Season 1-Part 23(Z)

122 9 2
                                    

ဇေယျာသိင်္ခ မြို့ တော် တစ်ဝန်းလုံး တွင် တိုင်းသူ ပြည်သား လူအများ တို့သည် ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။
အမှန်ကတော့ပြေးလွှားနေကြခြင်းပါ။
စိုးရိမ်တကြီး နှင့် မြို့လယ်ခေါင်ကို ပတ်ကာ အငွေ့တစ်ထောင်းထောင်းထွက် နေသော တဲအိမ် ဝါလေးတွေကို အထပ်ထပ်အခါခါ ပတ်နေခြင်းပါ။
အုံ့မှိုင်း နေသော မိုးကောင်းကင်ကြီး ၏ အောက် တွင် လေပြင်း များက ခြံရံတိုက်ခတ် လျှက် အဘယ်အတွက်ကြောင့် ဤ မျှ လောက် ကြမ်းတမ်းနေရပါသနည်း။
တိုင်းသူပြည်သားတွေကရော အဘယ်အတွက်ကြောင့် သည်လောက် ကြောက်လန့်တကြီး ဖြစ်နေရပါသနည်း။
အမှန်ကတော့ ရှင်းပါသည် အဆွေ။

ထိုအချင်းအရာကို သိချင် လှရင် ဖြင့် မည်သူ့ကို မျှ မမေးပါနှင့်။
ဒေါသတွေပေါက်ကွဲတော့ မလိုဖြစ်ကာ လူတိုင်းကို ဝါးချင်စားချင်သလို ဖြစ် နေကြသော ဂဠုန်သိင်္ဒ နှင့် ယက္ခဘုရင် နရဇယျန် ၏ အရှေ့ တွင် ထို အကြောင်းကို မည်သူက တစ်ခွန်းဟ ရဲပါမည်နည်း။
ထို့အတွက်ကြောင့် မေးရင် လဲ မထူး။
ဖြေကြမည် လဲ မဟုတ်ပါ။

သို့ပေမဲ့ လူတို့၏ သဘာဝအတိုင်း တစ်ချို့ သိသင့်သည့်ကိစ္စ တွေကိုကျတော့ မသိချင်ကြ၊ မသိချင်ပါနှင့် ဆိုတာကိုမှ သိချင်လွန်းနေသည့် သဘော ရှိသည် မဟုတ်ပါလား။
နောက်ကျမှ သည် နေရာကို ရောက်လာကြသူတွေက အချင်းချင်း လက်တို့မေး နေကြသည်။
အရင် ရောက် နှင့်ပြီး အလုံးစုံကို မသိလိုက်သူတွေကလဲ ထို အရာ ကို မျက်စပြစ်၍ ၊ လက်ဟန်ခြေဟန် ပြ၍ မသိမသာ အချင်းချင်းပြန် မေးနေကြလေသည်။
ကောင်းလေစွ။

ဘာဖြစ်မှန်းကို အကုန်အစင် သိသွားကြသူတွေထဲမှ မနေနိုင်သူတစ်ချို့ ကတော့ မေးမြန်းနေသူတွေကို လက်ညှိုးသာ ထိုးပြ ကြလေသည်။
မသိသူတွေကလည်း ပြူးပြဲ၍ ကြည့်ကြလေသည်။
ဘယ်နေရာပါလိမ့်။
အလို ။
မြို့လယ်ခေါင်ရှိ အပြစ်ကြီးပြု သူတွေအား ရက်စက်စွာကွပ်မျက် ရန် နေရာ ဖြစ်သည့် သူသတ်ကွင်း ပင် မဟုတ်ပါလား။
သေသေချာချာကြည့်လိုက်မည် ဆိုပါလျှင်
ထိုကွင်းကြီး ၏ အလည် အူတိုင်တည့်တည့်ရှိ အဖမ်းဆီး ခံ နေရပြီး မိန်းမသားတန်မဲ့ နှိပ်စက် ခံရရှာသော စန္ဒရီ သိင်္ဒ ဆိုသူ ဂဠုန်ပြည်၏ တစ်ပင်တိုင် မင်းသမီး နှင့် သူမ၏ ကိုယ် ရံတော် ဂေါယာသိင်္ဒ တို့သည် ရှိရမည့် နေရာ တွင် မရှိကြတော့ပါတကား။

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now