အထက်ကောင်းကင် အဇဋာ တစ်ခွင်သည် မိုးသားမိုးပေါက် တို့ မှုန်မှိုင်း စိုစွတ်လျှက် တိမ်ညို တိမ်မဲတွေဖြင့် ဖုံးအုပ်ကာထား၏။
တစ်ခါတစ်ရံတွင်ကောင်းကင်ထက် ဆီမှ
"ဂျိန်းဒလိန်း "အစရှိသော မိုး၏ ခေါ်သံ တို့ကိုလဲ ကြားရတတ်သည်။
အဖြူရောင် လျှပ်ပန်းလျှပ် နွယ် တို့အားလဲ မြင်ရတတ်ပါသည်။မကြာခင် အချိန်အတွင်းမှာ ကောင်းကင် ကြီးရဲ့ မျက်ရည် တွေဟု တင်စားခေါ်ဝေါ်ကြသော မိုးစက်မိုးမှုန် တွေသည် ဇေယျာသိင်္ခ နေပြည် တော် တစ်ဝိုက်ကို ဖြန့်ပက် ကျဆင်းလာပေတော့မည်။
"ဖျောက် .. ဖျောက် ... ဖျောက်! "
အလို။
ပြော၍ မျှပင် မဆုံးသေး တစ်ကယ်ကို ကျလာပါပြီကော။
"ကောင်းကင် ကြီးရဲ့ မျက်ရည် ဟု တင်စားခေါ်ဝေါ်ကြသည့် မိုးစက်မိုးပေါက် တွေ"
ကျလာပါပြီကော။
မြေပြင် ပေါ်ရှိ ကျောက်ခဲ တို့ နှင့် ထိတွေ့ပြီးထွက်ပေါ်လာတဲ့ တစ်ဖျောက်ဖျောက် အသံက စိတ်နှလုံးကို အေးချမ်းစေလှပါတကား။
သစ်ရွက်စိမ်းတို့အပေါ်တွင် တင်နေသော ရေစက်ရေပေါက်လေးတွေကိုကြည့်ရသည် မှာ အလွန်တစ်ရာမှ စိတ်ကို ပျော်ရွှင် အေးမြ စေလှပါတကား။
မှိုင်းညိူ့ မှုန်ရီသောကောင်းကင် ပြင် နှင့် အကြည်ရောင် မိုးစက်ကလေးတွေ ကိုကြည့်ရသည် မှာ လွမ်းမောဖွယ် ကောင်းလှပါသည် တကား။ဒီမိုးတွေသည် ကောင်းကင် ကြီးရဲ့ မျက်ရည် စက် တွေဆိုလျှင် ကောင်းကင် ကြီးက ဘာဖြစ်လို့ များ ငိုရတာပါလဲ။
'ဝမ်းနည်းလို့များလား....
ဒါမှမဟုတ် ပျော်ရွှင်လို့များပေလား..... 'ဝမ်းနည်းလို့ ကျသော မျက်ရည် တွေတော့မဖြစ်စေချင်ပါ။
မည်မျှပင်ပန်းရမှန်း သိတာကြောင့်ပါပင်။သတ္တရ ဇေယျာသည် ကောင်းကင်ပေါ်က မိုးစက်မိုးပေါက် တွေကို မျက် နှာပေါ် တွင် ခံယူလိုက်ရင်း မှ မျက်လုံးကိုစုံမှိတ်ချလိုက်ပါသည်။
ကောင်းကင်ရဲ့ မျက်ရည် စက် တွေနှင့် သူ၏ ပါးပြင် ပေါ်မှ မျက်ရည် စက်တွေ နှင့် ရောနှော ယှက်တင်လို့ သွားကြကုန်၏။
အရေပြားပေါ်မှ အေးစက် သောအထိအတွေ့ကြောင့် နှလုံးသားထဲက ပူနွေးစိုစွတ်မှုတွေ နှစ်ဆပိုခံစားလာရသလိုဖြစ်သွား ရသည်။
နံဘေးမှ တရန်းကတော့သူ့ကိုကြည့်၍ နာကျင် နေမည်လား၊
သနားနေမည်လားမပြောတတ်ပါ၊
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...