ကျွန်တော့် ရဲ့ အနုပညာ နဲ့ ပတ်သတ် တဲ့ ဝါသနာ၊ မြတ်နိုးခြင်းတွေထဲက တစ်ခု ဖြစ်တဲ့ စာရေးသားခြင်းမှာ ဒုတိယ မြောက် ဝတ္ထု တစ်ပုဒ်ကို အပြီးအထိ သေသေချာချာ စိတ် နှစ် ရေးသားနိုင်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်မိပါတယ် ခင်ဗျာ။
ဒီခရီးလမ်းမှာ ကျွန်တော် ကျေးဇူးတင်ရမဲ့လူတွေ အများကြီးရှိခဲ့ပါတယ်။
ဒီနေ့ ပေါ်လာရခြင်းက အဲ့ဒိ လူတွေကိုကျေးဇူးတင် စကားပြောရင်း နဲ့ တတိယ မြောက်ဖန်တီးမှု အတွက်လဲ ပြောပြချင်လို့ဖြစ်ပါတယ်ခင်ဗျာ။ပထမဆုံး ကျွန်တော့် ရဲ့ စာဖတ်ပရိသတ် ဖြစ်ပါတယ်။
တစ်ယောက်ပဲဖြစ်ဖြစ် နှစ်ယောက်ပဲဖြစ်ဖြစ် ဒါမှမဟုတ် များပြားတဲ့ပမာဏပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ စာကို သေသေချာချာ ဖတ်ပေးခဲ့ကြတဲ့ စာဖတ်ပရိသတ် က ကျွန်တော့် အတွက် အသက် တစ်ခုလိုပါပဲ။
စာဖတ်သူ မရှိပဲ စာရေးသူဟာ ရပ်တည်လို့မရနိုင်ပါဘူး။
ဒါကြောင့်ကျွန်တော် ဟာအများကြီးရပ်တည်နိုင်ဖို့ ခင်ဗျားလေးတို့ကို အများကြီးအားကိုးခဲ့ရပါတယ်ခင်ဗျာ။ကျေးဇူး အများကြီးတင်ပါတယ်။
အကယ်၍ ကျွန်တော့် မှာအမှားတစ်ခုခု ရှိခဲ့ရင် သည်းခံ ပြီးခွင့်လွှတ်ပေးကြပါလို့ ပြောရင်း နဲ့ ရှိခိုးဦးချ ဂါရဝ ပြုပါတယ်။ဒုတိယ ကျွန်တော့် ရဲ့ ဆရာကြီးများပါ။
ကျွန်တော်က အဲ့ဒိဆရာ ကြီးတွေဆီမှာ စာရေးသားခြင်းကိုသင်ခဲ့ဘူးလို့မဟုတ်ပါဘူး။
ဒါပေမဲ့ ဝသုန် စရေးကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။
ကျွန်တော်ဟာ သူတို့ ရဲ့ ဝတ္ထု တွေကိုအများကြီးဖတ်ခဲ့တာ မို့လို့ စာရေးသားခြင်းနဲ့ပတ်သတ် လာရင်သူတို့ ဟာကျွန်တော့် ရဲ့ မြင်ဆရာ များပါပဲ ခင်ဗျာ။သူတို့ ကျေးဇူးကြောင့်ပဲ ကျွန်တော် ဒီလို ဝတ္ထုတွေကို စိတ်နှစ်ပြီး ပုံဖော်နိုင်ခဲ့တယ်ထင်ပါတယ်။
ဆရာကြီးများ( ဆရာချစ်ဦးညို၊ ဆရာတာတေ၊ ဆွေမင်း ဓနုဖြူ၊ ဆရာမ ပုညခင်၊ ဆရာကြီး နတ်နွယ် ၊ မိမန်းလေး(တောင်ငူ)၊ဆရာ သိုးဆောင်း) စသဖြင့်စသဖြင့် ကျွန်တော့်စာအုပ်စင်မှာရှိနေတဲ့ စာအုပ် တိုင်းက ဆရာ တွေဟာကျွန်တော့်ရဲ့မြင်ဆရာများပါပဲ။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...