"နာဂ ကျွန်ုပ် ရှိတယ်.... ကျွန်ုပ်ဒီမှာ နာဂ...."
"အချစ် ... အချစ် သင်ဘယ်မှာလဲ.... "
"နာဂ နာဂ ကျွန်ုပ် ရှိပါတယ်နာဂ..... "
နှလုံးသား ရဲ့ ခိုင်းစေမှုသည် ဤကမ္ဘာလောကကြီးပေါ်တွင် အပြင်းထန် ဆုံးသော အမိန့် တစ်ခု လို့သာဆိုချင်ပါသည်။
တစ်ဘဝ လုံးရေခဲတုံးသဖွယ် အေးစက်၍ အဖော်မဲ့ခဲ့သော သူသည် အိမ်မက် ထဲ မှာ ပင် တွေ့ရမည် ဟု ထင် ခဲ့သောသူ၊
နှလုံးသားတစ်ခုလုံးကိုဖမ်းဆုပ်ထားနိုင် သူအား အပြင်မှာ မြင်တွေ့ရချိန် တွင် ချစ်ခြင်းမေတ္တာ ဆိုသည့်စကားမှ အပ မည်သည့် စကားကိုမျှ အမှတ် မရမိပါပေ။ထူးတော့ထူးဆန်းသည်။
ချစ်ခြင်းမေတ္တာ တဲ့လား။
ထိုချစ်ခြင်းမေတ္တာတရားကြောင့်ပဲ နာဂကို တွေ့ရသည် မှာ ဘာမှ မကြာသေးသော်လည်း တစ်စက် မှ စိမ်းသက် မနေတာဖြစ်လောက်မည်။တစ်စက်ကလေးမှကြောက်ရွံ့မနေတာဖြစ်လောက်မည်။
အတော်ကိုတန်ခိုးအနန္တကြီးမားသောအရာပါပင်။
မည်မျှ အထိ တန်ခိုး အနန္တ ကြီးမားသည် လဲ မသိရ ။ အခုပင် ကိုယ့်ကိုယ်ကိုယ်တောင်မသိလိုက်ပါပဲ အိမ်မက် ထဲမှ ထိုနဂါးမင်းသားလေး ခိုင်းစေသည့် အတိုင်း အကုန် လိုက်လုပ်မိသည် မဟုတ်ပါလား။"အချစ်.... အချစ်.... "
"နာဂ နာဂ! ကျွန်ုပ်ဒီမှာပါဒီမှာပါနာဂ..... "
ဟော လုပ်မိပြန်ပါပြီ။
မသိလိုက်မိချိန်မှာပဲ နာဂ၏ လက်တွေအားဆုပ်ကိုင်ကာ ရင်ခွင် ထက် တွင် ကပ်ထားလိုက်မိပြန်ပါပြီ။နာဂ မျက်လုံးတွေ ဖွင့်ဟ လာ၏။
တုန်ယင် နေသော သူ့ရဲ့ ခန္တာကိုယ် ထက်တွင် ချွေးစေ ချွေးန တို့ တွဲခိုနေသည်။
သူ့ကို တုန်တုန်ယင်ယင် နှင့် မယုံနိုင်သဖွယ် ကြည့် နေပုံမှာ သနားစရာ ကောင်းလွန်းလှသည်။
ဒါတောင်မှ ခန့်ညားတည်ကြည် ချောမောမှုက မပျက်ပါပေ။ကိုယ့်ကိုယ်ကိုယ်တောင် နားမလည် နိုင်ပါပဲ ထိုသူ့ အပေါ် တွင် ချစ်ခြင်းမေတ္တာတို့ ယိုစီးကျနေမိပါသည်။
ထိန်းသော်လည်း မရ တား၍ လည်းမနိုင်ပါပေ။ချိတ်ဆွဲထားသော မီးတိုင်လေး ဆီမှ မီးရောင်မှိန်မှိန်သည် နာဂ ၏ တစ်ကိုယ်လုံးကိုဖြန့်ကျက် ထားပေး၏။
YOU ARE READING
နာဂသျှတ္တိရ-Once Upon A Time{U+Z}
Historical Fictionဟုတ်ကဲ့ Story description ကတော့ တန်ခိုးစွမ်းအင် ကြီးမားတဲ့ နတ်နဂါး မျိုး နွယ် တို့ရဲ့ အရှင် သခင် ဖြစ် တဲ့ နာဂရာဇေ.... လောကကြီး ဟာ အုပ်စု ကြီးလေးစု နဲ့ ကွဲထွက်သွားတဲ့ အခါ.... နတ်နဂါးမျိုးနွယ် .... လူသားမျိုးနွယ်..... ယက္ခမျိုးနွယ် နဲ့..... ဂဠုန် မျိ...