Season 2-Part 11(U)

387 29 9
                                    

"ကျွန်ုပ် ကျွန်ုပ် သွားတော့မယ် နော် သတ္တရ….. အရမ်း အရမ်း အလွန်အကျွံမတိုက်ပါနဲ့နော်……"

နာဂရာဇေ ၏ မြင်းပေါ်မှ နောက်ဆံတင်းနေသောမျက်ဝန်းတွေကိုမြင်နေရသည်။
စစ်ပန်းသည့်ဒဏ်ရာဒဏ်ချက်ကြောင့်အနားယူ အိပ်စက် နေကြသည့် စစ်တပ် များသည် သူ့တဲနန်း၏ အနောက်ဘက် တာင်ဘက် တံခါးဝဆီက ညင်သာသောလှုပ်ရှား မှုများကိုမြင်နိုင်ကြမည် မဟုတ်ချေ။
လွန်ခဲ့သော သုံးရက် ခန့်က နာဂရာဇေ ဒီနေရာကိုရောက်လာပြီး သူက ချက်ချင်းမပြန်ခိုင်းပဲ အနားယူခိုင်းကာ အစီအစဥ် တွေကိုအသေးစိတ် ထပ်၍ တိုင်ပင် ခဲ့ကြ၏။
တရန်း ဦးဆောင်လာသော အလယ်တပ်မကြီး သည်လဲ တစ်ဖြည်းဖြည်း နှင့် သူတို့ စခန်း နဲ့တောင် နီးလာပြီ ဖြစ်သည်။
သို့သော် တရန်းတို့၏ တပ်မကြီးရှိမှန်းနာရာဇ ခင်းယျန် တို့ မသိစေချင်တာကြောင့် တပ်မပေါင်းခိုင်းခဲ့။

နာရာဇ ခင်းယျန်လို လှည့်စားမှု များ သူက ယခုလို သူတို့ ၏ တပ်နည်းနည်းလေးက ပဲတိုက်ခိုက် နေသည်ကို သံသယရှိလောက်မည် အမှန်ဖြစ်သော်လည်း မည်သည့်ဗျူဟာ နှင့် သုံးနေမှန်းကိုတော့ သိ၍ မရပေ။
ထို့အပြင် အတွင်းမှ ခံတပ်တံခါးကိုလဲအသေပိတ်ကာ ခွေးတစ်ကောင်ကြောင်တစ်မြှီးမှ အပြင် မထွက် ရခြင်း ကြောင့်ရော မည်သူ့ကိုမျှ ဝင်ခွင့်မပေးတာကြောင့်ရော တော့ သူတို့၏ အကြံ အစည်ကိုသိပုံမပေါ်။
အထောက်တော် တွေရှိမှာ တော့သေချာပေသည်။
သင်းတို့ကိုတော့ သေသေချာချာသတိထားရပေလိမ့်မည်။

အသက်ကို တစ်ဝကြီးရှူသွင်းလိုက်ရင်း မြင်းညို ကြီး၏ လည်ဆံမွှေးအား ပွတ်သပ် လိုက်မိသည်။
ယခု နာဂရာဇေ ၏ အပြန်ခရီးကို လိုက်လံကြည့်ရှုသူမှာ သူနှင့် သေနာပတိချုပ် ရှင်းရန်ရာဇေသာလျှင်ဖြစ်ပေသည်။
နာဂရာဇေ က သူ့ကို စိတ် မချဟန် ဖြင့် နောက်ဆံ တင်းနေပုံရ၏။
နာဂရာဇေအားပြုံးကာ ကြည့်ရင်း ခေါင်းညိမ့်ပြလိုက် ပါသည်။

"စိတ် မပူပါနဲ့……. ကျွန်ုပ် သင့်ကိုကတိပေးထားခဲ့တယ်လေ…… ပြီးတော့ အလွန်အကျွံလဲ မဖြစ်စေရပါဘူး…… "

"အင်း အင်းပါ သတ္တရရယ်……
တစ်စုံတစ်ခု ဆိုရင်ကျွန်ုပ် ချက်ချင်းခြေမြန်တော် တွေနဲ့ ပေလွှာပါးပါ…… အနီးအနားမှာရှိနေတယ်ဆိုတာ မမေ့ပါနဲ့.......
ကျွန်ုပ် တို့ရဲ့ နာဂန္တကျမ်းတော် ကိုလဲ ဖတ် ရတော့မယ် မဟုတ်လား........
ပြီးတော့ သေနာပတိချုပ် သင့်ရဲ့ အရှင်ကို ……"

နာဂသျှတ္တိရ-Once Upon A Time{U+Z}Where stories live. Discover now