ညီလာခံ နန်းရင်ပြင်တစ်ခုလုံးသည် အပ်ကျသံမျှပင် မကြားရ တော့။
အရာ အားလုံးသည် ခေတ္တ ခဏ တိတ် ဆိတ်ငြိမ်သက်လို့သွားကုန်၏။သို့ပါသော်လည်း ငြိမ်းချမ်းမှုကို အစပျိုးရာ မဟုတ် မကြာခင် ကြီးမားပြင်းထန် လှသော မုန်တိုင်းကြီးတစ်ခု တိုက်ခတ် တော့မည့် လက္ခဏာပါတည်း။
သတ္တရ ကိုယ်တိုင်လဲ နာဂ ပြောလိုက်သည့် စကားမှာ အံ့ဩမှင်တက်လျှက် ဆွံ့အလို့နေပါသည်။
ခမည်းတော်က တော့ ငြိမ်ငြိမ်ပင် သလွန်တော် ထက်မှာ မထိုင်နိုင်တော့စွာဝုန်းကနဲ ထရပ် ၍ ဒေါသ ခက်ထန်သည့် မျက်ဝန်းများနှင့် ညီလာခံ တစ်ခွင်လုံးအားကြည့်လို့နေသည်။
သက်ပြင်းကို ချရင်း နာဂ က တိတ်ဆိတ် မှုကိုဖြိုခွင်းလိုက်၏။
သူ့ရဲ့ မျက်လုံးတွေကို တည့်တည့်မတ်မတ်ကြည့်လာကာ...."အရှင့်သား....
ကျွန်ုပ် နဲ့ သင် နဲ့ ဘယ်သူက အရပ်ပိုရှည် သလဲ....
အကောင်အထည် ပိုကြီးမားသလဲ....
လိုအပ် ရင် တိုင်းကြည့်ဦးမလား.... "ဖြုန်းခနဲ ဆိုသလို မေးချလိုက်သော နာဂ ရဲ့ မေးခွန်းကြောင့် သူ့မှာ အံ့ဩနေသည့်ကြားမှပင် ဘာဖြေလို့ဖြေရမှန်းမသိအောင် မှင်တက်လို့သွားရပါသည်။
ထိတ်လန့် တုန်လှုပ်နေကြသူတွေမှာလဲ ထိုမေးခွန်းကြောင့် ရုတ်တရပ် ပြုံးစိစိ ဖြစ်ကုန်ကြ၏။
သူကတော့ နာဂကို သေချာကြည့်ကာသာ တွေးတွေးဆဆဖြင့်....."သင် .... သင် ပိုပြီး အရပ်ရှည်မယ်ထင်ပါတယ် နာဂ.....
ပြီးတော့ အကောင်အထည် လဲ ကျွန်ုပ် ထက်ပို ပိုကြီးမယ်လို့ ထင် ထင်တယ်....
အနည်း အနည်းငယ်ပေါ့.... ""ကောင်းပြီ အနည်းငယ်ပဲဖြစ်ပါစေ....
ကျွန်ုပ် ညက သင့်ကို ကွယ်ပြီးတော့ရပ်နေတာ.... သင်နဲ့မျက်နှာချင်းဆိုင်ပြောနေတာ.....
သင်က လေးပြစ်သမားနဲ့ တည့်တည့် မတ်မတ်အခြေအနေမှာ ရှိတယ်....
ကျွန်ုပ်ကတော့သူ့ကိုကျောပေးလျက်သားပေါ့..... ""မှန်ပါတယ်နာဂ..... "
"ကောင်းပြီ ဒါဆိုရင် ဒီလောက်ပြစ်ကွင်းရှင်းနေတာကို သူကျွန်ုပ်ကို တစ်ကယ် လုပ်ကြံချင်ရင် ကျောနောက်တည့်တည့် ဝင်စိုက်အောင်လုပ်လို့ရတယ်.....
သတိပေးစာ တစ်ခုခု ပို့ ချင်လို့လို့ပြောရအောင်လဲ မြှားတံမှာ ဘာစာ မှ စိုက်ပါလာတာ မတွေ့ဘူး....
ပြီးတော့ နောက်ဆုံးတစ်ချက်.....
ကျွန်ုပ်ရဲ့ လက်မောင်ကို ဖြတ်သွားတဲ့မြှားတံရဲ့ ဦးတည်ချက်ဟာ တစ်စောင်းစိုက်ဝင်နေတယ်...... "
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...