စစ်မြင်းဗုံသံ ခရာသံ တို့ ဖြင့် ကွင်းပြင် တစ်ခုလုံးသည် ဆူညံ ကြမ်းတမ်းလျှက် ရှိနေ၏။
တောက်ပ နေသော အဇဋာ ကောင်းကင် ပြာရဲ့အောက် ဝယ် ရွှေဝါရောင် အလံငယ် တို့ နှင့် နီညိုရောင် အလံ တို့ မှာ အတူတကွ တစ်ဝဲ ဝဲ လွင့် ထူ နေကြသည်။"ဓားလှံ အဲမောင်း ပေါက်ဆိန်"စသည် တို့ အားကိုင်ဆောင် ထားကြသော စစ်သည် သူရဲ များစွာ တို့ မှာလဲ ခန္တာကိုယ် တွင် ဒိုင်းကာ တစ်ခုမျှ မပါ။
အကာအကွယ် တစ်ခု မျှ မပါပါပဲ သူတို့ ရဲ့ မျက်နှာပေါ် တွင် စိတ်အားထက်သန်ခြင်း တွေက အပြည့် အသိပ် နှင့် ရှေ့တူရုကိုသာကြည့်ရှုနေကြ၏။ကျယ်လောင်တုန်ဟီး ကာစီးချက် ပြင်းလှသော စည်တော် ဗုံသံ နှင့်အတူ သူတို့ ရဲ့ ဓားလှံ လက် နက် တွေကို မြေပြင် တွင် ကိုင် ဆောင့် နေကြသံ မှာ ကမ္ဘာ လောကတစ်ခွင် မှ အစပြုလို့ ဘဝဂ်သို့ တိုင်အောင် ကြားစေလောက်ပါသည်။
နေရောင် ခြည် နှင့် လှံသွား တို့ ထိတွေ့ မှုကြောင့် မိုးထက်သို့ လှံတံကို ထောင်လိုက်တိုင်း အဆုံးမရှိသော တံလျှပ်ပြင် ကျယ် လို ဖြစ်နေစေသည်။
ထောင်ပေါင်းသောင်းပေါင်း မြောက်မြားစွာသော တပ် တို့ နေရာယူထားသည့် ဇေယျာသိင်္ခ ကွင်းပြင်ကျယ်ကို ကြည့်ရင်း သတ္တရ ဇေယျာ မျက်လုံး ကို အလုပ်ပေးနိုင်သမျှ အလုပ်ပေးထားမိပါသည်။
အာရုံကို စိုက်နိုင်သမျှ စိုက်ထားလိုက်ရပါသည်။အဘယ်ကြောင့် ဆိုပါသော် ယခု အချိန် တွင် သူသည် ဘယ်အရာကို မှ ခေါင်းထဲထည့် ၍ မရလောက်အောင် ပူဆွေးသောက ရောက်နေရခြင်းကြောင့်ပါပင်။
ဆရာကြီး ယောဇယံ မျက်ကွယ်ပြုသွားခဲ့ပြီ။
ဒီထက်ပို၍ ဆရာကြီးသည် အဖြေ ရှာ ၍ မရသော ပုစ္ဆာ တစ်ပုဒ်အားလည်းသူတို့ ရဲ့ ဇေယျာသိင်္ခ တစ်ပြည် လုံး ကို ချန် ထားခဲ့ပါသည်။နံရံပေါ်တွင် ဆရာကြီးရေးခဲ့သော
စာတွေ။ချစ်ရသူ ရဲ့ကျိန်စာ ဆိုသည့် အဓိပ္ပာယ်တွေ။
ရွှေရောင်ထုတ်တန်းပေါ် တွင် ကြိုးအနီလေး တစ်ခုကို တင်ကာ ကိုယ့်လည်ပင်းကိုယ် ရစ်သိုင်းလျှက် ဘဝကို အဆုံးသတ် ခဲ့သော မြင်ကွင်း ။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
أدب تاريخيဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...