Season 1- Part 20(U)

999 70 14
                                    

"သမီးတော် သင် အဲ့ဒိကို ဘာသွားသွား လုပ် နေတာလဲ….. "

ရွာတော့မည် မိုး ရဲ့အုံ့ဆိုင်း နေသော မနက်ခင်းတစ်ခု ကြားမှာ မိုးကြိုးသွားတစ်ခု လို ဟိန်းကာ  ဖခမည်းတော် ၏ အသံကထွက်ပေါ်လာခဲ့သည်။
စန္ဒရီသိင်္ဒသည် လက်နှစ်ဖက်ကိုစိတ် လှုပ်ရှားစွာ  ဆုပ်ကိုင် နေရာ မှ ဒူးထောက်ကာ ထိုင်ချလိုက်မိပါသည်။
ဖခမည်း တော်၏ မျက်လုံးတွေပြူးကျယ် ဝိုင်းစက်သွားပြီး သူမရဲ့ပုခုံးတွေကို တွဲထူ ဖေးမ၏။ 

"ထပါ…. သမီးတော်….. သင် ဒါဘာလုပ်တဲ့အပြုအမူလဲ…… "

"စန္ဒရီ….. စန္ဒရီ…… ဖခမည်းတော် ကိုတောင်းပန်နေတာပါ……
ခွင့်ပန်နေတာပါ….
ဖခမည်းတော် အမြဲ ပြောလေ့ရှိတယ် ဇေယျာသိင်္ခ ကို ဆက်သလိုက်ရတဲ့အတွက်ငါ့သမီးတော် လေးရဲ့ မျက်နှာကို ကြည့်တိုင်းအားနာစိတ်ဖြစ်နေရတယ် ဆို……
သမီးတော်ကို အလို ရှိရာ ဆုတစ်ခုတောင်းခွင့်ပေးမယ် ဆို…..
တစ်ခြားမတောင်းဆိုပါဘူး ဖခမည်းတော် …..
စန္ဒရီ "အရှင်မ"ကို မသတ်စေချင်ဘူး….. ကျေးဇူး ပြုပြီး သူမကို မကွပ်မျက်လိုက်ပါနဲ့….. "

"စန္ဒရီ အခုသွားသွားတွေ့နေတယ် ဆိုတာလဲ အဲ့တာပါ ….
အရှင်မ ကွပ်မျက်မခံရခင် အချိန်ကလေးမှာ အရှင် မရဲ့မျက်နှာကိုကြည့် ချင်လို့ ….. အားအင် တွေပေးချင်လို့ပါ…….
ကျေးဇူးပြုပြီး သူ့ကို သူ့ကိုမကွပ်မျက်လိုက်ပါနဲ့နော်…… "

"အရှင်မ ဟုတ်စ..... "
ဖခမည်းတော် ရဲ့ အသံသည် ဟိန်းရာမှ တိုးဝင်သွားသည်။
လှိုင်းတန်ပိုးထနေရာမှ ငြိမ်သက်လို့ သွား၏။
ရန်သူကို အရှင်မလို့ဆက်ပြီးခေါ်နေခြင်းအပေါ်ဘာကိုမှနားမလည်နိုင်တော့သလို၊နားလည်ရန်လဲမကြိုးစား တော့ သလို မျိုးပါပင်။
ပြီးတော့သူမရဲ့မျက် နှာကိုကြည့်ကာ အားရပါးရရယ် ချလိုက်ပါတော့သည်။ 
သူမ ဘာတစ်ခုမှ မပြောပါ။
ထိုအခြင်းအရာကို ဆုံးအောင်သာ ထိုင်ကြည့်နေဖြစ်သည်။
သူမတွင်ဘာမှလုပ်နိုင်သည့် စွမ်းအင်မရှိတော့။
အမှန်အတိုင်းဆိုရပါလျှင်မူ ကံတရားဆိုသောစကားလုံးသုံးလုံးအတွက် ခံနိုင်ရည် မရှိတော့ခြင်းပါ။

ဖခမည်းတော်သည် ရယ်မော နေရာမှ ချက်ချင်း ရပ်တန့်၍ သူမ ရဲ့ မျက်ဝန်းတွေအားနီးကပ်စွာဆိုင်ကြည့် ရင်း.....

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now