"ဒီ ဘိသိတ် ပွဲကို တက်ရောက်တဲ့ လူတွေထဲကရော မဖြစ်နိုင်ဘူးလား ကြင်ယာတော် အရှင် ..... "
လူ အုပ်ထဲ မှာ ရဲဝံ့စွာထွက်ပေါ်လာသော အသံတစ်ခုကြောင့် အခန်းထဲရှိလူ ကုန်မှာ တွန့်ခနဲ တုန်လှုပ် လျှက် ထိုလျှောက်တင်သူအားလဲ မေတ္တာ ခမ်းတော့ မည် မှာ မလွဲပေ။
သို့သော်" ဒီအခန်းထဲ က လူတွေ "ဆိုသည့် စဥ်းစားချက်မှာ လူတစ် ယောက် မရှိသော ကြောင့်မဖြစ်နိုင်ပေ။
သတ္တရရာဇေ,သူကတော့ ထို သူဟု ပဲစွပ်စွဲချင်သည်။ သူတို့၏ တစ်စုံတစ်ခုအတွက်
အဖြေရှာနေခြင်းက တော်တော်ကို ဝေဝါးနေပြီဖြစ်သည်။"ဣန္နရာဇေ ဘယ် မှာလဲ..... "
နာဂ ၏ နှုတ် မှ ထွက်လာသော စကားသံကြောင့် သူတို့ နှစ်ဦး အတွေးတူ နေမှန်းကိုသိလိုက်ရ၏။
ညီတော်ဂါတ္တရ ရာဇေ က လည်း ကိုယ်တိုင်ပင် ထိုသို့ တွေးထင် နေသည့် အလားသက်ပြင်းကိုရှိုက်ရင်း ခေါင်းခါ ရမ်းပါသည်။"ကျွန်ုပ် သူ့ကို ဒီမတိုင်ခင် တစ်ရက် ကပဲ ယက္ခနန္ဒ ကို သွားမဲ့လမ်းမှာ တွေ့လိုက်သေးတယ် ..... နာဂရာဇေ အရှင် ခိုင်းထားလို့ သွားရမယ်လို့ပြောတယ် ဘုရား....."
ညီတော် နန်းသျှင် ကဝင်ပြောသည်။
ညီတော် ပြောမှ ပင် ပို၍ စဥ်းစားရကျပ်ကုန်ပြီ ထင်၏။
တစ်ကယ်လဲ နာဂက ဒီမတိုင်ခင် "ဣန္နရာဇေ" အား ယက္ခနန္နာသို့ လွှတ်လိုက်ခြင်းကြောင့်ပါပင်။အဲ့တာကလည်း သူတို့ကိုယ် တိုင် တောင် ဘာဖြစ်လို့ ဘိသိတ်ပွဲနီးခါနီးမှ လွှတ်ရသနည်းဟု နားမလည် ခဲ့သည် အထိ နာဂသည် ဣန္နရာဇေကို အလျှင်စလို သွားခိုင်းခဲ့တာဖြစ်သည်။
အဲ့ဒိကတည်းက နာဂသည် ဣန္နရာဇေ ၏ အပြုအမူ များကို သံသယ ဝင်ခဲ့သည်လား။
သူကတော့ ကျမ်းတော်ကြီးအားဖတ်ပြီးချိန်မှသာ သိရှိရခဲ့ခြင်းဖြစ်ပေသည်။
သို့သော် ယခု ဒါသည်ပြဿနာ မဟုတ်။
ပြဿနာ က ညီတော် ပြောပုံအရဆိုလျှင် ဣန္နရာဇေ သည် တစ်ကယ်ကို ယက္ခနန္နသို့ သွားရောက် နေခြင်းဖြစ်၏။
ဤသို့ဆိုလျှင် အခုအချိန် တွင် သူတို့အဖြေရှာနေသည့် နာရာဇ ခင်းယျန်ကိုချည်ထားသော သံကြိုးတွေ အား မသိမသာလွှတ်ထားပေးမှု နှင့်ခုနကလေးမှ နာဂ အား ဘိသိတ်နေရာအထိ ရအောင် လုပ်ကြံခြင်းသည် မည်သူက ဦးဆောင်၍ ပြုလုပ်ပါသနည်း။
နာဂါနာဂန္တထီးနန်း အတွက် နောက်ထပ် တစ်စုံတစ်ရာသော အန္တာရာယ် များ ရှိလေသလား။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...