်ကြည့် နေလိုက်၏။"အဟက်….. "
တစ်ဖွဲ့….. နှစ်ဖွဲ့…. သုံးဖွဲ့……
ယခု လေးဖွဲ့ မြောက် သည် တိုင်အောင် နာရာဇ ခင်းယျန် ဘက် မှလွှတ် သော ဂဠုန် တပ်သားတို့သည် သူတို့ ၏ မင်္ဂလာ ဇေယျာ မြို့ရိုးအား မည်သို့ မျှ ထိုးမဖောက် နိုင်ပဲ ရှိလှ၏။
ကြာသော် ဒီနေရာ မှာပင် ဂဠုန်တပ် များ မျိုးသုန်းနိုင်သည် အထိ ပင် ဖြစ်လေတော့မည်။
ကောင်းပါသည်။
သည် နေရာ မှာ တင် မျိုးတုန်းသွားတော့လဲ အလွန်တစ်ရာ မှ အားတက်ဖွယ်သောကိစ္စဖြစ်သည် မဟုတ်ပါလား။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...